Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးများ ၎င်းတို့အိမ်ယာမှ ‌မြို့ထဲသို့ပြောင်းရွှေ့

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးများ ၎င်းတို့အိမ်ယာမှ ‌မြို့ထဲသို့ပြောင်းရွှေ့

0
By Editor on April 24, 2024 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီခန့်ဝန်ကြီးများသည် လုံခြုံရေးအခြေအနေကြောင့် ဝန်ကြီးများအိမ်ယာတွင် မနေရဲကြတော့ဘဲ ချင်းဦးစီးရပ်ကွက်ရှိ တိုက် ၉ လုံးတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၂ ရက်နေ့က ဝန်းကြီးများအိမ်ယာမှ ဟားခါးမြို့ထဲသို့ရုံးတက်ရန်ထွက်လာစဉ် ၎င်းတို့ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့မြို့ထဲသို့ပြောင်းရွှေခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

“ဟိုတစ်ခါ ဝန်ကြီးတွေ အပစ်ခံရတယ်လေ၊ စစ်ခွေးတွေက သူတို့အိမ်ရာမှာ မနေရဲကြတော့ဘူးနဲ့ တူတယ်။ ခုဒီဘက်မြို့ထဲ ပြောင်းလာကြပြီလေ၊ တိုက် ၉ လုံးမှာ၊ သိပ်မကြာသေးဘူး အခု တစ်ပါတ်မပြည့်သေးဘူး” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။

တိုက် ၉ လုံးအိမ်ယာသည် ၂၀၁၀ ခုနှစ်တုန်းက ယခုဝန်ကြီးများအိမ်ယာ မပြီးစီးသေးခင်က ချင်းပြည်နယ်ဝန်ကြီးများ နေထိုင်ခဲ့သည့် အိမ်ယာဖြစ်ပြီး နောက်ပိုင်းတွင် ဌာနဆိုင်ရာအရာရှိများ နေထိုင်ကြသည်။

တိုက် ၉ လုံးအိမ်ယာတွင် နေထိုင်နေသော ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ရုံးအရှေ့ သုံးထပ်တိုက် ဝန်ထမ်းကွာတာနှင့် ခရိုင်စုပေါင်းရုံးနောက်ဖေးရှိ ဝန်ထမ်းကွာတာများသို့ ပြောင်းရွှေ့ခိုင်းထားကြောင်း ဒေသခံများထံများထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ ဟတ်စကီးတစ်စင်း ဟားခါးမြို့ပေါ်သို့ဆင်းသက်ကာ ဧပြီလ ၁၂ ရက်နေ့က တိုက်ခိုက်ခံရခြင်းကြောင့် ဒါဏ်ရာရရှိသူများအား ခေါ်ဆောင်သွားကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha သည် ဟားခါးမြို့တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော် ဆောင်လျှက်ရှိပြီး ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီခန့်ဝန်ကြီးများစီးလာသောယာဉ်တန်းကို ဒရုန်းတွေနှင့် တိုက်ခိုက်မှုတွင် လူမှုရေးနှင့် စီးပွားရေးဝန်ကြီးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.