• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ေငြေၾကးပိုင္းအားနည္းမႈေၾကာင့္ ေရြးေကာက္ပြဲဆံုးနိမ့္ရျခင္းျဖစ္ဟု ZCD ပါတီေျပာ

ေငြေၾကးပိုင္းအားနည္းမႈေၾကာင့္ ေရြးေကာက္ပြဲဆံုးနိမ့္ရျခင္းျဖစ္ဟု ZCD ပါတီေျပာ

0
By Editor on November 12, 2020 Headline

#Unicode

By လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆုံးနိမ့်ရခြင်းသည် ငွေကြေးပိုင်း အားနည်းမှုရှိခြင်းကြောင့်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်ကပြောသည်။

“အဓိကတော့ ကျနော်တို့က ငွေကြေးကိစ္စပါပဲ ကျနော်တို့ ငွေကြေးအားနည်းနေတယ်လေ သူတို့က (NLD ပါတီ) မဲရုံကိုယ်စားလှယ်တွေရော ကော်မရှင်ရောပြီးတော့ အမျိုးမျိုးပေ့ါ မဲပေးမယ့်လူကိုတောင်ပိုက်ဆံပေးနိ်ုင်တယ်လေ ကျနော်တို့ကမပေးနိုင်ဘူးလေ ဒါပေမဲ့ တိုင်မယ်ပြောမယ်ဆိုရင်လည်း ငွေလက်ခံတဲ့သူက လက်ခံတယ်လို့မပြောဘူးလေ အထောက်အထားမရှိဘူးလေ ပြီးတော့ ပါတီအရှိန်အဝါကလည်းကြီးတာကိုး ဒေါ်အောင်ဆန်းစုကြည်က အရှှိန်အဝါကြီး တယ်လေ” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်တွင် မဲဆန္ဒနယ် (၉) နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် (၁) နေရာ စုစုပေါင်း (၁၀) နေရာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး တွန်းဇံမြို့နယ်တွင် ၂ နေရာသာအနိုင်ရခဲ့သည်။

တီးတိန်နှင့် တွန်းဇံမြို့နယ်သည် ZCD ပါတီ၏ အမာခံနယ်မြေဟုဆိုနိုင်သော်လည်း တီးတိန်မြို့နယ်၏ မဲဆန္ဒနယ်မြေအား လုံးနှင့် တွန်းဇံမြို့နယ်မှ မဲဆန္ဒနယ်မြေ ၂ နေရာတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

ဦးဂင်ကမ်းလျန်က “လွှတ်တော်အနေအထားမှာ တိုင်းရင်းသားပါတီရပ်တည်ချက်နဲ့ ပြည်မပါတီရပ်တည်ချက်က နည်းနည်းတော့ကွာတယ် သူတို့(NLD)က ပါတီရဲ့ ဦးဆောင်မှုအတိုင်း သွားနေရတာကိုး တိုင်းရင်းသားကိစ္စမှာ သူတို့ပြောခွင့်သိပ်မရှိဘူးလေ အဲဒီအပိုင်းမှာတော့ နစ်နာမှုရှိသွားနိုင်တယ်’’ ဟုပြောသည်။

ZCD ပါတီအနေဖြင့် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးပေါင်လွန်မင်းထန်တို့ နှစ်ဦးသာအနိုင်ရရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက တီးတိန်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တွင် (၆) နေရာဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။

#Zawgyi

ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးသြားခဲ့သည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ဆံုးနိမ့္ရျခင္းသည္ ေငြေၾကးပိုင္း အားနည္းမႈရွိျခင္းေၾကာင့္ဟု ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္(ZCD) ပါတီအတြင္းေရးမွဴး ဦးဂင္ကမ္းလ်န္ကေျပာသည္။ 

 “အဓိကေတာ့ က်ေနာ္တို႔က ေငြေၾကးကိစၥပါပဲ က်ေနာ္တို႔ ေငြေၾကးအားနည္းေနတယ္ေလ သူတို႔က (NLD ပါတီ) မဲရံုကိုယ္စားလွယ္ေတြေရာ ေကာ္မရွင္ေရာၿပီးေတာ့ အမ်ိဳးမ်ိဳးေပ့ါ မဲေပးမယ့္လူကိုေတာင္ပိုက္ဆံေပးႏိ္ုင္တယ္ေလ က်ေနာ္တို႔ကမေပးႏိုင္ဘူးေလ ဒါေပမဲ့ တိုင္မယ္ေျပာမယ္ဆိုရင္လည္း ေငြလက္ခံတဲ့သူက လက္ခံတယ္လို႔မေျပာဘူးေလ အေထာက္အထားမရွိဘူးေလ ၿပီးေတာ့ ပါတီအရွိန္အဝါကလည္းႀကီးတာကိုး ေဒၚေအာင္ဆန္းစုၾကည္က အရွွိန္အဝါႀကီး တယ္ေလ” ဟု ZCD ပါတီအတြင္းေရးမွဴး ပူးဂင္ကမ္းလ်န္ကေျပာသည္။

ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (ZCD) ပါတီသည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္တြင္ မဲဆႏၵနယ္ (၉) ေနရာ၊ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္တြင္ (၁) ေနရာ စုစုေပါင္း (၁၀) ေနရာ ၀င္ေရာက္ယွဥ္ ၿပိဳင္ခဲ့ၾကၿပီး တြန္းဇံၿမိဳ႕နယ္တြင္ ၂ ေနရာသာအႏုိင္ရခဲ့သည္။ 

တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္သည္ ZCD ပါတီ၏ အမာခံနယ္ေျမဟုဆိုႏုိင္ေသာ္လည္း တီးတိန္ၿမိဳ႕နယ္၏ မဲဆႏၵနယ္ေျမအား လံုးႏွင့္ တြန္းဇံၿမိဳ႕နယ္မွ မဲဆႏၵနယ္ေျမ ၂ ေနရာတို႔ကို လက္လႊတ္ဆံုးရံႈးလိုက္ရျခင္းျဖစ္သည္။ 

ဦးဂင္ကမ္းလ်န္က “လႊတ္ေတာ္အေနအထားမွာ တိုင္းရင္းသားပါတီရပ္တည္ခ်က္နဲ႔ ျပည္မပါတီရပ္တည္ခ်က္က နည္းနည္းေတာ့ကြာတယ္ သူတို႔(NLD)က ပါတီရဲ႕ ဦးေဆာင္မႈအတိုင္း သြားေနရတာကိုး တိုင္းရင္းသားကိစၥမွာ သူတို႔ေျပာခြင့္သိပ္မရွိဘူးေလ အဲဒီအပိုင္းမွာေတာ့ နစ္နာမႈရွိသြားႏုိင္တယ္’’ ဟုေျပာသည္။ 

ZCD ပါတီအေနျဖင့္ တြန္းဇံၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚက်ိန္ငိုက္မန္ ႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေပါင္လြန္မင္းထန္တို႔ ႏွစ္ဦးသာအႏုိင္ရရွိခဲ့ၾကသည္။ 

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတြင္ ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (ZCD) ပါတီက တီးတိန္းၿမိဳ႕နယ္ႏွင့္ တြန္းဇံၿမိဳ႕နယ္တြင္ (၆) ေနရာျဖင့္အႏိုင္ရရွိခဲ့ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.