(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦး နှင့် တပ်သားတစ်ဦးကို ကလေးမြို့ပြပျောက်ကျားစီမံချက်- UG အဖွဲ့က ပစ်ခတ်လင်းရှင်းခဲ့သည်ဟုသိရသည်။
မေလ ၁၂ ရက်နေ့က ကလေးမြို့ စက်မူဇုန် လိူင်သာယာရပ်ကွက် (နယ်မြေ/၆) တွင် ကလေးမြို့ မြို့ပြ ပျောက်ကျား စီမံချက်- UG တပ်ဖွဲ့က နယ်မြေ လုံခြုံရေး ဆောင်ရွက်နေစဥ်မှာ နောက်ကနေလိုက်ပါလာသော ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးကို စစ်ဆေးရာမှာ ၈ မိုင် ကလေးတက္ကသိုလ်ကျောင်းဝန်းတွင် တပ်စွဲထားသည့် စစ်တပ်မှ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် တပ်သား၁ ဦး ဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးခေါ်ဆောင်ရန် အခြေအနေအရ မဖြစ်နိုင်သော ကြောင့် နှစ်ဦးစလုံးကို နေရာမှာပင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကလေးမြို့ပျောက်ကျားစီမံချက်- UG က ယနေ့မှာ သတင်းထုတ်ပြန်သည်။
အဆိုပါ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် တပ်သား (၁) ဦးတို့မှာ ကလေးမြို့ ဒေသကွက်ကဲမှုစစ်ဌာနချုပ် – ဒကစ ထောက်ပို့တပ်မှဖြစ်ပြီး ကလေးတက္ကသိုလ်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများထံမှ ငွေညစ်ခြင်း၊ လူငယ်များ အား ပေါ်တာစွဲဖမ်းဆီး ငွေညစ်ရာတွင် နာမည်ဆိုးများဖြင့် ကျော်ကြားနေသူများ ဖြစ်သည်ဟုဆိုသည်။
ကလေးမြို့တွင်းနေမိဘပြည် သူများအ နေဖြင့် စစ်ကော်မရှင်တပ်ထိုင်ထားသည့်နေရာများ၊ စစ်ဆေးရေး ပြုလုပ်နေ သည့်နေရာများတွင် မလိုအပ်ဘဲ အသွားအလာ မပြုလုပ်ကြရန် နှင့် အချိန်မရွှေး ပစ်ခတ်မူများဖြစ်ပွား နိုင်သောကြောင့် ကလေးမြို့ UG တပ်ဖွဲ့က အသိပေးသည်။

