Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တောင်ပိုင်း တိုက်ပွဲများတွင် ABSDF ရဲဘော် ၃ ဦး ကျဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိဟု ဆို

ကလေးမြို့တောင်ပိုင်း တိုက်ပွဲများတွင် ABSDF ရဲဘော် ၃ ဦး ကျဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိဟု ဆို

0
By Editor on December 3, 2025 Headline

(006SV)

ချင်း – စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC) ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်နေသော စစ်ဆင်ရေးတိုက်ပွဲများတွင် ABSDF အမှတ် – ၃ စစ်ကြောင်း က ရဲဘော် ၃ ဦးကျဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်မှ စတင်၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ချင်းလဲန်းကောင်စီ ဦးဆောင်ပြုလုပ်သော စစ်ဆင်ရေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) (ABSDF) အမှတ် ၃ စစ်ကြောင်းသည် မဟာမိတ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်သည်ဟု ABSDF အမှတ် ၃ စစ်ကြောင်းထံမှ သိရသည်။

“ချင်းလဲန်းကောင်စီ၊ ကာကွယ်ရေးဌာန စစ်ကြောင်း ၁ ကနေ ဦးစီးတဲ့ ကလေးနယ်တောင်ပိုင်းက မှန်တော၊ ကြံသာ၊ ကမ်းပါးနီ၊ အောင်မင်္ဂလာ၊ ဟံသာဝတီပေါ့၊၊ အဲဒီဘက်မှာ ရှိတဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ ရဲဘော်တွေ ကျဆုံးခဲ့တာဖြစ်ပါတယ်။ အများစုက တိုက်ပွဲတွင်းမှာ ထိခိုက်ကျဆုံးလာကြတာဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဒီနိုဝင်ဘာလ ၆ ရက်နေ လကုန်အထိ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မကြာခဏ လက်ရှိအချိန်အထိ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲဖြစ်ပါတယ်” ဟု ABSDF စစ်ကြောင်း ၃ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲများတွင် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်းရှိ တပ်စုမှူးဖြစ်သည့် ရဲဘော် စိန်မြင့်လွင်(ခ) ဖိုးလွင် ၊ ရဲဘော်ဇော်ဇော်ဦး(ခ) မှိုင်းမှိုင်း ၊ ရဲဘော်နိုင်လင်းစိုး (ခ) ညှပ်စိ တို့သည် ဖယ်ဒရယ် ဒီမိုကရေစီ တော်လှန်ရေးအတွင်း ကျဆုံးသွားသည်ဟု သိရသည်။

၎င်းတို့သည် ကျောင်းသားတပ်မတော်မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်စွန့်စားမှုများကို ကျောင်းသားတပ်မတော်၊ အမှတ် ၃ စစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်ဟု ထုတ်ပြန်သည်။

အဆိုပါရဲဘော်တို့ မြင့်မြတ်စွာ ကျဆုံးမှုအပေါ် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး တော်လှန်ရေး တာဝန်များကို ဆက်လက်ထမ်းဆောင်ရင်း အာဏာရှင်စနစ် ပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း ABSDF က ထုတ်ပြန်သည်။

ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်သည် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများကို အဓိက အသုံးပြု၍ တိုက်ခိုက်နေကြောင်း သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်းဒေသ နှင့် ကလေး-ဂန့်ဂေါဒေသများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်တို့ တိုက်ပွဲများ တစ်လနီးပါး ဆက်လက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၅၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားသည်။

ကလေးမြို့ နှင့် ဂန့်ဂေါမြို့အကြားတွင် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာန၏ စစ်ကြောင်း ၁ သည် Vakok PDF ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Kalay Revolution Force (KRF)၊ Ranger Kalay Defense Force (RKDF)၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.