Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေကြသော ကလေးမြို့နယ်က ဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေကြသော ကလေးမြို့နယ်က ဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

0
By Editor on October 21, 2025 Khonumthung

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းမနှင့် ကလေး-ဂန့်‌ဂေါလမ်မ ကြီးတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ အများအပြား အရေးပေါ် ထွက်ပြေးတိမ်းရှောင်‌နေကြရသည်။

လတ်တလောအခြေနေတွင် နေရပ်တိမ်းရှောင်ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိပါသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယနေ့ထုတ်ပြန်သည်။

အရေးပေါ်တိမ်းရှောင်နေရသည့် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ အချိန်မီဖြည့်တင်းနိုင်ရန် ကလေးမြို့လူထုတိုက် ပွဲဦးဆောင်ကော်မတီအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကူညီရေးအဖွဲ့ အားဖွဲ့စည်းလိုက်သည်ဟုသိရသည်။

နိုင်ငံတကာရောက်မိဘပြည်သူများ၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ တော်လှန်ရေး အင်အားစုများ ၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ရှိ ကလေးမြို့နယ် အတွင်းရှိ နေရပ်တိမ်းရှောင်နေရသည့် ဒေသခံမိဘပြည်သူတို့၏ အရေးပေါ်လိုအပ်နေသည့်အခက်အခဲများ စောင့်ကြည့်ကာ ပံ့ပိုးကူညီပေးကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တောင်းဆိုသည်။

အရေးပေါ်နေရပ်တိမ်းရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့လိုသူများအနေဖြင့် NUG Pay, SDB Bank account တို့ဖြင့်လုံခြုံစိတ်ချစွာ ကူညီထောက်ပံ့နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.