Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးဖော်ဆောင်၊ စစ်လက်နက်များ ၀ယ်ယူရေး အားဖြည့်ပါ၀င်ကြရန် CDF-Hakha တောင်းဆို

စစ်ကောင်စီပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးဖော်ဆောင်၊ စစ်လက်နက်များ ၀ယ်ယူရေး အားဖြည့်ပါ၀င်ကြရန် CDF-Hakha တောင်းဆို

0
By Editor on March 15, 2024 Headline

(004SS)

ချင်းပြည်နယ်၊ စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေး (Rung Operation) အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်လျှက်ရှိရာ ယင်းအတွက် စစ်လက်နက်များ၀ယ်ယူရေး အားဖြည့်ပါ၀င်ကြရန် CDF-Hakha ကတောင်းဆိုသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင် နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ယင်းအတွက် လက်နက် အင်အားများ ဖြည့်တင်းရန် ကူညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်း CDF-Hakha တပ်ရင်း ၄ က တပ်မဟာမှူးက ပြောသည်။

“အခု ကျွန်တော်တို့ CDF-Hakha ရဲ့ အဓိကစစ်ဆင်ရေးက ဟားခါးမြို့တွင်းသာကျန်တော့တာဖြစ်တယ်၊ တခြားဟားခါး မြို့နယ်က ကျေးရွာတွေကိုတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီပေါ့ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကို ကောင်း ကောင်းလည်ပါတ်‌နိုင်ပြီပေါ့နော် ဆိုတော့ ကျွန်တော်တို့အောင်ပွဲက နီးနေပါပြီ၊ ၁၀၀ မှာ ၇၀% ကို ထိန်းချုပ်နိုင်ပြီ ၃၀ % သာလိုတော့တယ်လို့ ကျွန်တော်တို့ခံယူထားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ မိဘပြည်သူအားလုံးရဲ့ ငွေကြေး ကူညီ ထောက်ပံ့မှုလိုအပ်တာဖြစ်တယ်၊ အားလုံးက အဘက်ဘက်ကနေ တက်တက်ကြွကြွဆက်လက် ပါဝင်ပေးကြပါ” ဟု တပ်မဟာမှူးက ပြောသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့ပေါ်ကလွဲ၍ ကျန်ဒေသအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ဟားခါးမြို့ပေါ် ရုန်းတောင်တွင် အခြေစိုက်သော စစ်ကောင်စီဗျူဟာတပ်ကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြသည်။

Rung Opreation ပထမအဆင့်မြို့သိမ်းအကြိုတိုက်ပွဲကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြပြီး နောက် ဟားခါးမြို့ပေါ်တွင်တိုက်ပွဲများခတ်စိတ်စိတ်ဖော်ဆောင်လာကာ မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကောင်စီလက် အောက်ခံရဲတပ်သား ၅ ဦးကို CDF-Hakha ကဖမ်းဆီးခဲ့သည်။

ယခုလက်ရှိတွင် CDF-Hakha Support Team North America က ရုန်းတောင်စစ်ဆင်ရေး Rung- Operation အတွက် အမေရိကန်ဒေါလာ 1 Million Project ရံပုံငွေရှာဖွေပေးလျှက်ရှိပြီး စစ်လက်နက်များ ၀ယ်ယူဖြည့်တင်းနိုင်ရန် အမေရိကန် ဒေါ်လာ ၈ သိန်းဝန်းကျင်ခန့် လိုအပ်နေသေးပြီး ယင်းအတွက် ကြိုးစားနေဆဲဖြစ်ကြောင်း CDF- Hakha တာဝန်ရှိသူက ပြောသည်။

“အခုတော်လှန်ရေးကာလကလဲ ၃ နှစ်ရှိ‌ေနပြီ ဒီအတွင်း ကျွန်တော်တို့မှာလဲ အသင့်အတင့် စုထားတာတွေရှိ‌ေနပါပြီ၊ နောက်ထပ် ဒေါ်လာ ၈ သိန်း‌ေလာက်ရှိရင်‌ေတာ့ ရုန်းတောင်တစ်ခုလုံးကို မကြာခင်ချိန်အတွင်း အလွယ်တကူနဲ့ အမြန်ဆုံး သိမ်းယူနိုင်မှာဖြစ်တယ်ဆိုတာ CDF- Hakha အနေနဲ့ ပြောလိုပါတယ်” ဟု တပ်မဟာမှူးကပြောသည်။

တော်လှန်ရေးကာလ ၃ နှစ်အတွင်း ဟားခါးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအတွက် ပြည်ပနိုင်ငံ ၈ ခုတွင်ရောက်ရှိ နေကြသော ချင်းပြည်သူများက ရံပုံငွေများထောက်ပံ့ပေးခဲ့ကြပြီး အမေရိကားရောက် NA supporting Team မှ အဓိက ကူညီပံ့ပူးပေးကြောင်း သိရသည်။ ယခုလက်ရှိတွင်လည်း Rung- Operation အတွက် CDF-Hakha Support Team North America က ရံပုံငွေရှာဖွေသည့်အနေဖြင့် ကံစမ်းမဲလက်မှတ်များ ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

လက်ရှိ ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်များသည် ဟားခါးမြို့ပေါ်မှာသာ ရှိနေပြီး ကျေးရွာများသို့ ရောက်ရှိလာခြင်းမရှိ‌‌ ေတာ့ကြောင်း ဟားခါးမြို့ ဒေသခံ များပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ရွာပြန်ရင် ရွာဘက်ကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ အရင်က စစ်သားတွေ ရွာဘက်ကင်းလှည့်တာရှိတယ် အခု CDF တွေပဲရှိတော့တာဆိုတော့ အဲလိုကင်းလှည့်တာမျိုးမရှိတော့ဘူး။ ဒါပေမဲ့ ဟားခါးမှာတော့ ကင်းစောင့်တာတွေ၊ လမ်းသွားလမ်းလာ စစ်ဆေးတာတွေတော့ရှိ‌တာ‌ေပါ့” ဟု အသက် ၃၀ အရွယ် ဟားခါးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ရုန်းတောင်ပေါ်မှာအခြေစိုက်သော စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒါဏ် ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.