Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်က ရွာ ၃ ရွာကို ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းဖြင့်တိုက်ခိုက်၊ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိ
Photo - Û Kwëë Pãíñg

ကန်ပက်လက်မြို့နယ်က ရွာ ၃ ရွာကို ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းဖြင့်တိုက်ခိုက်၊ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိ

0
By Editor on April 19, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေယာဉ် ၄ စီးဖြင့် ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၇ ရက် နေ့လည် ၂ နာရီခန့်က ကန်ပက်လက်မြို့နယ်၊ အောက်ကန့်အုပ်စု၊ အုံရွာအနီးဝန်းကျင်ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့ဝင်များ ချရန် ပြင်ဆင်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သောကြောင့် ပြန်သွားရကြောင်း ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့နောက် မကြာမီတွင် စစ်ကောင်စီက လေယာဉ် (၄) စီးဖြင့် အုံရွာနှင့် အနီးဝန်းကျင်က လွီးစုံရွာ၊ ကောက်ဆောင်းရွာတို့ကို ဝဲပတ်၍ ပျံသန်းပြီး အုံရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လွီးစုံကျေးရွာကို စစ်သေနတ်ကြီးများဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး ကောက်ဆောင်းကျေးရွားကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အုံတို့ လွီးစုံတို့ ထိပ်ဘက်မှာ ပစ်ကြတယ်ဆိုတော့ ဒီရွာတွေမှာ လူငယ်တွေ ခိုအောင်းနေတယ်လို့ သူတို့က ခန့်မှန်းပြီးတော့ အဆောက်အဦးကြီးတွေကို ပစ်ချသွားတဲ့ သဘောပဲ။ အုံမှာ ပျက်စီးတဲ့ အိမ်တွေကလည်း အိမ်အကြီးကြီးတွေ၊ စာသင်ကျောင်း ဆောင်နဲ့ ဆရာနေအိမ်တွေကလည်း ကြီးတယ်။ အဆောက်အဦးကြီးတွေထဲမှာ လူများများ ရှိလောက်တယ်ဆိုပြီး မှန်းပစ်တယ်လို့ ခန့်မှန်းတယ်” ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အုံကျေးရွာတွင် စာသင်ကျောင်းဆောင် ၁ လုံး၊ ဝန်ထမ်း အိမ်ရာ ၂ လုံး၊ အရပ်သားပြည်သူအိမ် ၂ လုံးမှာ လုံးဝပျက်စီးသွားပြီး အရပ်သားများမှာ လေယာဉ်များ ဝဲပြန်ချိန် ထွက်ပြေးနိုင်သောကြောင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

လွီးစုံရွာကို စက်သေနတ်ကြီးများဖြင့် လှည့်ပတ်ပစ်ခတ်မှုတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်မှာ မျက်လုံးအောက် ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အောက်ကလေးငယ်မှာ ခါးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာများမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

ကောက်ဆောင်းကျေးရွာတွင် အသက် ၅၇ နှစ်အရွယ် အရပ်သားပြည်သူတစ်ဦးမှာ နေအိမ်ဗုံးကြဲခံရမှုတွင် ညာဘက်ပေါင်ရင်းကို ဗုံးစဖောက်ဝင်သွား၍ ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။

ရွာ ၃ ရွာက တချို့နေအိမ်များမှာ ကျည်ပေါက်ရာ အများအပြားကျန်ရစ်ခဲ့ကြောင်း သိရသည်။

အောက်ကန့်အုပ်စု၊ အုံ၊ လွီးစုံနှင့် ကောက်ဆောင်းကျေးရွာများမှ အိမ်ထောင်စု ၇၀ ကျော် ဒေသခံပြည်သူ ၃၀၀ ခန့်သည် ရပ်ရွာထဲကို မပြန်ရဲသောကြောင့် လက်ရှိအချိန်အထိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ လခန့် ကြာမြှင့်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.