Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်၏ စစ်ရေး နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုပြီး လူမျိုး၊ ဒေသ၊ အစုအဖွဲ့၊ ပါတီစွဲ ကင်းကင်းဖြင့် အတူတကွ တိုက်ပွဲဝင်ကြရန် CNF ထုတ်ပြန်

ချင်းပြည်၏ စစ်ရေး နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုပြီး လူမျိုး၊ ဒေသ၊ အစုအဖွဲ့၊ ပါတီစွဲ ကင်းကင်းဖြင့် အတူတကွ တိုက်ပွဲဝင်ကြရန် CNF ထုတ်ပြန်

0
By Editor on February 20, 2025 Headline

(002MG)

ချင်းပြည်၏ လက်ရှိတော်လှန်ရေးကာလ စစ်ရေးနှင့် နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုကာ လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲကင်းကင်းဖြင့် တော်လှန်ရေးအင်အားစုများအကြား ခိုင်မာသည့်ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ တွင် ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းပြောဆိုလိုက်သည်။

အတိတ်ကာလ ဖြတ်သန်းခံစားခဲ့ကြရသည့် နိုင်ငံရေး ဆုံးရှုံးမှုများအား သင်ခန်းစာ ယူကာ ပိုမို ခါးသီး သော အာဏာရှင် စနစ်ဆိုးမွေများအား အနာဂတ်မျိုးဆက်သစ်များပြန်လည်မခံစားစေအရေးသည် မိမိတို့ ပခုံးပေါ်တွင် ကျရောက်နေပြီ ဖြစ်သည်နှင့်အညီလူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲကင်းကင်းဖြင့် “အဓိက နှင့် သာမည” ကို ခွဲခြမ်းစိတ်ဖြာပြီး တော်လှန် ရေးအင်အားစုများအကြား ခိုင်မာသောယုံကြည်မှုတည်ဆောက်ကာ အတူတကွတိုက်ပွဲဝင်ကြရန် ချင်းအမျိုး သားတပ်ဦးက တိုက်တွန်းတောင်းဆိုခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ဖွဲ့စည်းထားသည့် ချင်းလဲန်း ကောင်စီ၊ ချင်းလဲန်းအစိုးရ၊ ချင်းလဲန်း လွတ်တော်နှင့် တရားလွတ်တော် ပိုမိုအားကောင်းခိုင်မာရေးနှင့် ၁၉၄၇ ပင်လုံကို အခြေခံ၍ ထူထောင်ခဲ့သော ပြည်ထောင်စုကြီး မပြိုကွဲရေးနှင့် နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်တည် ဆောက်နိုင်ရေးအ တွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက် ညီစွာ အခိုင်အမာတည်ဆောက်ပြီး ယုံကြည်ချက်နှင့် ဦးတည်ချက် တူညီသော ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြားမိတ်ဖက်များ၊ နိုင်ငံတကာ အစိုးရများနှင့် လက်တွဲ ပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့တော်လှန်ရေး (၄) နှစ်တာ စစ်ရေးနှင့် နိုင်ငံရေး တုံ့ပြန်မှုအားကြောင့် အထွေထွေ အကြပ်အတည်းများ နှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ၏ မသမာသော နိုင်ငံရေးလှည့်ကွက်၊ စစ်ရေး အကြမ်းဖက်မှုများ အပေါ် မိမိတို့ အနေဖြင့် “စစ်ရေးနိုင်ငံရေးသတိ” ရှင်ရှင်ထားကာ ချင်းပြည် (Chinland) အတွင်း စစ်တပ် အပြီးတိုင် ကင်းစင်ရေးမှ သည် ပြည်ထောင်စုတဝှမ်းလုံး စစ်ကောင်စီအမြစ်ပြတ်ချေးမှုန်းရေးအတွက် ဘဝတူမိတ် ဖက်တော်လှန်ရေး အင်အား စုများနှင့် ဆက်လက်ပူးပေါင်းတိုက်ပွဲဝင် သွားမည်ဟုလည်း ချင်းအမျိုး သားတပ်ဦးက ထုတ်ပြန်သည်။

ပြည်သူ့တော်လှန်ရေးတွင် အမျိုးသားရေးအောင်ပွဲအဖြစ် ခံယူတိုက်ပွဲဝင်ယင်း အသက်ပေး လှူသွား ကြသည့် သူရဲကောင်း အာဇာနည်များအား ဦးညွှတ် ဂါရဝပြုကြောင်း၊ ကိုယ်အဂ်ါ တစိတ်တပိုင်းအား ပေးလှူ သွားကြသည့် ရဲဘော်ရဲမေများအား ဂုဏ်ပြုလေးစားကြောင်းနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မူကြောင့် မိဘ ပြည်သူများ လူမှုဒုက္ခကြုံတွေ့နေမှုများ အပေါ် ထပ်တူခံစား၊ စာနာကြောင်း အလေးအနက်ဖော်ပြထားသည်။

ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားတရပ်အဖြစ် အမျိုးသားစု စည်းမှုကို ထုတ်ဖော်ပြသကာ နယ်ချဲ့ဆန့်ကျင့်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အပါအဝင် မျိုးနွယ်စု၊ အကြီးအကဲ များ မိမိ မျိုးနွယ်နှင့် ဒေသအလိုက် မိရိုးဖလာကျင့်သုံးလာခဲ့သော အမွေဆက်ခံ အုပ်ချုပ်ရေး စနစ်ဟောင်းမှ ချင်းတမျိုး သားလုံး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးရန် အမျိုးသားရေးဆိုင်ရာ နိုင်ငံရေးဆုံး ဖြတ်ချက် ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင်နေ့ထူးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.