Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်အာဏာရှင်စနစ် ကျရှုံးရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး ဆောင်ရွက်ရန် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ – ပဲခူး ဖွဲ့စည်း

စစ်အာဏာရှင်စနစ် ကျရှုံးရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး ဆောင်ရွက်ရန် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ – ပဲခူး ဖွဲ့စည်း

0
By Editor on January 8, 2025 Headline

(002MG)

စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ ဒီမိုကရေစီလူ့အခွင့်အရေး၊ အမျိုးသားတန်းတန်တူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (Asho Chin National Federal Council – Bago Region) ကို ဇန်နဝါရီလ (၄) ရက်နေ့က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် အရှို (ချင်း) တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား (၇) မျိုးခန့် အတူတကွ စုပေါင်းနေထိုင်ကြပြီး စစ်အာဏာရှင်စနစ်အပြီးတိုင် ကျရှုံးရေး နှင့် ပဲခူးပြည်နယ် (နာမည်ယာယီ) ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ရေးဆွဲနိုင်ရေးတို့သည် ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊ သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့ အစည်းများ စုပေါင်းကာ ပဲခူးပြည်နယ် (နာမည်ယာယီ) ဖွဲ့စည်းပုံမူကြမ်း အား ရေးဆွဲကြရမည်ဟု အရှို (ချင်း) အမျိုးသား ဖက်ဒရယ်ကောင်စီ – ပဲခူးက ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်သည်။

ခေတ်အဆက်ဆက်ကြုံတွေ့လာရသော နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရန်၊ ဖက်ဒ ရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုကြီးတစ်ရပ် ပေါ်ပေါက်လာရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ပေါ် ပေါက်လာရန် အရေးကြီးသောကြောင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြခံဥပဒေတစ်ရပ်အမြန်ရေးဆွဲပြဌာန်းနိုင်ရေးအား ချဉ်းကပ်ရာတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပထမဦးစားပေးရေးဆွဲကာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အား ဒုတိယဦးစားပေးရေး ဆွဲရေးမူဖြင့် ချဥ်းကပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ဗဟို)၏ မူဝါဒအရ တိုင်းဒေသကြီး(၅)ခု၊ ပြည်နယ်(၁)ခု စုစုပေါင်း(၆)ခုတို့တွင် ပြန့်နှံ့နေထိုင်ကြသော အရှို(ချင်း)တိုင်းရင်းသားများအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆောလျင်စွာ ပေါ်ပေါက် လာနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိသည်ဟုဆိုပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ကလည်း အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(မကွေး)၊ အလုပ်အမှု ဆောင်အဖွဲ့အား ဖွဲစည်းခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တွင် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကာ မကွေးပြည်နယ်(နာမည်ယာယီ) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းတစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်းသိရသည်။

အရိူ (ချင်း) တိုင်းရင်းသားများသည် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ နေပြည်တော်‌ ကောင်စီနယ်မြေနှင့် ရခိုင်ပြည်နယ်တို့က မြို့နယ်ပေါင်း (၃၉) မြို့နယ်တွင် နေထိုင်ကြပြီး ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမူများတွင် တိုင်းရင်းသား ပြည်သူလူထုနှင့်အတူ တက်ကြွစွာ လက်တွဲလုပ်ဆောင် ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် စစ်တပ်က လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာ သိမ်းယူခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနှင့်အတူ ဒေသအသီးသီးမှ အရှို (ချင်း) တိုင်းရင်းသားများသည် ကျရာတာ ဝန်ထမ်းဆောင်ကာ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အရှို (ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ – ပဲခူး က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.