Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတက်ရောက်မည်မဟုတ်ဟု ချင်းတော်လှန်ရေး ၃ ဖွဲ့က ပူးတွဲကြေညာ

ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတက်ရောက်မည်မဟုတ်ဟု ချင်းတော်လှန်ရေး ၃ ဖွဲ့က ပူးတွဲကြေညာ

0
By Editor on December 5, 2023 Khonumthung

မကြာခင်ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံမှာ ချင်းလက်နက်ကိုင်တော် လှန်ရေး ၃ ဖွဲ့က တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် အချို့သော ချင်းလွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကာ လာမည့် ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန် စီစဉ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO), ချင်းအမျိုးသားကောင်စီ (မင်းတပ်) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး စသည့် ၃ ဖွဲ့၏ ယနေ့ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေးမရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု အဆိုပါ ၃ ဖွဲ့ကဆိုသည်။

ထို့ကြောင့် အဆိုပါ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေးညီလာခံတွင် မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား ကိုယ်စားပြုသည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့မှ တက်ရောက်မည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ကြေညာထားသည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ချင်းပြည်နယ်အစိုးရ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း ညီလာခံတစ်ရပ်ခေါ်ယူချင်းပခဲ့ပြီးဖြစ်သည်။

ထိုညီလာခံတွင် ချင်းတော်လှန်ရေးအင်အားစုထဲက CNO/CNDF နှင့် ZFU/PDF-Zoland တို့သာ တက်ရောက်ခြင်းမရှိခဲ့ပေ။

ယခု ပြန်လည်ကျင်းပမည့် ညီလာခံတွင်မူ CNO/CNDF နှင့် ZFU/PDF-Zoland အပြင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat) လည်း မတက်ရောက်မည့်အဖွဲ့တွင် ပါ၀င်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.