Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကုလားတန် စီမံကိန်းနှင့် သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်း အပြီးသတ်နိုင်ရေး အိန္ဒိယ တိုက်တွန်း

ကုလားတန် စီမံကိန်းနှင့် သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်း အပြီးသတ်နိုင်ရေး အိန္ဒိယ တိုက်တွန်း

0
By Editor on June 2, 2026 Headline

(006SV)

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတို့ကို အပြီးသတ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အာဏာသိမ်း စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တို့ ရောက်ရှိချိန်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က ပြောခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စု သတင်းစာများတွင် ဖော်ပြထားသည်။

အိန္ဒိယဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်းမှာ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုကို သဘောတူညီခဲ့ကြောင်း စစ်တပ်သတင်းစာများတွင် ဝါဒဖြန့်ထားသည်။

အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် စစ်တွေဆိပ်ကမ်းမှ ပလက်ဝမြို့ဆိပ်ကမ်းကို ဖြတ်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်သည့် မဟာဗျူ ဟာအရ အရေးကြီးသော စီမံကိန်းတစ်ခုဖြစ်သည်ဟု သိရသည်။

စစ်တွေရေနက်ဆိပ်ကမ်းနှင့် ပလက်ဝကုန်တင်ဆိပ်ကမ်း တည်ဆောက်မှု ပြီးစီးသော်လည်း လက်ရှိမှာ ပလက်ဝမြို့တွင် အကောင်အထည်ဖော်မည့် စီမံကိန်းတချို့နှင့် ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ဆက်သွယ်မည့် အဝေးပြေးကား လမ်းစီမံကိန်းမှာ တိုက်ပွဲများကြောင့် မပြီးသေးကြောင်း သိရသည်။

လက်ရှိမှာ ပလက်ဝမြို့နယ်နှင့် စီံမံကိန်းနယ်မြေအများစုကို ULA/ AA နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ် ထားသည်ဟု သိရသည်။

၂၀၀၈ ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုပြီး စတင်ခဲ့သည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ ဆောင်ရေးစီမံကိန်းသည် စစ်တွေဆိပ်ကမ်း၊ ပလက်ဝပြည်တွင်းရေးကြောင်း ဆိပ်ကမ်းနှင့် ဆက်စပ် စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀ သန်းခန့်ရှိကြောင်း သိရသည်။

ထို့အပြင် ပလက်ဝမှ မြန်မာ- အိန္ဒိယနယ်စပ်အထိ အဝေးပြေးကားလမ်းစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံး၏ ခန့်မှန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် အိန္ဒိယ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့နှင့် စစ်ကိုင်း၊ တမူးမြို့မှတဆင့် ကလေးဝ-ယာကြီးလမ်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မြဝတီမြို့ လမ်းကြောင်းကို ဖြတ်၍ ထိုင်းနိုင်ငံ ၊ မဲဆောက်အထိ ဆက်သွယ်ထားသည့် စီမံကိန်းကြီးဖြစ်သည်ဟု သိရသည်။

ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးမြင့်ရန် ရည်ရွယ်သည့် မိုင်ပေါင်း ၈၇၀ ရှည်လျားသော ထိုအဝေးပြေးလမ်းမစီမံကိန်းသည် ၂၀၁၉ ခုနှစ် အပြီးသတ်ရန် မျှော်မှန်ထားခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်တွင် ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ရူးပီနှင့် ကျပ် ငွေပေးချေမှုနှင့် အိန္ဒိယက ပညာသင်ဆု တိုးမြင့်ပေးမည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံစလုံးမှ မိမိတို့၏ ပိုက်နက်နယ်မြေကို အသုံးပြု၍ တဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် ဆောင်ရွက်မှုများကို တားဆီးသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.