Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် MPT ဆင်းကဒ် ကျပ်ငွေ သုံးသောင်းခွဲအထိ ဈေးတက်

ကလေးမြို့တွင် MPT ဆင်းကဒ် ကျပ်ငွေ သုံးသောင်းခွဲအထိ ဈေးတက်

0
By Editor on December 9, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း MPT ဖုန်းလိုင်းတစ်ခုတည်းသာ လိုင်းရရှိသောကြောင့် ဒေသခံပြည်သူများက အလုအယက် ဝယ်ယူကြပြီးနောက် MPT ဆင်းကဒ်တစ်ကဒ်လျှင် ကျပ်ငွေ သုံးသောင်းခွဲအထိ ဈေးမြင့်ကက်သွားသည်ဟု သိရသည်။

ကလေးမြို့နယ်အတွင်း ဒီဇင်ဘာလ (၅) ရက်နေ့ကစ၍ Ooredoo၊ ATOM (Telenor)၊ Mytel ဖုန်းလိုင်းအပါအဝင် Wifi လိုင်းများလည်း ပြတ်တောက်ခဲ့ရပြီး MPT ဖုန်းလိုင်းတစ်ခုတည်းသာ ရရှိခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူများက MPT ဆင်းကဒ်ကို အလုအယက်ဝယ်ယူကြသောကြောင့် ဈေးနှုန်းလည်း အဆမတန် မြင့်တက်သွားပြီး ဝယ်ယူရန်ပင် မရှိတော့သည့်အထိ ပြတ်လပ်သွားသည်ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။

“ကျမတို့အိမ်မှာက Ooredoo Wifi ယူပြီးသုံးတာ Wifi ပျက်တော့ MPT ပြောင်းသုံးရတာ၊ အသစ်ဝယ်သုံးတာ MPT ဆင်းကဒ်က ဆိုင်တိုင်းမှာလည်းမရပြန်ဘူး၊ လက်ကားနဲ့ရောင်းတဲ့ဆိုင်က နှစ်သောင်းခွဲ၊ ဆိုင်သေးတွေစီပြန်ရောက်တော့ သုံးသောင်းခွဲဖြစ်သွားတယ်။ ဝယ်ဖို့တောင်မရှိတဲ့အထိ ပြတ်သွားတာ လေယာဉ်နဲ့တောင် ထပ်မှာထားတယ်လို့ ကြားမိတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

လွန်ခဲ့သည့်လများက ကလေးမြို့တွင် MPT ဆင်းကဒ်တစ်ကဒ်လျှင် ၄၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း လက်ရှိတွင် MPT ဆင်းကဒ်တစ်ကဒ်လျှင် ၂၅၀၀၀ မှ ၃၅၀၀၀ ကျပ်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

ကလေးမြို့ပေါ်တွင် Atom ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်မှာ ရက်သတ္တပတ်ခန့်ရှိလာပြီးဖြစ်သည့်အပြင် Ooredoo ဖုန်းလိုင်းသည်လည်း ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းမှ စတင်ပြတ်တောက်ခဲ့ရာမှ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ပြတ်တောက်နေဆဲဖြစ်သည်ဟု သိရသည်။

ကလေးမြို့နယ်အတွင်း ယခုကဲ့သို့ ဖုန်းလိုင်းနှင့် Wifi လိုင်းများ ပြတ်တောက်ရခြင်းမှာ မဟာမြိုင်ဘက်က တာဝါတိုင် စက်ရပ်သွားခြင်းအပါအဝင် မကွေးတိုင်း၊ ဂန့်ဂေါမြောက်ပိုင်းနှင့် ဟံသာဝတီကြား Ooredoo Fiber လိုင်း ပြတ်တောက်ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် Ooredoo ဖုန်းလိုင်းတစ်ခုတည်းသာ အသုံးနိင်သည့် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်၊ တွန်းဇံမြို့တို့တွင်လည်း Ooredoo ဖုန်းလိုင်းများ ပြတ်တောက်ရှိနေ ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.