Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်ကောင်စီ ၊ CDFs အစုအဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

ချင်းပြည်ကောင်စီ ၊ CDFs အစုအဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

0
By Editor on October 5, 2026 Headline

CB၊ CPA အပါအဝင် ချင်းနွေဦးတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောထား စုစည်းချက်များ ချမှတ်

(006SV)

ချင်းပြည်ကောင်စီ (CC) အစုအဖွဲ့ဝင်များဖြစ်သော ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) ထိပ်သီးခေါင်းဆောင်များ၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ချင်းနွေဦးတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်တစ်နေရာတွင် ချင်းပြည်ကောင်စီ အစုအဖွဲ့ဝင်ဖြစ်သော CDFs ၁၇ ဖွဲ့တို့မှ စစ်ချုပ်များ၊ စစ်ရေးတာဝန်ခံများ၊ အုပ်ချုပ်ရေးကဏ္ဍမှ ဥက္ကဌ၊ ဒုဥက္ကဌ စသည့် သက်ဆိုင်ရာ အဖွဲ့၏ အကြီးအကဲများသည် စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ သီးသန့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

ချင်းတော်လှန် အင်အာစုများအနေဖြင့် တစ်စုတစ်စည်းထဲ သွားနိုင်ရန်အတွက် CC မှ CDFs များ ပထမအကြိမ် တရားဝင် တွေ့ဆုံခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်တချို့ ချမှတ်ခြင်း၊ လုပ်ငန်းစဉ် ရေးဆွဲခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင်က ပြောသည်။

“အဓိကက CC မှာ ပါတဲ့ မြို့နယ်နဲ့ ဒေသ အစုအဖွဲ့က CDFs တွေ တွေ့ဆုံတာဖြစ်ပါတယ်။ ပါဝင်တဲ့ လူတွေက CDFs မှာဆိုရင် စစ်ချုပ်တွေ၊ စစ်ရေးတာဝန်ခံတွေ၊ အုပ်ချုပ်ရေးပိုင်မှာ ဆိုရင် ဥက္ကဌတို့၊ ဒုဥက္ကဌတို့ ဆိုတဲ့ဟာတွေ အဓိက အကြီးအကဲတွေကို ခေါ်တွေ့ကြတာ ဖြစ်ပါတယ်။ အဓိက CC မှာပါတဲ့ CDFs အစုအဖွဲ့တွေ ပိုပြီး စည်းလုံးမှု အားကောင်းနိုင်အောင်၊ CDFs သီးသန့်အနေနဲ့သော်၎င်း၊ မဟာမိတ်ပိုင်းဆိုင်ရာသော်၎င်း၊ CDFs အစုအဖွဲ့ထဲကနေ တခြားလုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုလည်း ကျနော်တို့ ဒီထက်မက ပိုပြီး တစ်စုတစ်စည်းနဲ့ တစ်သံ၊ တစ်မိန့်နဲ့ သွားနိုင်အောင် ကျနော်တို့ ရည်ရွယ်ထားတာဖြစ်တယ်” ဟု ဆလိုင်းနိုင်ဂျွန်ကင်က ပြောသည်။

ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသား ညီညွတ်ရေးနှင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးတွင် Chinland Defense Force (CDF) များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ချင်းနွေဦးတော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို သဘာထား စုစည်းချက်များ ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ချင်းနွေဦး တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတွင် ချင်းပြည်ကောင်စီမှ အစုအဖွဲ့နှင့် CDFs များသာမက ချင်းညီနောင် (CB) ၊ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) တို့နှင့်ပါ အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်ရေးကို သဘောထား စုစည်းချက်များ ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

“ကျနော်တို့ အင်အား၊ အဖွဲ့တွေသာ များတာ၊ စုဖွဲ့မှု မကောင်းရင်တော့ ဒီအဖွဲ့အစည်းဟာလည်း အသေပဲ၊၊ သို့ပေမယ့် စုဖွဲ့မှုက အဖွဲ့အစည်း အများကြီး မလိုဘဲနဲ့ ရှိတဲ့ အဖွဲ့အစည်းလေးနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းနိုင်ဖို့က ဒီဟာက အဓိက စုဖွဲ့မှုရဲ့ အဓိပ္ပါယ်ဆိုတဲ့ ဟာပေါ့၊၊ ဒီဟာကို ကျနော်တို့ အဓိက ဖော်ဆောင်ချင်တာ ဖြစ်တယ်။ ဒီဟာကို ကျနော်တို့ ဘယ်လိုပုံစံနဲ့ ပါဝင်နိုင်မလဲ၊ ဘယ်လိုမျိုးပုံသဏ္ဍာနဲ့ ရှေ့ဆက်သွားနိုင်မလဲဆိုတာ အဓိက ရည်ရွယ်ထားတာ ဖြစ်တယ်။ ကျနော်တို့ ချင်းပြည်ကို ဘယ်လိုမျိုုး ကာကွယ်မလဲ၊၊ ဘယ်လိုမျိုး ရှေ့ဆက် လုပ်ငန်းစဉ်တွေ ချမှတ်မလဲ၊၊ အတူတကွ CC စုဖွဲ့မှုထဲကပဲ မဟုတ်ဘဲနဲ့ CDFs တွေပဲ မဟုတ်ပဲနဲ့၊ တခြားသော CB အဖွဲ့အစည်းရော၊ ပြီးတော့ CPU/ CPA အဖွဲ့နဲ့ပါ ကျနော်တို့ ဘယ်လိုမျိုး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မလဲ ဆိုတဲ့ ဟာတွေကို အဓိက ရည်ရွယ်ပြီးမှ ဒါပထမအကြိမ် တွေ့ဆုံခြင်းဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင်က ပြောသည်။

ချင်းပြည်ကောင်စီ စုစည်းမှု ပိုမို အားကောင်းရေးနှင့် ချင်းတော်လှန်ရေးအဖွဲ့များ စုစည်း၍ စစ်အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDFs များထံမှ သိရသည်။

၂၀၂၁ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် စည်းလုံးညီညွတ်မှု အားနည်းနေသည့်အပေါ် ချင်းပြည်သူများလည်း စိုးရိမ်မှု ရှိနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်ဟု ချင်းပြည်ကောင်စီမှ အစုအဖွဲ့ဝင်ဖြစ်သော CDFs များက ထုတ်ပြန်သည်။

“အဓိက ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ တချို့သော နားလည်မှု လွှဲနေတဲ့ အရာတွေ၊ နိုင်ငံရေးမှာရော၊ စစ်ရေးမှာရော အများကြီး ရှိတယ်။ ဒီဟာကို ကျနော်တို့ အချင်းချင်းကြားမှာ၊ လက်နက်ကိုင်အချင်းချင်းကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေရော ကျနော်တို့ အတူတကွ ဝိုင်းဝန်ဖြေရှင်းဆောင်ရွက်နိုင်ဖို့ရန်အတွက် ရည်ရွယ်ထားတယ်။ လက်ရှိအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် လုံးဝ ဒီ့အတိုင်း လက်ပိုက်ကြည့်နေလို့ မရတဲ့ အခြေအနေမျိုးတွေ ဖြစ်တယ်” ဟု ဆလိုင်းနိုင်ဂျွန်ကင်က ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) များသည် ချင်းပြည် လွတ်မြောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးတွင် မြို့နယ်နှင့် ဒေသအစုအဖွဲ့များအနေဖြင့် ချင်းပြည်ကောင်စီမှာ ပူးပေါင်းဝင်ကြသော အဖွဲ့အစည်းများဖြစ်သည်။

ချင်းပြည်ကောင်စီ၏ အစုအဖွဲ့တစ်ခုဖြစ်သော မြို့နယ်နှင့်ဒေသ အစုအဖွဲ့တွင် CDFs အဖွဲ့ဝင် ၁၉ ဖွဲ့ ရှိပြီး လက်ရှိ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးပွဲကို CDFs ၁၇ ဖွဲ့က တက်ရောက်ခြင်းဖြစ်သည်။

ချင်းနွေဦးတော်လှန်ရေး၏ ၅ နှစ်ခွဲကျော် ရှိလာချိန်တွင် ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးအင်အားစုများအကြား သဘောထား မတူညီညွတ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ချင်းအင်အားစုများ သိမ်းပိုက်ထားသော မြို့တချို့ကို စစ်တပ်ထံ ပြန်လက်လွှတ်လိုက်ရသကဲ့သို့ ချင်းတောင်မှ မြို့များကိုလည်း စစ်တပ်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

November 13, 2026

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

November 13, 2026

ZCDF- Zo Army ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

November 12, 2026

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.