Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့အနီးတိုက်ပွဲ စစ်ကောင်စီ အရာရှိတစ်ဦးအပါအဝင် (၈) ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂ ဦး ကျဆုံး၊ လက်နက်ငယ် ၁၉ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

ကလေးမြို့အနီးတိုက်ပွဲ စစ်ကောင်စီ အရာရှိတစ်ဦးအပါအဝင် (၈) ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂ ဦး ကျဆုံး၊ လက်နက်ငယ် ၁၉ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

0
By Editor on March 16, 2024 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတပ်များအကြား ယမန်နေ့က တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အရာရှိ (၁) ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၆ ရက်က ကလေးမြို့နယ်၊ ကလေးမြို့အနီးမှာ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်နက်ငယ် ၁၉ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်များ ရရှိခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် – ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာများမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး စစ်ကောင်စီမှ ၆ ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အောင်မြင်သာရွာတွင် ဗိုလ်ကြီး ကျော်လင်းမောင် ဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့် အခြေချထားပြီး ကျောင်းတိုက်ရွာတွင် ဗိုလ်ဖြိုးသန့် ဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇) ဦးနှင့် ပျူစောထီး အင်အား (၅၉) ဦး အခြေချထားကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲတွင် ကျောင်းတိုက်ရွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးတို့ ဆည်တော်ဦး ရွာနှင့် အောင်မြင်သာ ရွာသို့ ဆုတ်ခွာသွားကြောင်း၊ လက်လွတ်လိုက်ရသည့် ကျောင်းတိုက်ရွာကို စစ်ကောင်စီမှ Mi- 35 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသက ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၂) ဦးကျဆုံးပြီ MA- 15 (ငါးကြင်းမြှီး)၊ MA- 10 (RPG-7) အပါအဝင် လက်နက်ငယ် (၁၇) လက်နက်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ ဗုံးသီးမျိုးစုံ အလုံး (၁၀) ကျော်၊ ကျည်အိမ် (၃၀) ကျော်နှင့် စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရမိကြောင်း သိရသည်။

အောင်မြင်သာနှင့် ကျောင်းတိုက်ရွာတိုက်ပွဲတွင် PDF အထူးလှုပ်ရှား တပ်ရင်း (၂၊ ၆)၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်မြို့ပြ စစ်ဆင်ရေးတပ်ဖွဲ့က မင်းလှရွာ ဖြတ်တောက်ရေး တာဝန်ယူပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့က နန်းစောပုရွာသစ်တွင် ကံသာယာရွာသို့ စစ်ကြောင်းထိုးလားသည့် တပ်မ – ၂၂ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်ကို အထူးလှုပ်ရှား တပ်ရင်း (၂၊ ၅)၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင်တပ်ရင်း (၂၊ ၄၊ ၅)၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေးရာဇာ၊ S2UG၊ GRF၊ TCDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး (၁) ဦးနှင့် ဒုတပ်ကြပ် (၁) ဦးတို့၏ အလောင်းများကို ရရှိခဲ့ကြောင်း သိရသည်။

လက်နက်ငယ် (၂) လက်၊ MA ကျည် (၁၇) တောင့်နှင့် ကျည်အိမ် (၂) ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကလေးမြို့အနီးဝန်းကျင်းရှိ တိုက်ပွဲ မဖြစ်ပွားသော နေရာများကိုလည်း လက်နက်ကြီးများဖြင့် မီးလောင်ဗုံးအပါအဝင် ဗုံးအလုံး (၂၀၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.