• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ တပ္မေတာ္နဲ႕ တုိင္းရင္းသားလက္နက္ကုိင္ေတြရ့ဲ ျပသာနာ၊ အစုိးရက ၾကားထဲက ျဖန္ေျဖသူဆုိတာမ်ဳိး Active Role မယူတာမ်ဳိးျဖစ္ေနျပန္ယင္ ထူးထူးေထြေထြ မေမွ်ာ္လင့္ပါဘူး”

“ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ တပ္မေတာ္နဲ႕ တုိင္းရင္းသားလက္နက္ကုိင္ေတြရ့ဲ ျပသာနာ၊ အစုိးရက ၾကားထဲက ျဖန္ေျဖသူဆုိတာမ်ဳိး Active Role မယူတာမ်ဳိးျဖစ္ေနျပန္ယင္ ထူးထူးေထြေထြ မေမွ်ာ္လင့္ပါဘူး”

0
By Editor on November 17, 2020 Headline

#Unicode

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ တုန်းကလိုပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့မဲစာရင်းရလဒ်ထုတ်ပြန်ကြေညာချက်အရ NLD ပါတီဟာ အမျိူးသားနဲ့ပြည်သူ့လွှတ်တော်နှစ်ရပ် (ပြည်ထောင်စုလွှတ်တော်) မှာ အစိုးရဖွဲ့စည်းနိုင်တဲ့ မဲအရေအတွက်ထက်ကျော်လွန်ပြီး မဲဆန္ဒနယ် ၃၉၆ နေရာမှာအနိုင်ရှိခဲ့ ပါတယ်။ ဒါကြောင့် NLD ပါတီဟာ နောက် ၅ နှစ်တာသက်တမ်းအတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ အစိုးရဖွဲ့ခွင့်ရရှိ သွားပါပြီ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သဘောထားအမြင်ဘယ်လိုရှိပါသလဲ။ ရှေ့တိုးလို့မရဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အသစ်တက်လာမယ့် အစိုးရအပေါ်မှာ ဘာတွေမျှော်လင့်လို့ရပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ၂၀၂၀ ‌ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး CNF ရဲ့သဘောထားအမြင်သိချင်ပါတယ်။ အထူးသဖြင့် ချင်းပြည်န ယ်ရဲ့ မဲရလဒ်အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ။ ။ ချင်းပြည်နယ် ရွေးကောက်ပွဲ ရလဒ်အပေါ် CNF အနေနဲ့ သဘောထားအမြင် တရားဝင် သုံးသပ်တာမျိုးတော့ မရှိ ပါဘူး၊ ဒါပေမဲ့ ပြောလို့ရတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၁) ခု ဝင်ပြိုင်ကြပြီး ဒီ ထဲမှာမှ ပြည်မပါတီ NLD နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD က ရှေ့အပြေးဆုံး ပါတီတွေပေါ့၊ အဲဒီမှာ NLD က အပြတ်အသတ်နိုင်သွားတယ်၊ အနိုင်ရသွားတဲ့အကြောင်းရင်း တချို့ကို ပြောမယ်ဆိုယင် – NLD ဟာလက်ရှိမှာ Ruling (အစိုးရအဖွဲ့) ပါတီဖြစ်နေတော့ ငွေအား လူအားက အစ အဖက်ဖက်မှာ အခြားပါတီတွေထက် ပြင်ဆင်မှု အားကောင်း တယ်၊ နောက်ပြီး ၂၀၂၁ မတ်လ မှာ အစိုးရ သက်တမ်း ကုန်မယ်ဆိုတော့ ဆင်းရဲတဲ့ ချင်း ဒေသခံ ပြည်သူတွေ ကလည်း လက်ရှိ အစိုးရ NLD ရဲ့ လက်ကျန် သက်တမ်းအပေါ် မျှော်လင့်စရာတွေ ရှိနေသေးတယ်၊ ဥပမာ – အခု Tender တွေ ခေါ်နေတာ မျိုးပေါ့။ အစိုးရ ဆိုတော့ မဲဆွယ်ကာလမှာ ပြည်သူလူထုထံ ကတိပေးတာတွေလည်း ရှိ နေနိုင်တယ်ပေါ့။

မေး။ ။ ဒီနှစ်ရွေးကောက်ပွဲဟာ ချင်းပါတီ (CNLD) အားကောင်းလာနိုင်တယ် အနည်းဆုံးမဲဆန္ဒနယ်မြေထက်ဝက် လောက် ရနိုင်တယ်ဆိုပြီး ကြိုတင်သုံးသပ်တာမျိူးရှိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အပြတ်အသတ်ရှုံးသွားတယ် ဒီအပေါ်မှာ ဘယ်လိုများသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ NLD ရဲ့ အဓိက ပြိုင်ဖက် CNLD ရဲ့ အားနည်းချက်ကျတော့ ချင်းပါတီသုံးခု ပေါင်းစည်းပြီး CNLD မှာ စုစည်းတာ တ နှစ်ခန့်ပဲရှိသေးတော့ ပါတီ အင်အားတည်ဆောက်မှု၊ ပါတီ ခိုင်မာမှု မရှိသေးဘူး။ ဒီတော့ ရွေးကောက်ပွဲအတွက် ပြင် ဆင်မှုအားနည်းခဲ့တယ်။ မဲဆန္ဒရှင်တွေနဲ့ အမြဲမပြတ် ထိတွေ့ ဆက်ဆံဖို့ ချင်းပြည်နယ်မှာ အခြေစိုက်သင့်တယ်။ တဖက်မှာ ချင်းပြည်သူတွေကလည်း ပြည်မ ပါတီကို အထင်ကြီးပြီး ကိုယ့်အမျိုးသားပါတီကို ယုံကြည်အားကိုးမှု မရှိနိုင် တာလည်း ပါတာပေါ့။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ၂၀၁၅ ခုနှစ်တုန်းကလိုပဲ NLD ပါတီက အစိုးရပြန်လည်ဖွဲ့စည်းခွင့်ရရှိသွားပါပြီ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး ဘာတွေမျှော်လင့်လို့ရမလဲ?

ဖြေ။ ။ ယခင်သက်တမ်းတုန်းကလို ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြသာနာ၊ အစိုးရက ကြားထဲက ဖြန်ဖြေသူ ဆိုတာမျိုး Active Role မယူတာမျိုးဖြစ်နေပြန်ယင် ထူးထူးထွေထွေ မမျှော်လင့်ပါဘူး၊ သို့သော် ထိုသို့ ဖြစ်မလာအောင် နောက်ဆုံး ပြုလုပ်တဲ့ စတုတ္တအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကနေ အသစ်တက်လာမည့် အစိုးရအနေနဲ့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းတွေကို ချမှတ်ပေးထားပါတယ်။ အဲဒီ လုပ်ငန်းစဉ်ကို ဘယ်လောက် အကောင် အထည်ဖော်နိုင်မလဲ ဆိုတာအပေါ်မှာပဲ မူတည်မယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်က NLD အစိုးရလက်ထက်မှာ ပိုနှောင့်နှေးသွားတယ်ဆိုပြီး ပူးထက်အနေနဲ့ အရင်တစ်ခေါက် အင်တာဗျူးမှာ ဖြေထားတာရှိပါတယ်။ ဒီတစ်ခေါက်မှာကော် ငြိမ်းချမ်းရေးဖြစ်စဉ်က ထူးခြား မှုရှိလာနိ်ုင်ပါ့မလား။

ဖြေ။ ။ ယခင်အစိုးရ တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးတယ်ဆိုတာ အားလုံးအသိပါ။ အဲဒါ အစိုးရအနေနဲ့ NCA ဖြစ်စဉ်၊ လုပ်ငန်းစဉ်အပေါ် အလေးပေးမှု အားနည်းခဲ့လို့ပဲ၊ အစိုးရအနေနဲ့ NCA ဟာ တပ်မတော်နဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပြသာနာလို့ မြင်ခဲ့ကြတာလည်း ပါတယ်၊ ဒါပေမဲ့ (၄) နှစ်တာ လွှတ်တော် သက်တမ်း တခုကို ကျော်ဖြတ် ခဲ့ကြပြီဆိုတော့ ယခု အစိုးရသစ် သက်တမ်းမှာဆို ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီးသားဖြစ်နေတော့ ယခင်ထက် အရွှေ့ပို ရှိလာလိမ့်မယ်လို့ မျှော်လင့်ကြည့် ချင်သေးတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်တိုးနိုင်ဖို့ အသစ်တက်လာမယ့် အစိုးရကို ဘာများအကြံပြုချင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်တိုးနိုင်ဖို့ဆိုယင် အသစ်တက်လာမည့် အစိုးရ အနေနဲ့ NCA လမ်းကြောင်းဟာ ရေရှည် တည်တ့ံတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ထွက်ပေါက်တခုဖြစ်သလို ကျတော်တို့ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း (၇၀) ကျော်ကြာ လက်နက်ကိုင်တောင်းဆိုလာတဲ့ နိုင်ငံရေး ဆန္ဒကို သိပြီးလည်း ဖြစ်တယ်၊ ဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ ဆက်တိုးဖို့ဆိုတာ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ နောက်ပြီး လုပ်ငန်းဖော်ဆောင်တဲ့ နေရာမှာ အဓိက ပါဝင်တဲ့ Peace Architecture လို့ခေါ်မလား၊ အဲဒီ လုပ်ငန်းအဖွဲ့တွေကို ပြန်လည်သုံးသပ်စေချင်တယ်။ ပြင်သင့်တာတွေ ပြင်ဆင် ဖွဲ့စည်းပြီး Pro Active နဲ့ ထဲထဲဝင်ဝင် ပါဝင်စေချင်တယ်။

#Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ NLD ပါတီဟာ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲ တုန္းကလိုပဲ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာလည္း မဲအျပတ္အသတ္နဲ႔အႏိုင္ရရွိခဲ့ပါတယ္။ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕မဲစာရင္းရလဒ္ထုတ္ျပန္ေၾကညာခ်က္အရ NLD ပါတီဟာ အမ်ဴိးသားနဲ႔ျပည္သူ႔လႊတ္ေတာ္ႏွစ္ရပ္ (ျပည္ေထာင္စုလႊတ္ေတာ္)မွာ အစိုးရဖြဲ႔စည္းႏိုင္တဲ့ မဲအေရအတြက္ထက္ေက်ာ္လြန္ၿပီး မဲဆႏၵနယ္ ၃၉၆ ေနရာမွာအႏိုင္ရွိခဲ့ ပါတယ္။ ဒါေၾကာင့္ NLD ပါတီဟာ ေနာက္ ၅ ႏွစ္တာသက္တမ္းအတြက္ လြတ္လြတ္ကၽြတ္ကၽြတ္နဲ႔ အစိုးရဖြဲ႔ခြင့္ရရွိ သြားပါၿပီ။ 

၂၀၂၀ ေရြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး သေဘာထားအျမင္ဘယ္လိုရွိပါသလဲ။ ေရွ႕တိုးလို႔မရျဖစ္ေနတဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အသစ္တက္လာမယ့္ အစိုးရအေပၚမွာ ဘာေတြေမွ်ာ္လင့္လို႔ရပါသလဲ။ ဒီကိစၥႏွင့္ပတ္သက္ၿပီး ခ်င္းအမ်ဴိးသားတပ္ဦး(CNF) ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီကို ဆက္သြယ္ေမးျမန္းထားပါတယ္။ 

ေမး ။   ။  ၂၀၂၀ ‌ေရြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး CNF ရဲ႕သေဘာထားအျမင္သိခ်င္ပါတယ္။ အထူးသျဖင့္ ခ်င္းျပည္န ယ္ရဲ႕ မဲရလဒ္အေပၚ ဘယ္လိုသံုးသပ္ခ်င္ပါလဲ။ 

ေျဖ။       ။ ခ်င္းျပည္နယ္ ေရြးေကာက္ပြဲ ရလဒ္အေပၚ CNF အေနနဲ႕ သေဘာထားအျမင္ တရား၀င္ သုံးသပ္တာမ်ဳိးေတာ့ မရွိ ပါဘူး၊ ဒါေပမဲ့ ေျပာလုိ႕ရတာက ၂၀၂၀ ေရြးေကာက္ပြဲမွာ ခ်င္းျပည္နယ္အတြင္း ႏုိင္ငံေရးပါတီ (၁၁) ခု ၀င္ၿပိဳင္ၾကၿပီး ဒီ ထဲမွာမွ ျပည္မပါတီ NLD နဲ႕ ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ CNLD က ေရွ႕အေျပးဆုံး ပါတီေတြေပါ့၊ အဲဒီမွာ NLD က အျပတ္အသတ္ႏုိင္သြားတယ္၊ အႏုိင္ရသြားတဲ့အေၾကာင္းရင္း တခ်ဳိ႕ကုိ ေျပာမယ္ဆုိယင္ – NLD ဟာလက္ရွိမွာ Ruling (အစိုးရအဖြဲ႔) ပါတီျဖစ္ေနေတာ့ ေငြအား လူအားက အစ အဖက္ဖက္မွာ အျခားပါတီေတြထက္ ျပင္ဆင္မႈ အားေကာင္း တယ္၊ ေနာက္ၿပီး ၂၀၂၁ မတ္လ မွာ အစုိးရ သက္တမ္း ကုန္မယ္ဆုိေတာ့ ဆင္းရဲတဲ့ ခ်င္း ေဒသခံ ျပည္သူေတြ ကလည္း လက္ရွိ အစုိးရ NLD ရဲ့ လက္က်န္ သက္တမ္းအေပၚ ေမွ်ာ္လင့္စရာေတြ ရွိေနေသးတယ္၊ ဥပမာ – အခု Tender ေတြ ေခၚေနတာ မ်ဳိးေပါ့။ အစုိးရ ဆုိေတာ့ မဲဆြယ္ကာလမွာ ျပည္သူလူထုထံ ကတိေပးတာေတြလည္း ရွိ ေနႏုိင္တယ္ေပါ့။ 

ေမး။    ။  ဒီႏွစ္ေရြးေကာက္ပြဲဟာ ခ်င္းပါတီ (CNLD) အားေကာင္းလာႏိုင္တယ္ အနည္းဆံုးမဲဆႏၵနယ္ေျမထက္၀က္ ေလာက္ ရႏိုင္တယ္ဆိုၿပီး ႀကိဳတင္သံုးသပ္တာမ်ဴိးရွိတယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ အျပတ္အသတ္ရံႈးသြားတယ္ ဒီအေပၚမွာ ဘယ္လိုမ်ားသံုးသပ္ခ်င္ပါသလဲ။  

ေျဖ။       ။ NLD ရဲ့ အဓိက ၿပိဳင္ဖက္ CNLD ရဲ့ အားနည္းခ်က္က်ေတာ့ ခ်င္းပါတီသုံးခု ေပါင္းစည္းၿပီး CNLD မွာ စုစည္းတာ တ ႏွစ္ခန္႔ပဲရွိေသးေတာ့ ပါတီ အင္အားတည္ေဆာက္မႈ၊ ပါတီ ခုိင္မာမႈ မရွိေသးဘူး။ ဒီေတာ့ ေရြးေကာက္ပြဲအတြက္ ျပင္ ဆင္မႈအားနည္းခဲ့တယ္။ မဲဆႏၵရွင္ေတြနဲ႕ အျမဲမျပတ္ ထိေတြ႕ ဆက္ဆံဖုိ႕ ခ်င္းျပည္နယ္မွာ အေျခစုိက္သင့္တယ္။  တဖက္မွာ ခ်င္းျပည္သူေတြကလည္း ျပည္မ ပါတီကုိ အထင္ႀကီးၿပီး ကုိယ့္အမ်ဳိးသားပါတီကုိ ယုံၾကည္အားကုိးမႈ မရွိႏုိင္ တာလည္း ပါတာေပါ့။ 

ေမး။    ။၂၀၂၀ ေရြးေကာက္ပြဲရလဒ္အရ ၂၀၁၅ ခုႏွစ္တုန္းကလိုပဲ NLD ပါတီက အစိုးရျပန္လည္ဖြဲ႔စည္းခြင့္ရရွိသြားပါၿပီ ဆိုေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ ပါတ္သက္ၿပီး ဘာေတြေမွ်ာ္လင့္လုိ႔ရမလဲ? 

ေျဖ။       ။  ယခင္သက္တမ္းတုန္းကလုိ ဒီ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ တပ္မေတာ္နဲ႕ တုိင္းရင္းသားလက္နက္ကုိင္ေတြရ့ဲ ျပသာနာ၊ အစုိးရက ၾကားထဲက ျဖန္ေျဖသူ ဆုိတာမ်ဳိး Active Role မယူတာမ်ဳိးျဖစ္ေနျပန္ယင္ ထူးထူးေထြေထြ မေမွ်ာ္လင့္ပါဘူး၊ သုိ႕ေသာ္ ထုိသုိ႕ ျဖစ္မလာေအာင္ ေနာက္ဆုံး ျပဳလုပ္တဲ့ စတုတၱအႀကိမ္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လုံ အစည္းအေ၀းကေန အသစ္တက္လာမည့္ အစုိးရအေနနဲ႕ ၂၀၂၀ အလြန္ အဆင့္လုိက္ လုပ္ငန္းစဥ္နဲ႕ အဆင့္လုိက္ အေကာင္အထည္ေဖာ္ရမည့္ လုပ္ငန္းေတြကုိ ခ်မွတ္ေပးထားပါတယ္။ အဲဒီ လုပ္ငန္းစဥ္ကုိ ဘယ္ေလာက္ အေကာင္ အထည္ေဖာ္ႏုိင္မလဲ ဆုိတာအေပၚမွာပဲ မူတည္မယ္။ 

ေမး။    ။ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္က NLD အစိုးရလက္ထက္မွာ ပိုေႏွာင့္ေႏွးသြားတယ္ဆိုၿပီး ပူးထက္အေနနဲ႔ အရင္တစ္ေခါက္ အင္တာဗ်ဴးမွာ ေျဖထားတာရွိပါတယ္။ ဒီတစ္ေခါက္မွာေကာ္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္က ထူးျခား မႈရွိလာႏိ္ုင္ပါ့မလား။

ေျဖ။       ။ ယခင္အစုိးရ တုန္းက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေႏွာင့္ေႏွးတယ္ဆုိတာ အားလုံးအသိပါ။ အဲဒါ အစုိးရအေနနဲ႕ NCA ျဖစ္စဥ္၊ လုပ္ငန္းစဥ္အေပၚ အေလးေပးမႈ အားနည္းခဲ့လုိ႕ပဲ၊ အစုိးရအေနနဲ႕ NCA ဟာ တပ္မေတာ္နဲ႕ တုိင္း ရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းေတြရဲ့ ျပသာနာလုိ႕ ျမင္ခဲ့ၾကတာလည္း ပါတယ္၊ ဒါေပမဲ့ (၄) ႏွစ္တာ လႊတ္ေတာ္ သက္တမ္း တခုကုိ ေက်ာ္ျဖတ္ ခဲ့ၾကၿပီဆုိေတာ့ ယခု အစုိးရသစ္ သက္တမ္းမွာဆုိ ေရွ႕လုပ္ငန္းစဥ္ေတြ ခ်မွတ္ၿပီးသားျဖစ္ေနေတာ့ ယခင္ထက္ အေရႊ႕ပုိ ရွိလာလိမ့္မယ္လုိ႕ ေမွ်ာ္လင့္ၾကည့္ ခ်င္ေသးတယ္။ 

ေမး။    ။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေရွ႕ဆက္တိုးႏိုင္ဖို႔ အသစ္တက္လာမယ့္ အစိုးရကို ဘာမ်ားအၾကံျပဳခ်င္ပါသလဲ။ 

ေျဖ။       ။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေရွ႕ဆက္တုိးႏုိင္ဖုိ႔ဆုိယင္ အသစ္တက္လာမည့္ အစုိးရ အေနနဲ႕ NCA လမ္းေၾကာင္းဟာ ေရရွည္ တည္တ့ံတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး ထြက္ေပါက္ တခုျဖစ္သလုိ က်ေတာ္တုိ႕ တုိင္းရင္းသားေတြရဲ့ ႏွစ္ေပါင္း (၇၀) ေက်ာ္ၾကာ လက္နက္ကုိင္ေတာင္းဆုိလာတဲ့ ႏုိင္ငံေရး ဆႏၵကုိ သိၿပီးလည္း ျဖစ္တယ္၊ ဒီေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေရွ႕ ဆက္တုိးဖုိ႔ဆုိတာ သူတုိ႔အေပၚမွာပဲ မူတည္ပါတယ္။ ေနာက္ၿပီး လုပ္ငန္းေဖာ္ေဆာင္တဲ့ ေနရာမွာ အဓိက ပါ၀င္တဲ့ Peace Architecture လုိ႕ေခၚမလား၊ အဲဒီ လုပ္ငန္းအဖြဲ႕ေတြကုိ ျပန္လည္သုံးသပ္ေစခ်င္တယ္။ ျပင္သင့္တာေတြ ျပင္ဆင္ ဖြဲ႕စည္းၿပီး Pro Active နဲ႕ ထဲထဲ၀င္၀င္ ပါ၀င္ေစခ်င္တယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.