Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကူကီး-ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

ကူကီး-ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

0
By Editor on March 14, 2023 Khonumthung

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Hmunnuam ကျေးရွာတွင် မတ်လ ၁၀ ရက်နေ့က ကူကီး-ချင်းအမျိုးသားတပ်မတော် (KCNA) တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု India Today သတင်းဌာနက ဖော်ပြသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား အသက် ၃၂ နှစ်အရွယ် Zingramlian နှင့် အသက် ၂၂ နှစ်အရွယ် Pazau တို့ဖြစ်ကြပြီး မီဇိုရမ်ပြည်နယ် Bungtlang ကျေးရွာက Kuki-Chin National Army အစည်းအဝေးသို့ တက်ရောက်လာကြပြီးနောက် အပြန်လမ်း ဘင်္ဂလားဒေရှေ့်စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်းရရှိထားချက်အရ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။

Kuki-Chin National Army သည် ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ် သတ်မှတ်ရန် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

ယင်းကိစ္စကြောင့် ဘင်္ဂလားဒေရှ့်အစိုးရနှင့် Kuki-Chin National Army တို့သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာပြီး စစ်တကောင်းတောင်တန်းဒေသက ချင်းမျိုးနွယ်စု ၄၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်သို့ စစ်ဘေးတိမ်းရှောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.