Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်ခန့် ချင်းဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ်အရာရှိကြီးများ၊ ဌာနအရာရှိများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းနှင့် လူ ၅၀၀ ကျော်ကို ခြစားသူများအဖြစ် အထူးပစ်မှတ်ထား အရေးယူတော့မည်ဟု CDF – ဟားခါးကြေညာ

စစ်ကော်မရှင်ခန့် ချင်းဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ်အရာရှိကြီးများ၊ ဌာနအရာရှိများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းနှင့် လူ ၅၀၀ ကျော်ကို ခြစားသူများအဖြစ် အထူးပစ်မှတ်ထား အရေးယူတော့မည်ဟု CDF – ဟားခါးကြေညာ

0
By Editor on January 15, 2026 Headline

(006SV)

စစ်ကော်မရှင်၏ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဝန်ကြီးများ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူး အပါအဝင် ဦးစီးအရာရှိနှင့်အထက်ဝန်ထမ်းများအပြင် လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လူထုအကျိုးကို ခြစားဖျက်စီးသူများအဖြစ် သတ်မှတ်ပြီး အထူးပစ်မှတ်ထား၍ စတင်အရေးယူတော့မည်ဟု CDF – ဟားခါးဗဟိုကောင်စီက ကြေညာသည်။

CDF – ဟားခါးဗဟိုကောင်စီသည် အမည်ပျက်စာရင်းကြေညာခြင်းကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက် ခြင်းဖြစ်သည်။

“ပြည်သူတွေ နားလည်အောင် ဆိုပြီး ချပြပေးတာဖြစ်ပါတယ်။ ငါးနှစ်လုံးလုံးမှာ သူတို့ကို ရာဇဝတ်သားတွေလို့ပဲ ပြောချင်တယ်။ သူတို့တွေက ဖြတ်စားတာက အနည်းဆုံး ကျပ်ငွေက ကျနော်တို့ ဖော်နိုင်တဲ့ ပမာဏပဲကိုက ကျပ်သန်းပေါင်းက ရှစ်သောင်းကျော် ရှိတယ်။ ကျနော်တို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အတိုင်းပေါ့နော်။ သူတို့က အဲလောက်ထိကို ဖြတ်စားခဲ့ပြီးပြီ။ နောက်ဒုတိယ အချက်က စကမ အထက်ပိုင်းကလည်း မသိကြဘူး။ သူတို့က တင်ဒါလုပ်တယ်ဆိုပြီး တွန်ဇန်၊ နာရိန်၊ ဖလမ်း ၊ တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်လည်း ပါတယ်။ ဟားခါးမြို့နယ်ထဲမှာလည်း တော်တော်များများ ပါတယ်။ မြို့ပေါ်မှာလည်း နည်းနည်းပါးပါးပေါ့လေ။ တကယ်ကော အဲဒီနေရာတွေ လုပ်နိုင်သလားဆိုရင် ငါးနှစ်လုံးလုံးမှာ သူတို့ လုံးဝ မလုပ်နိုင်ဘူး။ ဟားခါးမြို့ပေါ်မှာတော့ လုပ်နိုင်တဲ့ နေရာတချို့တော့ ရှိတယ်။ တကယ် မလုပ်နိုင်တဲ့ နေရာက ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်။ သူတို့ တင်ပြပြီးတော့မှ ငွေလုံးငွေရင်းတွေ ထုတ်တဲ့အထဲမှာပေါ့နော်။ တကယ်လုပ်တဲ့ဟာက ၁ ရာခိုင်နှုန်းကျော်ပါမလားပေါ့နော်။ အဲလိုနဲ့ပဲ ဓါတ်ပုံ အတုအယောင်တွေ၊ ပရိုဖိုင်အတုအယောင်တွေနဲ့ လုပ်ပြီးတော့ ရုံးနဲ့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ ပေါင်းပြီးတော့ ၊ ဘဏ်မှာ ငွေထုတ်တဲ့အချိန်မှာလည်း ဘဏ်ဝန်ထမ်းတွေနဲ့ ပြေလည်မှုတွေ ယူပြီးတော့ အခွန်တော့ ဟန်ပြအနေနဲ့ သွင်းပြီးတော့ အဲလိုအမျိုး မျိုးနဲ့ အလကား ငွေလုံးငွေရင်းတွေ ရနေကြတာ၊၊ ဥပမာ – ဗျူဟာမှူးဆိုရင် သန်းပေါင်း သောင်းနီးပါး ရှိတယ်။ ကျနော်တို့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ကြည့်လိုက်ရင် သိလိမ့်မယ်” ဟု CDF – ဟားခါးဗဟိုကောင်စီ ဥက္ကဌ Salai Hram Lian က ပြောသည်။

လက်ရှိ တော်လှန်ရေးကာလတွင် စစ်ကော်မရှင်၏ အစေတော်ခံ ဒုတိုင်းမှူး၊ ဗျူဟာမှူး၊ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဝန်ထမ်းများ အားလုံး၏ အကျင့်ပျက် ခြစားမှုနှင့် ကိုယ်ကျိုးအတွက် နာမည်မျိုးစုံဖြင့် ကုမ္ပဏီများ တည်ထောင်ကာ အခွင့်အရေး အမျိုးမျိုး ရယူနေကြောင်း၊ ယင်းတို့ကို တိုက်ဖျက်ရန် အခက်အခဲဆုံး စိန်ခေါ်မှုလည်း ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ချင်းပြည်နယ်က တင်ဒါ လုပ်ငန်းတွင် အရာရှိကြီးများအပြင် ၎င်းတို့၏ PSO များနှင့် အချို့သော စစ်အုပ်စု ပေါင်းဖော် ကုမ္ပဏီ များအပါအဝင် ဝန်ကြီးချုပ်မှ ဝန်ထမ်းများအထိ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်မှု လုံးဝမရှိဘဲ စာရွက်စာတမ်းနှင့် ဓါတ်ပုံ အတုအယောင်များ တင်ပြပြီး ငွေလုံးငွေရင်းများကို ဘဏ်ဝန်ထမ်းများနှင့် ကြံဖန် ထုတ်ယူနေသည်ဟု သိရသည်။

အာဏာသိမ်းအပြီး ၂၀၂၁ မှ ၂၀၂၅ အထိ ချင်းပြည်နယ်မှ စစ်အစိုးရအဖွဲ့ဝင်များနှင့် စစ်တပ်အရာရှိကြီးများပါဝင်သော လုပ်ပိုင်ခွင့် အာဏာရှိသော ဝန်ထမ်းများသည် ခိုးယူခြစားခဲ့သော ပြည်သူ့ဘဏ္ဍာငွေမှာ ကျပ်သန်းပေါင်း ၈၃, ၆၈၈ ကျော် ရှိသည်ဟု သိရသည်။

အာဏာသိမ်း စစ်အုပ်စုအရိပ်ယူပြီး ပြည်သူလူထုအကျိုးကို ခြစားဖျက်စီးနေသော အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ်မှန်သမျှကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်မှ စတင်၍ အထူးပစ်မှတ်ထားကာ တိုက်ခိုက်အရေးယူ ဆောင်ရွက်သွားမည်ဟု CDF – ဟားခါးဗဟိုကောင်စီက ကြေညာသည်။

ကျူးလွန်ထားသော စစ်အစိုးရ ဝန်ထမ်း ဦးစီးအရာရှိနှင့် အထက် ဝန်ထမ်းများ အားလုံးအပြင် စာရင်းပါ အသင်းအဖွဲ့များ၊ လုပ်ငန်း ရှင်များနှင့် ပုဂ္ဂိုလ်များကို အမည်ပျက်စာရင်း သွင်းကာ တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ကြေညာလိုက်သည်ဟု သိရသည်။

၎င်းတို့အနေဖြင့် ယနေ့မှ ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းခြင်း မရှိပါက ဟားခါးမြို့နယ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင် သိမ်းယူပြီးသားအဖြစ် အလိုလိုမှတ်ယူရမည်ဖြစ်သည့်အပြင် ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်၊ သွားလာခွင့် ပိတ်ပင်ပြီးသားအဖြစ် မှတ်ယူရမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

၅ နှစ်တာဘဏ္ဍာနှစ်အတွင်း အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်း မရှိဘဲ ငွေလုံးငွေရင်းများ ကြံဖန်ထုတ်ယူခြင်းတွင် ချင်းပြည်နယ် ဒုတိုင်းမှူး၊ ဗျူဟားမှူး၊ ဆောက်လုပ်ရေးဝန်ကြီးနှင့် ဝန်ထမ်းများ၊ နယ်စပ်ရေးရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ စည်ပင်ပြည်နယ်မှူးနှင့် ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၅၆ ဦး ထက်မနည်း ပါဝင်ကြောင်းသိရသည်။

ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဦးစီးအရာရှိအထက် ဌာနဆိုင်ရာ လူကြီးများနှင့် ဆက်နွယ်သော ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များမှာ ၄၈၄ ဦးထက်မနည်း ရှိသည်ဟု CDF – ဟားခါးထံမှ သိရသည်။

လက်ရှိ စာရင်းတွင် ထည့်သွင်းထားခြင်း မရှိသေးသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်များသည်လည်း အမှန် တကယ်လုပ်ငန်းဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် အကျင့်ပျက်ခြစားမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု CDF – ဟားခါးထံမှ သိရသည်။

တွေ့ရှိပါက ဆက်လက်ပြီး ပြည်သူလူထုထံ ချပြကာ ထိထိရောက်ရောက် အရေးယူသွားမည်ဟု သိရသည်။

CDF ဟားခါး ဗဟိုကောင်စီသည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ကို အခြေပြုလျက် ဖွဲ့စည်းထားသော တော်လှန်ရေးအဖွဲ့ အစည်းဖြစ်သည့် အားလျော်စွာ စစ်ရေးအပြင် နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ စစ်အုပ်စု၏ ပြည်နယ်ယန္တရားတစ်ခုလုံးကို ဟန်းတားနိုင်ရန် တစိုက်မတ်မတ် ဆောင်ရွက်နေသည်ဟု သိရသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ စ၍ တော်လှန်ရေး ပြစ်မှုကြီး ၄ မျိုး ဥပဒေ ပြဌာန်းပြီး စစ်အုပ်စု၏ စစ်ကျွန်ပြု အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများကို တားဆီးအရေးယူ ဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.