Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းစည်းလုံးညီညွတ်ရေးကို အလေးထားရန် MDF နှင့် CDF – Kanpetlet ထံ ချင်းလဲန်းကောင်စီဥက္ကဌ စာပေးပို့
ပုံစာ - ချင်းလဲန်းကောင်စီဥက္ကဌ ပူးဇင်ကျုံး

ချင်းစည်းလုံးညီညွတ်ရေးကို အလေးထားရန် MDF နှင့် CDF – Kanpetlet ထံ ချင်းလဲန်းကောင်စီဥက္ကဌ စာပေးပို့

0
By Editor on January 21, 2025 Headline

စာနှင့်လက်တွေ့ ကိုက်ညီမှုမရှိဟု MDF တုန့်ပြန်

(006SV)

ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားရန် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် Maraland Defense Force (MDF) နှင့် CDF-Kanpetlet တပ်ဖွဲ့များထံ ချင်းလဲန်းကောင်စီ ဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်က ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ချင်းကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့၏ စစ်ဦစီးချုပ်ထံသို့ ချင်းလဲန်းကောင်စီ ဥက္ကဌလည်းဖြစ် ချင်းအမျိုးသားတပ်ဦး CNF ၏ ဥက္ကဌ ပူးဇင်ကျုံးက ပေးပို့ခဲခြင်းဖြစ်ပြီး ယင်းစာကို ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ ဥက္ကဌကိုလည်း လိပ်မူထားပြီး တခြားချင်းညီနောင်အဖွဲ့ဝင်များကို ပေးပို့ခြင်းမရှိကြောင်း သိရသည်။

ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့များ၏ ကြားဝင်ဖြေရှင်းမှုများ ဆောင်ရွက်နေချိန်မှာ ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သော သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီးမှ သတိထားရှောင်ရှားရမည့် အချိန်ကာလဖြစ်သည်ဟု ပေးပို့စာတွင် ဖော်ပြထားသည်။

ညှိနှိုင်းပေါင်းစပ်မှု နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြပါရန် ချင်းလဲန်းကောင်စီ ဥက္ကဌက မေတ္တာရပ်ခံထားကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်နှင့် မရာဒေသတွင် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြားတွင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားနေသည့်အချိန်တွင် ယခုကဲ့သို့ ချင်းလဲန်းကောင်စီ ဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ခြင်းဖြစ်သည်ဟု သိရသည်။

“CC မှာ ပါဝင်တဲ့ ကန်ပက်လက်ကောင်စီနဲ့ CB မှာပါဝင်တဲ့ ကန်ပက်လက်မြို့နယ်ကောင်စီဆိုပြီး ရှိကြတယ်။ ပြည်သူလူထုတွေကလည်း နှစ်ခြမ်းပုံစံ ဖြစ်နေကြတော့ ဒီဟာတွေကို စုစည်းတဲ့အချိန်မှာ ပထမခြေလှမ်းအနေနဲ့က ကန်ပက်လက်မြို့ထဲက ပြည်သူတွေ၊ ပြီး‌တော့ ကန်ပက်လက်မှာရှိတဲ့ တော်လှန်ရေးတွေကို တခုထဲဖြစ်အောင်ကို ကျနော်တို့အနေနဲ့ လိုလားပါတယ်ဆိုတဲ့ သဘောပါ။ တဖက်မှာလည်း ဒီလို စုစည်းဖို့အတွက် ဆောင်ရွက်တဲ့အချိန်မှာ သွေးထွက်သံယိုမှုတွေ၊ ပဋိပက္ခတွေ၊ လက်နက်နဲ့ ဖြေရှင်းတာတွေကို မလိုလားတဲ့အတွက် ဒါတွေကို ဝိုင်းဝန်းပြီးမှ အဖြေရှာကြမယ်၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့အချိန်မှာ အင်အားတွေနဲ့ သုံးပြီး ဖြေရှင်းတာမျိုး နှစ်ဖက်စလုံးက မလုပ်ကြဖို့ ပေးပို့စာပါပဲ” ဟု ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

၂၀၂၅ ဇန်နဝါရီလ ၇ ရက်က ချင်းလန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်ကောင်စီ၏ တပ်ဖွဲ့စခန်းကို CDF – ကန်ပက်လက်က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်ထဲတွင်လည်း ကန်ပက်လက်ကောင်စီ၏ ခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

ကန်ပက်လက်မြို့တွင် ချင်းလန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်မြို့နယ်ကောင်စီဟူ၍ ရှိသည်။

မတူပီမြို့နယ်၊ မရာဒေသတွင်လည်း ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် CDF – Lautu ၊ CDF – မရာ နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် Maraland Defense Force (MTC/MDF) တို့ကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေကြောင်း သိရသည်။

“MDF ကို ပို့ထားတာက မရာနယ်မှာ လှုပ်ရှားတဲ့နယ်မြေထဲမှာ MDF နဲ့ CDF – လောက်တူနဲ့ကလည်း နယ်မြေကိစ္စအချို့ကြောင့် အငြင်းပွားနေတာတွေလည်းရှိတယ်။ ဒီဟာတွေ CDF – မရာနဲ့ CDF – လောက်တူက ကျနော်တို့ CC မှာ ပါဝင်တဲ့အဖွဲ့တွေ ဖြစ်တယ်။ တဖက် MDF က CB မှာ ပါတဲ့အဖွဲ့ဖြစ်တယ်။ ဒီပဋိပက္ခတွေကြားထဲမှာ ဖြေရှင်းဆောင်ရွက်တဲ့အချိန်မှာ ကန်ပက်လက်လိုဟာမျိုးပဲ လက်နက်ကိုင်ပြီးတော့ ဖြေရှင်းတာမျိုး မလုပ်ပဲနဲ့ အတတ်နိုင်ဆုံး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အလားတူ ကန်ပက်လက်လိုပဲ မေတ္တာရပ်ခံထားတာပါ” ဟု ချင်းလဲန်းကောင်စီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

ချင်းလဲန်းကောင်စီ ဥက္ကဌ၏ မေတ္တာရပ်ခံစာသည် MTC/ MDF ၏ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးထံသို့ ပေးပို့ခြင်းမရှိဘဲ စစ်ရေးဌာနမှ စစ်ဦးစီချုပ်ထံ ပေးပို့ခြင်းက MTC/ MDF ကို အသိအမှတ်မပြုခြင်းဖြစ်ကြောင်း MTC/ MDF အထွေထွေအတွင်းရေးမှူး Paw Sila က ပြောသည်။

“အဲဒီစာက MDF ကို အသိအမှတ်မပြုတဲ့ အနေနဲ့ ကျနော်တို့ မြင်ရပါတယ်။ အဲဒါကြောင့် MTC/MDF ကို အသိအမှတ်မပြုတဲ့စာကို အကြောင်းပြန်ဖို့ မရှိပါဘူး။ ဒုတိယအနေနဲ့ကြည့်ရင် စစ်ရေးဘက်ကို မလုပ်ဖို့ ဖြစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ ချင်းလဲန်းကောင်စီက တပ်တွေကို မရာဒေသကို လာပို့တာလဲ။ ဘာလို့ စစ်ဆင်ရေး လာလုပ်နေတာလဲ။ လက်နက်အပြည့်အစုံနဲ့ ဘာလို့ လာနေတာလဲ။ အဲဒါကို မလာဘူးဆိုရင် စစ်ရေးဖော်ဆောင်စရာအကြောင်းလည်း မရှိပါဘူး။ ပြသနာဖြစ်စရာ အကြောင်းလည်း မရှိပါဘူး။ သူတို့တပ်တွေကို ရုတ်သိမ်းလိုက်ရင် ပြီးတဲ့ဟာကို သူတို့က ဒရုန်းရော၊ လက်နက်အပြည့်အစုံနဲ့ လာတိုက်နေတော့ ကျနော်တို့က ခံနေရမှာလား။ အဲဒါကြောင့် ကျနော်တို့ စစ်ရေးဘက်ကို လုံးဝ မပြုချင်လို့ ကျနော်တို့က အမြဲတမ်း ထိန်းနေရတာဖြစ်ပါတယ်။ အလကား သေလို့မရလို့သာ ခုခံကာကွယ်တဲ့အနေနဲ့ ဒီလိုအခြေအနေ ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း သေနတ်သံတွေ ကြားနေရတဲ့အချိန် ဖြစ်တယ်။ စာနဲ့လက်တွေ့က လုံးဝ ကိုက်ညီမှုမရှိဘူးလို့ပဲ ကျနော်တို့ မြင်ပါတယ်” ဟု MTC/ MDF အထွေထွေအတွင်းရေးမှူး Paw Sila က ပြောသည်။

ကန်ပက်လက်နှင့် မရာဒေသက ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား ပြေလည်မှုရရှိနိုင်ရေးအတွက် Third Party အရပ်ဖက်အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းမှုများလည်းရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.