Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီလက်နက်ကြီးကြောင့် လက်ပံချောင်းကျေးရွာဒေသခံ ၂ ဦးသေဆုံး

စစ်ကောင်စီလက်နက်ကြီးကြောင့် လက်ပံချောင်းကျေးရွာဒေသခံ ၂ ဦးသေဆုံး

0
By Editor on March 15, 2024 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာထဲ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ညက အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်ည ၉ နာရီခန့်တွင် ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လက်ပံချောင်းကျေးရွာထဲ ၃ ကြိမ်ကျရောက်ကာ ၂ နေရာမှာပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ ၂ ဦးပွဲချင်းသေဆုံးကာ ကလေးငယ်များအပါအ၀င် အနည်းဆုံး ၅ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ အသက် ၆၂ နှစ်အရွယ် Pi Lalzuali နှင့် အသက် ၄၁ နှစ်အရွယ် Tv.Lalramdika တို့ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့ညက လက်ပံချောင်းစေ◌ျးအရှေ့ဘက် အသင်းလူကြီးအိမ်တစ်အိမ်တွင်အလည်သွားနေစဉ် ယင်းနေအိမ်ရှေ့မျက်နှာစာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင်ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာ‌ေ၀းပြီး ချင်းလူမျိုးများနေထိုင်သည့်ရွာကြီးတစ်ရွာဖြစ်သည်။ ယခင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အရပ်သားပြည်သူများ သေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.