Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်က လူငယ်တွေ စစ်မှုထမ်းဥပဒေကနေ ဘယ်လိုရုန်းထွက်မလဲ

ချင်းပြည်က လူငယ်တွေ စစ်မှုထမ်းဥပဒေကနေ ဘယ်လိုရုန်းထွက်မလဲ

0
By Editor on February 20, 2024 Featured

(06SV၊ 02MG၊ 04SS)

အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ဉပဒေကို စစ်ကောင်စီက ဒီလဖေဖော်ဝါရီလထဲ အတည်ပြုလိုက်ပြီးတဲ့နောက် ချင်းပြည်၊ မြို့တွေပေါ်က လူငယ်၊ လူရွယ်တွေနဲ့ မိဘတွေကြားမှာ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။

ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့ လမ်းမတွေပေါ်မှာ စစ်ကောင်စီဂိတ်စခန်း တွေကို ပုံမှန် မြင်တွေ့ရ ပေမယ့် လူငယ်လူရွယ်တွေ သွားလာလှုပ်ရှားမှုက ဒီရက်ပိုင်း တစ်နေ့ထက် တစ်နေ့ ပိုနည်းလာနေပါတယ်။

အဲဒါက ဟားခါးက လူငယ်လူရွယ်တွေ အဖမ်းခံရပြီး စစ်တပ်လူသစ်စုမှုထဲ ပါသွားမှာ စိုးရိမ်မှုအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မတွေ့အောင် ပိုတိမ်းရှောင်လာကြလို့ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်က ဟားခါးမြို့ပေါ်မှာပဲ ဖြစ်နေတာမဟုတ်ပဲ ချင်းပြည်က တခြား မြို့ပေါ်တွေမှာလည်း ဖြစ်ပွားနေပါတယ်။

“အဖမ်းခံရမှာ စိုးတဲ့အခါကြတော့ မတွေ့ဖြစ်အောင် ရှောင်ရတယ်။ စစ်ဉပဒေပြဌာန်းပြီးနောက် ဟားခါးမြို့မှာ လူငယ်တွေ အသွားအလာအရင်ကထက် သိသိသာသာနည်းပါးသွားတယ်” လို့ အဲဒီဟားခါးမြို့ခံက ပြောပါတယ်။

အိမ်ရှေ့အထိ ရောက်လာပြီး တံခါးခေါက်လာရင် ထွက်ပေါက်ရှာကာ ထွက်ပြေးဖို့ကိုလည်း အသက် ၃၀ အရွယ်၊ တောင်ယာလုပ်ကိုင်နေတဲ့ ဟားခါးမြို့ခံလူငယ်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

 တစ်နိုင်ငံလုံးက ၁၃ သန်းနီးပါး လူငယ်တွေနဲ့ မိဘဆွေမျိုးတွေကို စိုးရိမ်ပူပန်စေပြီး ဝရုန်းသုန်းကားဖြစ်စေတဲ့ ဥပဒေ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ နအဖစစ်အစိုးရက ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ၊ တော်လှန်းရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ စစ်ဖြစ်ပွားမှု ပိုမိုကျယ်ပြန်လာနေချိန် ဖော်ဖော်ဝါရီလ ၁၀ ရက်မှာ စတင် အာဏာတည်စေရမယ်လို့ ကြေညာခဲ့ပါတယ်။

ပြည်ပနိုင်ငံတစ်ခုခုနဲ့ စစ်မက်ဖက်ပြိုင် နေရချိန်မဟုတ်ပါဘဲ ဒီဥပဒေကို အခုစစ်ခေါင်းဆောင်က အသက်သွင်းလိုက်တာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်၊ လူရွယ်တွေဟာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်အရ ၁၃ သန်း (အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း) ရှိနေပြီး တစ်နှစ်ကို ၅/၆သောင်းခန့် ခေါ်ယူမယ်လို့ စစ်ကောင်စီ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတွေဟာ မိမိတို့ ဒေသနဲ့ ရပ်ရွာတွေမှာ ပြန်လည်ထမ်းဆောင်ရမှာဖြစ်ပြီး အကျုံးဝင်တဲ့ လူငယ်လူရွယ်တိုင်းကို ရေရှည်စီမံချက်နဲ့ ဖော်ဆောင်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက စစ်တပ်ပိုင်း သတင်းစာတွေမှာ ပြောထားပါတယ်။

ဒီလိုဖော်ဆောင်ပုံအရ နောင်လာမယ့် စစ်ပွဲတွေရဲ့ အသွင်ဟာ လူမျိုး အုပ်စု၊ ဒေသအုပ်စုအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုပ် ခွပ်ခိုင်းတဲ့ သဘောဖြစ်လာနိုင်ပြီး မြေနိမ့်ရာ လှံစိုက်ခံရတဲ့ နွမ်းပါးသူ လူထုအပေါ် ပို၍ဆိုးကျိုးသက်ရောက်မှု ကြီးမားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး ၄ ရက်အကြာမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့ကို ဦးဆောင်စေလျက် ဝန်ကြီးဌာနစုံက အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့စည်းပါတယ်။

နောက်တစ်ရက်မှာ တိုင်းနဲ့ ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို ဦးဆောင်စေလျက် အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းက အရွယ်ရောက်သူတိုင်းကို စစ်တပ်ထဲ သွက်သွင်းနိုင်ဖို့ ဥပဒေအတည်ပြုပြီး နှစ်လ နီးပါးအကြာ၊ ဧပြီလမှာ ပထမအကြိမ် သင်တန်းပေးကာ စစ်မြေပြင်ပို့နိုင်ဖို့ အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဆောင်ရွက်နေပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေအရ သာမန်အမျိုးသားက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်ပြီး အတတ်ပညာတတ်မြောက်သူတွေက အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ စာရင်းဝင်ပါတယ်။

သာမန်အမျိုးသမီးက အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အကျုံးဝင်ပြီ အတတ်ပညာတတ်မြောက်သူတွေက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ စာရင်းဝင်ပါတယ်။

စစ်မှုထမ်းရသူတွေဟာ သာမန်အခြေအနေမှာ ၂ နှစ်၊ အတတ်ပညာတစ်ခုခု ကျွမ်းကျင်သူဖြစ်ပါက ၃ နှစ် ထမ်းဆောင်ရမှာဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။

စစ်ကောင်စီလက်အောင်မှာ တပ်သားဖြစ်လာမယ့်သူတွေဟာ အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်းနဲ့ ညီမျှတဲ့ ၂၈၄၀၀၀ လစာသာ ရရှိမှာဖြစ်ပါတယ်။

အဲဒီဥပဒေအရ စစ်ကောင်စီတပ်ထဲ မဝင်ခြင်း၊ စစ်မှုထမ်းရန် စာရင်းမသွင်းခြင်း၊ စာရင်းသွင်းပြီး ဆေးစစ်မှု မပြုခြင်း၊ ဆင့်ခေါ်စာရပြီး မလာရောက်ခြင်းနဲ့ အထောက်အထား လိမ်ညာပါက ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်ပါတယ်။

စစ်ကောင်စီတပ်ထဲ မဝင်ရရေး ထိခိုက်ဒဏ်ရာ ရရှိအောင် လုပ်ခြင်းကို ထောင်ဒဏ် ၅ နှစ်နဲ့ အားပေးကူညီသူကို ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ပါတယ်။

ဒါအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဝင်ရောက်အမှုထမ်းရန် အကျုံးမဝင်တဲ့ အရွယ်ရောက်ပြီးသူတိုင်းကို ပျုစောထီး (ပြည်သူ့စစ်) အနေဖြင့် စစ်ကောင်စီက တပ်အင်အားချဲ့ထွင်နေမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။

 ချင်းပြည်မှာ ဘယ်လောက် သက်ရောက်မှု ရှိလဲ၊

“ဒီဟာက ချင်းမှာ မြို့ပေါ်ဒေသမှာ အနည်းအကျဉ်းတော့ သက်ရောက်မှု ရှိလိမ့်မယ်။ ကျေးလက်ဒေသ တွေမှာတော့ လုံးဝသက်ရောက်မှု ရှိလိမ့်မယ် မထင်ဘူး” လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ချင်းပြည်မှာ ရက္ခိုင်တပ်တော် AA က ပလက်ဝမြို့၊ ဆမီးမြို့နဲ့ ချင်းတော်လှန်ရေးအင်အားစုတွေက ရိခေါဒါရ်၊ ဝေဘူလ၊ နာရိန်၊ ဆူရ်ခွာ၊ မကွီးအိမ်နူး၊ လိုင်လင်းပီ၊ ရေဇွာ စတဲ့ မြို့တွေ အပါအဝင် ကျေးလက်ဒေသအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒီကနေ့မှာ စစ်ကောင်စီက ချင်းပြည်နယ်ရဲ့ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နဲ့ မင်းတပ် စတဲ့ မြို့ပေါ်တွေကိုတော့ ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့မြို့ပေါ်က လူငယ်လူရွယ်တွေ ကိုသာ ဦးတည်ပြီး အတင်းအဓမ္မ ဖမ်းဆီးစုဆောင်တာမျိုုးတွေ ပြုလုပ်နိုင်တယ်လို့ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

“ဒီလို ပြဌာန်းမှုကနေ လူအခွင့်အရေး ချိုးဖောက်မှုတွေ နည်းမျိုးစုံနဲ့ ရှိလာမယ့် အနေအထား ရှိနေတယ်။ ဒီဥပဒေ ဘောင်ထဲ ဝင်နေသူတွေကို အတင်းအဓမ္မ ဖိအားပေးနိုင်လို့ သူတို့မှာ မလုံခြုံမှုကို အများကြီး သက်ရောက်စေတယ်။ ဒီမှာ ဘယ်သူကမှ စစ်မှု ထမ်းချင်မှာ မဟုတ်ဘူး” လို့ CHRO စီမံခန့်ခွဲရေးအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေဟာ ချင်းပြည်အပေါ်မှာ သက်ရောက်မှု အားနည်းနိုင်ပေမယ့် ချင်းလူထုနဲ့ ချင်းလူမျိုးတွေအပေါ်မှာ သက်ရောက်မှု ကြီးတယ်လို့ ချင်းအရပ်ဖက်အသိုင်းအဝိုင်းကပြောပါတယ်။

ချင်းလူမျိုးတွေဟာ ချင်းပြည်မှာသာမက ကလေးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲမှာ အများအပြားနေထိုင်ကြသလို မကွေး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း ပျံ့နှံ့နေထိုင်ကြတဲ့အတွက် အဲဒီအဒေသတွေက ချင်းတွေအပေါ်မှာလည်း သက်ရောက်မှု ကြီးနေပါတယ်။

ချင်းပြည်အပါအဝင် နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို သက်ရောက်မှုကြီးမားလှတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဖြစ်လာနိုင်ခြေ (၅) ရပ်ကိုလည်း မဟာဗျူဟာနဲ့ မူဝါဒရေးအင်စတီကျူ ISP – Myanmar က သုံးသပ်ပါတယ်။

နိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာနိုင်ခြင်း၊ အဂတိလိုက်စားမှုတွေ ကျယ်ပြန့်လာနိုင်ခြင်း၊ အစုလိုက်အပြုံလိုက် ပြည်ပထွက် ရွှေ့ပြောင်းထွက်ခွာနိုင်ခြင်း၊ လူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဆီကို သွားရောက် ပါဝင်နိုင်ခြေရှိခြင်းတို့ဖြစ်ပါတယ်။

ဒါ့အပြင် စစ်သားစုဆောင်းမှုတွေရဲ့ ပစ်မှတ်ဟာ ကျေးလက်လူငယ်၊ ဆင်းရဲသားလူငယ်တွေ ဖြစ်နိုင်မယ့်အပြင် ဗမာလူငယ်တွေ၊ ပဋိပက္ခနဲ့ လက်နက်ကိုင်တပ် ကြီးကြီးမားမား မရှိတဲ့ နယ်မြေတွေက လူမျိုးစုလူငယ်တွေ ဖြစ်နိုင်တယ်လို့ ISP – Myanmar က သုံးသပ်ပါတယ်။

 ချင်းလူငယ်လူရွယ်တွေ ဘာလုပ်ကြမလဲ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းနဲ့ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်း သူများ ကင်းလွတ်ခွင့်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ရသူတွေနဲ့ စစ်တပ်ဆေးတပ်ဖွဲ့ စစ်ဆေးရေး ဘုတ်အဖွဲ့က မသင့်လျော်လို့ သတ်မှတ်သူတွေ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဒီဥပဒေကနေ ကင်းလွတ်ခွင့် မရတဲ့ ချင်းလူငယ်လူရွယ်တွေက ထွက်ပေါက်တစ်ခုအနေနဲ့ ချင်းပြည်ကနေ နည်းလမ်းမျိုးစုံနဲ့ တိမ်းရှောင်သွားခြင်းဟာ ချင်းပြည်အနာဂါတ်ရဲ့ အဖြေ မဟုတ်ဘူးလို့ ချင်းအရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ခုချိန်မှာ ချင်းပြည်လူဦးရေရဲ့ လေးပုံတစ်ပုံဟာ မိမိဒေသကနေ လွတ်မြောက်နယ်မြေ ပြည်တွင်း/ပြည်ပသို့ ထွက်ပြေးတိမ်း ရှောင်နေရပြီး စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ချင်းပြည်မှ ထပ်မံထွက်ခွာသွားရင် စိုးရိမ်စရာကောင်းတယ်လို့ ဆိုကြပါတယ်။

“ဒီပြသနာက ရှောင်ရမယ့် ပြသနာလို့ မထင်ဘူး။ ရင်ဆိုင်ရမယ့် ပြသနာတစ်ခုလို့ ထင်တယ်။ ပြည်တွင်းမှာ ရှိတဲ့ လူငယ်တွေ၊ ချင်းအပါအဝင် လူငယ်များစွာက ဒီဟာကို ရင်ဆိုင်ဖို့ပဲ နည်းလမ်းတွေ ရှာဖွေပြီး ရင်ဆိုင်လိုက်တယ်ဆိုရင် အဆုံးသတ်တိုက်ပွဲအတွက် အခွင့်အလမ်းတွေ ဖြစ်မယ်လို့ ကျနော်ထင်တယ်” လို့ India for Myanmar မှ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

မရင်ဆိုင်ဘဲ တိမ်းရှောင်လိုက်ပါက စစ်ကောင်စီက ဒီဥပဒေနဲ့ အင်အားတွေ စုစည်းနိုင်တဲ့အတွက် စစ်ကောင်စီ မပြိုလဲဘဲ အနာဂါမျိုးဆက်သစ်တွေအားလုံး ခါးစည်းခံရလိမ့်မယ်လို့ ထောက်ပြကြပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဒီဥပဒေပြဌာန်းမှုမှ အခွင့်အလမ်းတွေအဖြစ် ညီညီညွတ်ညွတ်နဲ့ ပြန်လည်ဖန်တီးနိုင်ဖို့ လိုအပ်ပြီး ပြည်မဘက်က ချင်းလူငယ်လူရွယ်တွေနဲ့ ချင်းပြည်က ချင်းလူငယ်တွေကို တော်လှန်ရေးမှာ ပေါင်းစည်းလာနိုင်ဖို့ ဖိတ်ခေါ်ကာ ချင်းပြည်တော်လှန်ရေးကို အလျင်အမြန် အပြီးသတ်နိုင်ဖို့ ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။

ဒီလိုအကောင်အထည်ဖော်နိုင်ရန် ချင်းတော်လှန်ရေးကို ဦးဆောင်နေကြသူတွေအကြား စစ်ရေးနဲ့ နိုင်ငံရေးအရ သဘော ထားကွဲလွဲမှုတွေကိုလည်း အမြန်ဆုံးအဆုံးသတ်ဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ ဒီဥပဒေကြောင့် ကြားနေလူငယ်လူရွယ်တွေကို စစ်ကောင်စီတပ်ထဲ ဝင်မလား၊ ဒေသခံတော်လှန်ရေးတပ်ထဲ ဝင်မလားကို သဲသဲကွဲကွဲ မြင်ရတော့မယ်လို့ ချင်းအရပ်အဖက်အဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။

“ချင်းပြည်နယ်မှာ ရှိတဲ့ ICNCC ဒါမှမဟုတ် ချင်းလဲန်းအစိုးရ ဒါ့မမဟုတ် ကိုယ့်ရဲ့ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ လူတွေက ဘယ်ဟာကို ငါတို့ အစိုးရအနေနဲ့ ထောက်ခံမလဲ၊ ဘယ်အဖွဲ့အစည်းက ချမှတ်တဲ့ ဥပဒကို လိုက်နာမလဲဆိုတာ ပြည်သူတွေက ကွဲကွဲပြားပြားနဲ့ လက်ခံဖို့လည်း လိုအပ်လာပြီ”လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ၊ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အောက်မှ CNF/ CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့တွေနဲ့ ICNCC ၊ ချင်းညီနောင်အဖွဲ့မှ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်နေတဲ့ လူငယ်လူရွယ်တွေကို ၎င်းတို့နဲ့ပူးပေါင်းလာကြရန် ဖိတ်ခေါ်ထားပါတယ်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေမှာ မပူးပေါင်းချင်တဲ့ လူငယ်လူရွယ်တွေအတွက်လည်း တခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ရှိတယ်လို့ ချင်းအရပ်ဖက်အဖွဲ့တွေက ထောက်ပြပါတယ်။

ချင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင် အားဖြည့်ကြဖို့ဖြစ်ပါတယ်။

“တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဝန်ထမ်းလိုအပ်ချက်တွေမှာ ဖြည့်ဖို့၊ တစ်ဖက် တစ်လမ်းကနေ ကိုယ်ရရှိထားတဲ့ ပညာရပ်ကို ဒီကနေ အသုံးချပြီး ကျေးလက်က ချင်းလူငယ်တွေကို ပြန်လည် အမြင်ဖွင့်တဲ့ လုပ်ငန်းကို ဝိုင်းဝန်း လုပ်ကြဖို့ လိုပါတယ်။ ဒီလို လုပ်နိုင်ဖို့လည်း တော်လှန်ရေး အဖွဲ့အစည်းအသီးသီးက စီမံချက် စနစ်တကျ ချမှတ်ဖို့ လိုတယ်” လို့ India for Myanmar တည်ထောင်သူ ချင်းအရေး တက်ကြွလှုပ်ရှားသူ ဆလိုင်း ဒိုခါရ်က ပြောပါတယ်။

CDF – မင်းတပ်ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရောက်ရှိနေတဲ့ မင်းတပ်မြို့ခံ အမျိုးသမီးငယ်တစ်ဦးကတော့ မင်းတပ်မြို့ပေါ်က ညီအစ်ကိုမောင်နှမနဲ့ ဆွေမျိုးတွေအတွက် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအစိုးရ ရုံးစိုက်ရာ ဟားခါးမြို့က တောင်ယာလုပ်ကိုင်တဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီက အဲဒီဥပဒေနဲ့ လာဖမ်းခေါ်ပါက ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထဲ လျှောက်လွှာသွားတင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

တီးတိန်မြို့က CDM သူနာပြုဆရာမတစ်ဦးကလည်း လွတ်မြောက်နယ်မြေထဲ သွားဖို့ လမ်းကြောင်းအဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

“ကျွန်မက အထုပ်တွေ၊ ပစ္စည်းတွေကို အဆင်သင့်ပြင်ထားတယ်၊ ကျွန်မကို ကျွန်မအဆင်သင့် လုပ်ထားပါတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.