Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့က ဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၃၀ ကျော် ပျက်စီး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့က ဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၃၀ ကျော် ပျက်စီး

0
By Editor on December 20, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာ လေကြောင်းဖြင့် ၅ ရက်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်က ဘုန်းကြီးကျောင်း အပါအ၀င် လူနေအိမ် အလုံး ၃၀ ကျော် မီးလောင်ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ခမ်းပတ်မြို့က အမျိုးသားတစ်ဦးက “အမှတ် ၁ ရပ်ကွက် ကားလမ်းအရှေ့ဖက် ဘုန်းကြီးကျောင်းနားဝန်းကျင် အိမ်ခြေ ၃၀ လောက်ရှိမှာ၊ အပေါ်ကနေ ဗုံးလာကြဲလို့လောင်သွားတာ တအိမ်ပြီးတအိမ် ကူးသွားတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး မြေပြင်စစ်ကြောင်းသာမက လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းဖြင့် ၅ ရက်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအင်အား ၂၀၀ ခန့်ကို အမှတ် ၁ စစ်ဒေသကွပ်ကဲမူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖ နှင့် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ရာမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် MA-10 RPG 7 တစ်လက်၊ MG-3 တစ်လက်၊ MA-S1 MK2 တစ်လက်အပါအဝင် လက်နက်မျိုးစုံ (၁၇) လက် သိမ်းပိုက်ရရှိခဲ့သည့်အပြင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းကျော်တွေ့ထားသည်ဟု ဖော်ပြထားသည်။

လက်ရှိ ခမ်းပတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့်အတွက် အမှတ် ၁ ရပ်ကွက်မှလွဲပြီး ကျန်ရပ်ကွက်မှ ပြည်သူများ မြို့တွင်း ပြန်လည်ဝင်ရောက်သူများရှိသည့်အပြင် အချို့မှာ နေရပ်မပြန်ရဲသေးပဲ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.