Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းမှာ မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထား

ချင်းမှာ မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထား

0
By Editor on February 3, 2025 Headline

၄ နှစ်တာကာလအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ၄၈၀ နီးပါး ကျဆုံး

(006SV)

ချင်းပြည်နယ်၏ စစ်အာဏာရှင်တော်လှန်ရေးအတွင်း မြို့ပေါင်း ၁၅ မြို့ကို ချင်းခုခံတော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲက အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ရဲဘော် ၄၇၄ ဦး ကျဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA ထံမှ သိရသည်။

စစ်အာဏာသိမ်းယူပြီး ၄ နှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ သုတေသနပြုလုပ်ချက်များကို ချင်းရေးရာအဖွဲ့ချုပ် – ICA က ဇန်နဝါရီလ ၁ ရက်မှာ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

“ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ကျဆုံးတာက တိုက်ပွဲဖြစ်ရင်နဲ့ ကျဆုံးတာက အများဆုံး တွေ့ရတယ်။ အမျိုးသမီးတွေ ကျဆုံးတာက ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ ဒီလေကြောင်းတိုက်ခိုက်မှု ကြောင့်သော်လည်းကောင်း ကျဆုံးတာတွေကို တွေ့ရှိရပါတယ်” ဟု ICA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက ပြောသည်။

ချင်းလူငယ်များသည် အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြကြရာမှ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ခုခံတော်လှန်ရန် နေရာ အသီးသီးတွင် တော်လှန်ရေးတပ်ဖွဲ့များ တည်ထောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။

ချင်းညီနောင်ဖွဲ့စည်း တည်ထောက်ပြီး တနှစ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များမှ ရဲဘော် ၁၀၀ ဝန်းကျင် ကျဆုံးပြီး ၄၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ တည်ထောင်မှု တနှစ်ပြည့်၊ ၂၀၂၄ ဒီဇင်ဘာလက ပြောကြားထားသည်။

လေးနှစ်နီးပါးအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၅၀ ခန့်ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ သည်ဟု ချင်းညီနောင် စစ်ရေးတာဝန်ခံ ကိုထန်းချွန်းဖေက ပြောခဲ့သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့ဝင်သည်လည်း ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အများအပြား ရှိနေသော်လည်း တရားဝင်အသိပေးထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းမှု ၄ နှစ်တာတွင် ချင်းအရပ်သားပြည်သူ ၄၉၁ ဦးသည် စစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ICA အဖွဲ့က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၄၉ ဦး သေဆုံးပြီး ၄၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လူနေအိမ် ၁၂၈၀ ကျော်၊ အစိုးရ အဆောက်အဦး ၃၈ လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၃၉ လုံးထက်မနည်း ပျက်စီးရသည်ဟု သိရသည်။

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်လာတဲ့အခါမှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဗုံးကြဲတယ်ဆိုတာထက် ပြည်သူတွေ ရှိတဲ့နေရာကို လေကြောင်းက ဗုံးကြဲတာတွေ မြို့ပြနေရာတွေ၊ လူနေအိမ် ထူထပ်တဲ့ နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကို တော်တော်များများပြုလုပ်လာတာကို တွေ့ရတယ်။ သေဆုံးရတဲ့ ဟာမှာလည်း ပြည်သူတွေက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာက ပိုများတဲ့ အနေအထားမှာ ရှိတယ်။ တကယ့်တိုက်ပွဲဖြစ်တဲ့ နေရာထက်စာ ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်ဆိုတာ ထင်ရှားနေပါတယ်” ဟု ICA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက ပြောသည်။

ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ရာတွင် ဗုံးအလုံးရေ ၁၀၆၁ လုံး ကြဲချတိုက်ခိုက်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က အသုံးပြုသော မြေမြှုပ်မိုင်းများကြောင့် တောင်ယာသွားသော လမ်းမှ မြေမြှုပ်မိုင်း နင်းမိ၍ လေးနှစ်အတွင်း ချင်းလူမျိုး ၇၇ ဦး သေဆုံးပြီး ၁၀၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် အရပ်သားနေအိမ်များ မီးရှို့ခံရမှုမှာ တနှစ်ထက် တနှစ်ပိုများပြားလာပြီး ၂၀၂၃ ခုနှစ်က မီးရှို့ဖျက်စီးခံရမှု ၄၀၇ လုံးသာ ရှိရာ ၂၀၂၄ ခုနှစ်တွင် ၁၃၀၁ လုံးအထိ နှစ်ဆကျော် ရှိလာခဲ့သည်။

အာဏာသိမ်း ၄ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ်အဆောက်အဦးပေါင်း ၃၄၇၉ လုံးထက်မနည်း မီးလောင်ပျက်စီးခံခဲ့ရ သည်ဟု သိရသည်။

“နေအိမ်တွေ မီးတင်ရှို့တာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပိုများလာတာက ၂၀၂၄ ထဲမှာ မြို့သိမ်းတိုက်ပွဲက တော်တော် လေးများလာတယ်။ မြို့သိမ်းတိုက်ပွဲတွေရဲ့ နောက်ဆက်တွဲလို့ ပြောရမလား၊ တွဲပြီး ပါလာတဲ့ စစ်ကောင်စီရဲ့ နည်းဗျူဟာ တခုပေါ့နော်။ သူတို့ အခြေအနေ မဟန်တော့တဲ့အခါမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့ နေရာကိုပဲ ဦးတည်တိုက်ခိုက် တာမျိုး မဟုတ်တော့ဘဲနဲ့ ပြည်သူတွေ ရှိတဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်လာတာကို ထင်းထင်းရှားရှား တွေ့လာရတယ်” ဟု ဆလိုင်းဗန်ဆွီးစံက ပြောသည်။

တော်လှန်ရေးကာလ အိန္ဒိယသို့ စစ်ဘေးရှောင်သူ ချင်းလူမျိုး ၆၅၀၀၀ ကျော်ရှိပြီး ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ရသူ ၁၃၀, ၀၀၀ ခန့်ရှိကြောင်း ICA ထံမှ သိရသည်။

ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် ရိခေါဒါရ်၊ ရေဇွာ၊ ဝေဘုလ၊ နှာရိန်၊ ဆူရ်ခွါ၊ ပလက်ဝ၊ ဆမီး၊ ကျင်ဒွေ၊ ကျီခါး၊ တွန်းဇံ၊ မတူပီ၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်း ချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.