Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စားနပ္ရိကၡာခက္ခဲသည့္ ပလက္၀ေဒသခံမ်ားထံ AA က အတင္းအဓမၼ ဆန္ေတာင္းယူေနဟုဆို

စားနပ္ရိကၡာခက္ခဲသည့္ ပလက္၀ေဒသခံမ်ားထံ AA က အတင္းအဓမၼ ဆန္ေတာင္းယူေနဟုဆို

0
By Editor on October 22, 2020 Headline

#Unicode

By လားနွန် – စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများထံသို့ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က အတင်းအဓမ္မ ဆန်တောင်းယူမှုများရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလဝက်လောက်ကစ၍ ပလက်ဝမြို့မြောက်ဘက် ကုလားတန်မြစ်ကမ်းဘေးက ငါးရှားကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာထံမှ တစ်အိမ်ထောင်လျှင်ဆန် (၂) တင်းနှုန်းဖြင့် အတင်းဓမ္မကောက်ခံကာ ထိုကဲ့သို့ကောက်ယူသော ဆန်များကို တစ်ရွာလျင် ရွာသား (၁၀) ဦးစီဖြင့် ၎င်းတို့စခန်းနှင့် အနီးတစ်ဝိုက်သို့ သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“ AA တွေက စက်တင်ဘာလ ၁၄ ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီပေးရ တယ်လို့ သိရတယ်၊ ဆန်ကိုတစ်တင်းအတွက် ကျပ်(၁၀၀၀၀) တော့ပြန်ပေးတယ်လို့ပြောတယ်ပြီးတော့ ဆန်ကို ငသိန်းရွာ အကျော်အထိ ထမ်းပို့ပေးရတယ်၊ ထမ်းအနေနဲ့တစ်တင်းအတွက် ကျပ် ၂၀၀၀ ပေးတယ်လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာအထိအကုန်ပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောစကားကို ကိုးကား၍ CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ထိုကဲ့သို့ ရိက္ခာပြတ်လပ်မှုကြောင့် စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည့်အချိန်တွင် ယခုကဲ့သို့ ဒေသခံပြည်သူများထံ အတင်းအဓမ္မ ဆန်တောင်းခံမှုအပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ Field Director Salai Tera ကပြောသည်။

“ ဒါဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုဖြစ်တယ်၊ ဆန်ပြတ်လပ်နေတဲ့ ပလက်ဝဒေသခံတွေအပေါ် လက်နက်အားကိုးပြီး အနိုင်ကျင့်တာကတော့ လုံးဝကိုယ်ချင်းစာတရားမရှိလွန်းရာကျပါတယ်၊ ကျနော်တို့အနေနဲ့ဒီလုပ်ရပ်အပေး အပြင်းအထန်းကန့်ကွက်ရှုတ်ချပါတယ်’’ ဟု Salai Tera ကပြောသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ မနန်းဝေကကလည်း ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း အထက်ပိုင်း အောက်ဘလိုင်ကျေးရွာအုပ်စုရှိ ကျေးရွာများကို ရက္ခိုင့်တပ်တော် AA က ဆက်ကြေးပုံစံဖြင့် အခကြေးငွေမပေးပဲ ဆန်တောင်းယူမှုရှိကြောင်းပြောဆိုသည်။

“ကျမတို့ အောက်ဘလိုင်ကျေးရွာအုပ်စုတည်းမဟုတ်ဘူး ကုလားတန်မြစ်ကြောင်းတစ်လျှောက် လိုလိုခံစားနေတယ် အခုဆိုရင် တောင်ပြိုအထက်ပိုင်းလည်းပါလာတယ် အောက်ဘလိုင်အုပ်စုပေါ့ အောက်ဘလိုင်ဆိုရင် ကျမတို့ သတ်မှတ်ထားတဲ့ တောင်ပြိုနဲ့ ထရိန်အိုင်ရွာကြားမှာဆိုလည်း အုပ်စုက သုံးလေးငါးခုလည်းရှိမယ်၊ သူတို့က အခကြေးငွေကမပေးရဘူးထင်တယ် ကျမတို့ဆီ သတင်းပို့သလောက်လေ အခကြေးငွေရတာတော့ ရှိကောင်းရှိလိုက်မယ် ဒါပေမဲ့ ရွာကလူတွေပြောတာတော့ ဆန်အိတ်ပို့ခတို့ တစ်ထောင်တိုု့ နှစ်ထောင်တို့ သတ်မှတ်တာလည်းရှိတယ် ပေးမပေးတော့ ကျမတို့ မသိဘူး ဒေသခံဆီကနေ ကျမတို့ သိတာတော့ မပေးဘူးလို့ထင်တယ် ပေးရင်လည်း ထက်ဝက်စျေးပဲပေးတယ် အပြည့်ကိုမပေးဘူးလို့ သိရတယ်” ဟု မနန်းဝေကပြောသည်။

ပလက်ဝမြ်ို့နယ်အတွင်းရှိ ဒေသခံရွာသားမျာသည် ဆန်ဝယ်လိုပါက ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများ၏ ထောက်ခံချက်နှင့်အတူ ပလက်ဝမြို့ထွေ/အုပ်ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရမှသာ ဆန်ဝယ်ယူ၍ရကြောင်း ဆန်အရေအတွက်ကိုမူ အခြေအနေပေါ်မူတည်၍ ထွေ/အုပ်က လူတစ်ဦးအတွက် ဆန်မည်မျှဝယ်နိုင်သည်ကို သတ်မှတ်ပေးလေ့ရှိကြောင်းသိရသည်။ ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ဆန်တစ်အိတ်လျင် ကျပ်ငွေ (၇၅၀၀၀) ခန့်ဖြင့်စျေးပေါက်ပြီး ဝယ်ချင်တိုင်း ဝယ်ယူ၍မရကြောင်းဒေသခံများကပြောသည်။

AA တပ်ဖွဲ့မှ ဆန်အတင်းအဓမ္မကောက်ယူနေသော ငရှားကျေးရွာအုပ်စုသည် ပလက်ဝမြို့မှ စက်လှေဖြင့် ၅ နာရီခရီးခန့်သွားရပြီး ငရှားကျေးရွအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာမှာ ငရှား အိမ်ခြေ ၁၀၉၊ ကြောင်ချောင်း အိမ်ခြေ ၅၆၊ အဘောင်ဝ အိမ် ၄၊ နှုံးဘူးကြီး အိမ်ခြေ ၃၀ နှင့် နှုံးဘူးငယ် အိမ်ခြေ ၇၄ ရှိသည်ဟု CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

#Zawgyi

စားနပ္ရိကၡာျပတ္လပ္မႈဒဏ္ရင္ဆိုင္ေနၾကရသည့္ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္ရွိ ေဒသခံျပည္သူမ်ားထံသို႔ ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႔က အတင္းအဓမၼ ဆန္ေတာင္းယူမႈမ်ားရွိေနသည္ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) က သတင္းထုတ္ျပန္သည္။ 

ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႔သည္ ၿပီးခဲ့သည့္ စက္တင္ဘာလ၀က္ေလာက္ကစ၍ ပလက္ဝၿမိဳ႕ေျမာက္ဘက္ ကုလားတန္ျမစ္ကမ္းေဘးက ငါးရွားေက်းရြာအုပ္စုရွိ ေက်းရြာ (၅)  ရြာထံမွ တစ္အိမ္ေထာင္လွ်င္ဆန္ (၂) တင္းႏႈန္းျဖင့္ အတင္းဓမၼေကာက္ခံကာ ထိုကဲ့သို႔ေကာက္ယူေသာ ဆန္မ်ားကို တစ္ရြာလ်င္ ရြာသား (၁၀) ဦးစီျဖင့္ ၎တို႔စခန္းႏွင့္ အနီးတစ္ဝိုက္သို႔ သယ္ယူပို႔ေဆာင္ခိုင္းခဲ့ေၾကာင္း ေအာက္တိုဘာလ ၂၀ ရက္ေန႔က ထုတ္ျပန္ေသာ CHRO ၏ ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။ 

“ AA ေတြက စက္တင္ဘာလ ၁၄ ရက္ကေန ဆက္ေၾကးေကာက္တယ္ တစ္အိမ္ကို ဆန္ႏွစ္တင္းစီေပးရ တယ္လို႔ သိရတယ္၊ ဆန္ကိုတစ္တင္းအတြက္ က်ပ္(၁၀၀၀၀) ေတာ့ျပန္ေပးတယ္လို႔ေျပာတယ္ၿပီးေတာ့ ဆန္ကို ငသိန္းရြာ အေက်ာ္အထိ ထမ္းပို႔ေပးရတယ္၊ ထမ္းအေနနဲ႔တစ္တင္းအတြက္ က်ပ္ ၂၀၀၀ ေပးတယ္လို႔ေျပာပါတယ္ ဆန္ေကာက္တာက ငရွားရြာကေန ေရခ်မ္းသာရြာအထိအကုန္ပါတယ္” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး၏ ေျပာစကားကို ကိုးကား၍ CHRO ၏ ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။ 

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔စစ္မက္ျဖစ္ပြားရာ ခ်င္းျပည္ေတာင္ပိုင္း ပလက္၀ၿမ္ိဳ႕နယ္တြင္ လံုျခံဳေရးအေျခအေ နေၾကာင့္ ေရလမ္း ကုန္လမ္းမ်ားပိတ္ဆို႔ကာ ကုန္စည္၀င္ေရာက္မႈမရွိေတာ့သည့္အတြက္ ယခုလက္ရွိတြင္ ပလက္၀ၿမိဳ႕နယ္အတြင္းက ေက်းရြာေပါင္း ၂၀၀ ေက်ာ္ဆန္ျပတ္လပ္မႈဒဏ္ၾကံဳေတြ႕ေနၾကရျခင္းျဖစ္သည္။ 

ထိုကဲ့သို႔ ရိကၡာျပတ္လပ္မႈေၾကာင့္ စား၀တ္ေနေရးအတြက္ အခက္ၾကံဳေနၾကရသည့္အခ်ိန္တြင္ ယခုကဲ့သို႔ ေဒသခံျပည္သူမ်ားထံ အတင္းအဓမၼ ဆန္ေတာင္းခံမႈအေပၚျပင္းျပင္းထန္ထန္ကန္႔ကြက္ရႈတ္ခ်သည္ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႔၏ Field Director Salai Tera ကေျပာသည္။ 

“ ဒါဟာ ဆိုးရြားတဲ့ လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈျဖစ္တယ္၊ ဆန္ျပတ္လပ္ေနတဲ့ ပလက္၀ေဒသခံေတြအေပၚ လက္နက္အားကိုးၿပီး အႏိုင္က်င့္တာကေတာ့ လံုး၀ကိုယ္ခ်င္းစာတရားမရွိလြန္းရာက်ပါတယ္၊ က်ေနာ္တို႔အေနနဲ႔ဒီလုပ္ရပ္အေပး အျပင္းအထန္းကန္႔ကြက္ရႈတ္ခ်ပါတယ္’’ ဟု Salai Tera ကေျပာသည္။ 

ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ားအေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီမွ မနန္းေ၀ကကလည္း ပလက္ဝၿမိဳ႕နယ္ ကုလားတန္ျမစ္ေၾကာင္း အထက္ပိုင္း ေအာက္ဘလိုင္ေက်းရြာအုပ္စုရွိ ေက်းရြာမ်ားကို ရကိၡဳင့္တပ္ေတာ္ AA က ဆက္ေၾကးပံုစံျဖင့္ အခေၾကးေငြမေပးပဲ ဆန္ေတာင္းယူမႈရွိေၾကာင္းေျပာဆိုသည္။ 

“က်မတို႔ ေအာက္ဘလိုင္ေက်းရြာအုပ္စုတည္းမဟုတ္ဘူး ကုလားတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္ လိုလိုခံစားေနတယ္ အခုဆိုရင္ ေတာင္ၿပိဳအထက္ပိုင္းလည္းပါလာတယ္ ေအာက္ဘလိုင္အုပ္စုေပါ့ ေအာက္ဘလိုင္ဆိုရင္ က်မတို႔ သတ္မွတ္ထားတဲ့ ေတာင္ၿပိဳနဲ႔ ထရိန္အိုင္ရြာၾကားမွာဆိုလည္း အုပ္စုက သံုးေလးငါးခုလည္းရွိမယ္၊ သူတို႔က အခေၾကးေငြကမေပးရဘူးထင္တယ္ က်မတို႔ဆီ သတင္းပို႔သေလာက္ေလ အခေၾကးေငြရတာေတာ့ ရွိေကာင္းရွိလိုက္မယ္ ဒါေပမဲ့ ရြာကလူေတြေျပာတာေတာ့ ဆန္အိတ္ပို႔ခတို႔ တစ္ေထာင္တိုု႔ ႏွစ္ေထာင္တို႔ သတ္မွတ္တာလည္းရွိတယ္ ေပးမေပးေတာ့ က်မတို႔ မသိဘူး ေဒသခံဆီကေန က်မတို႔ သိတာေတာ့ မေပးဘူးလို႔ထင္တယ္ ေပးရင္လည္း ထက္၀က္ေစ်းပဲေပးတယ္ အျပည္႔ကိုမေပးဘူးလို႔ သိရတယ္” ဟု မနန္းေ၀ကေျပာသည္။

ပလက္၀ၿမ္ိဳ႕နယ္အတြင္းရွိ ေဒသခံရြာသားမ်ာသည္ ဆန္၀ယ္လိုပါက ေက်းရြာအုပ္စုအုပ္ခ်ဴပ္ေရးမွဴးမ်ား၏ ေထာက္ခံခ်က္ႏွင့္အတူ ပလက္၀ၿမိဳ႕ေထြ/အုပ္ရံုးသို႔ တင္ျပၿပီး ခြင့္ျပဳခ်က္ရမွသာ ဆန္၀ယ္ယူ၍ရေၾကာင္း ဆန္အေရအတြက္ကိုမူ အေျခအေနေပၚမူတည္၍ ေထြ/အုပ္က လူတစ္ဦးအတြက္ ဆန္မည္မွ်၀ယ္ႏိုင္သည္ကို သတ္မွတ္ေပးေလ့ရွိေၾကာင္းသိရသည္။ ယခုလက္ရွိ ပလက္၀ၿမိဳ႕နယ္တြင္ ဆန္တစ္အိတ္လ်င္ က်ပ္ေငြ (၇၅၀၀၀) ခန္႔ျဖင့္ေစ်းေပါက္ၿပီး ၀ယ္ခ်င္တိုင္း ၀ယ္ယူ၍မရေၾကာင္းေဒသခံမ်ားကေျပာသည္။ 

AA တပ္ဖြဲ႔မွ ဆန္အတင္းအဓမၼေကာက္ယူေနေသာ ငရွားေက်းရြာအုပ္စုသည္ ပလက္၀ၿမိဳ႕မွ စက္ေလွျဖင့္ ၅ နာရီခရီးခန္႔သြားရၿပီး ငရွားေက်းရြအုပ္စုအတြင္းရွိ ေက်းရြာ ၅ ရြာမွာ ငရွား အိမ္ေျခ ၁၀၉၊ ေၾကာင္ေခ်ာင္း အိမ္ေျခ ၅၆၊ အေဘာင္၀ အိမ္ ၄၊ ႏႈံးဘူးႀကီး အိမ္ေျခ ၃၀ ႏွင့္ ႏံႈးဘူးငယ္ အိမ္ေျခ ၇၄ ရွိသည္ဟု CHRO ၏ ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.