Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆမီးၿမိဳ႕ စစ္ေဘးေရွာင္ ဒုကၡသည္ အိမ္ေျခငါးရာခန႔္ ေနထိုင္ေရး အခက္အခဲၾကဳံေနရ

ဆမီးၿမိဳ႕ စစ္ေဘးေရွာင္ ဒုကၡသည္ အိမ္ေျခငါးရာခန႔္ ေနထိုင္ေရး အခက္အခဲၾကဳံေနရ

0
By Editor on October 28, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် ယာယီဝါးအိမ် ၅၀၀ ခန့်သည့် ပိုးထိုးပြီးပြိုကျမှုများရှိလာသည့်အတွက် နေထိုင်ရေးပိုင်းတွင် အခက်အခဲကြုံနေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဆမီးမြို့မှဉီးပြည်ဆုကပြောသည်။

“လက်ရှိအခက်အခဲကတော့ နေရာထိုင်ခင်းအခက်အခဲ ကြုံနေရပါတယ်၊ တန်းလျားတွေ လုံးချင်းအိမ်လေးတွေကို ဝါးနဲ့ဆောက်ခဲ့တာဆိုတော့ ပိုးထိုးတဲ့အချိန်မှာ ပြိုပျက်တာတွေတွေ့ရတယ်၊ နောက်ပြီးတဲ့ အသိမိတ်ဆွေအိမ်မှာ ငှားပြီးနေတဲ့သူတွေရှိတယ်၊ အိမ်ငှားခဲ့တာကလည်း အိမ်လွတ်နေလို့ ငှားထားတာမျိုးမဟုတ်ဘဲနဲ့ သက်ညှာတဲ့အနေနဲ့ငှားထားတာဖြစ်တယ် သူတို့က တစ်နှစ်စာဘဲငှားထားတာဆိုတော့ အဲဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တွေက မနေခိုင်းကြတော့ဘူး၊ အဲဒါသူတို့ ဘယ်မှာနေရမလဲဆိုတာ စိတ်ပူနေရတယ်” ဟု ဉီးပြည်ဆုကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားတိုက်ပွဲကြောင့် ဆမီးမြို့ပေါ်သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ယာယီဝါးအိမ်များဆောက်လုပ်ပေးကာ နေရာချထားသော်လည်း ယခုအခါအဆိုပါဝါးအိမ်များသည် ပိုးထိုးကာ အများစုသည် နေထိုင်ရန်မသင့်တော့ခြင်းဖြစ်သည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်း (People Hope) ဒါရိုက်တာကိုဇော်လီအောင်က “မမျှော်လင့်ဘဲနဲ့ အစုလိုက်အပြုံလိုက် ဒုက္ခသည်တွေရောက်လာတဲ့အတွက် အရေးပေါ်အနေနဲ့ သူ့ရာသီမဟုတ်ဘဲနဲ့ ဝါးကိုသုံးပြီးဆောက်တဲ့အခါကျတော့ ပိုးထိုးပြီးတော့ ကြံ့ခိုင်မှုမရှိဘူး၊ ပိုဆိုးတာက တန်းလျားတွေကပိုဆိုးတယ်၊ မိုးကာကလည်း ဟောင်းလာတဲ့အခါကျတော့ မိုးရွာရင် နေလို့မရတော့ဘူး၊ နေပူရင်လည်း နေပူဒဏ်မခံနိုင်တဲ့အတွက် တော်တော်များများ အခက်အခဲကြုံတာတွေရှိတယ်”ဟု ပြောသည်။

အဆိုပါ နေထိုင်ရေးအခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်များအား ကူညီပေးရန် အစိုးရမှ ကနဉီးဆောင်ရွက်ရန်လိုအပ်ပြီး အစိုးရမှ အစီအစဉ်ချမှတ်ပြီးမှသာ ကျန်သည့်အဖွဲ့အစည်းနှင့် အလှူရှင်များမှ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ အစီအစဉ်ချမှတ်ထားတာတော့မရှိသေးပေမယ့် အစိုးရက ဘယ်လိုမျိုး လမ်းညွှန်ဆောင်ရွက်မှုတွေရှိမလဲဆိုတဲ့ဟာကိုတော့ စောင့်ကြည့်နေတယ်၊ အစိုးရအနေနဲ့ အရင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ အရင်လုပ်လိုက်ရင်ပြဿရှိမှာစိုးလို့ပါ၊ အစိုးရအနေနဲ့ ဆောင်ရွက်ခဲ့လို့ရှိရင် သူတို့အိမ်ခြေ ၃၀၀ တာဝန်ယူရင် ကျနော်တို့ဘက်က အိမ်ခြေ ၂၀၀ တာဝန်ယူပေးတာမျိုး လုပ်ဖို့တော့ အစီအစဉ်ရှိတယ်” ကိုဇော်လီအောင်ကပြောသည်။

ထို့ပြင် စမီးတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား အစပိုင်းတွင် လှူဒါန်းလိုသည့် အလှူရှင်အများအပြားရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အလှူရှင်နည်းလာမှုကြောင့် စားဝတ်နိုင်ရေးပိုင်းတွင်လည်း အခက်အခဲရှိလာကြောင်းသိရသည်။

ယခုလက်ရှိ ဆမီးမြို့တွင် (IDPs Camp) စစ်ဘေးရှောင်စခန်း (၅) ခုရှိပြီး အိမ်ထောင်စုပေါင်း (၈၁၈) စုနှင့် လူဦးရေ (၃၃၈၈) ဦးရှိသည်ဟု သိရသည်။

#Zawgyi

By Benezer – ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္ၾကသည့္ ယာယီဝါးအိမ္ ၅၀၀ ခန္႔သည့္ ပိုးထိုးၿပီးၿပိဳက်မႈမ်ားရွိလာသည့္အတြက္ ေနထိုင္ေရးပိုင္းတြင္ အခက္အခဲၾကံဳေနၾကရသည္ဟု စစ္ေဘးေရွာင္အေရး ကူညီေဆာင္ရြက္ေပးေနသည့္ ဆမီးၿမိဳ႕မွဉီးျပည္ဆုကေျပာသည္။

“လက္ရွိအခက္အခဲကေတာ့ ေနရာထိုင္ခင္းအခက္အခဲ ၾကဳံေနရပါတယ္၊ တန္းလ်ားေတြ လုံးခ်င္းအိမ္ေလးေတြကို ဝါးနဲ႔ေဆာက္ခဲ့တာဆိုေတာ့ ပိုးထိုးတဲ့အခ်ိန္မွာ ၿပိဳပ်က္တာေတြေတြ႕ရတယ္၊ ေနာက္ၿပီးတဲ့ အသိမိတ္ေဆြအိမ္မွာ ငွားၿပီးေနတဲ့သူေတြရွိတယ္၊ အိမ္ငွားခဲ့တာကလည္း အိမ္လြတ္ေနလို႔ ငွားထားတာမ်ိဳးမဟုတ္ဘဲနဲ႔ သက္ညႇာတဲ့အေနနဲ႔ငွားထားတာျဖစ္တယ္ သူတို႔က တစ္ႏွစ္စာဘဲငွားထားတာဆိုေတာ့ အဲဒီေနာက္ပိုင္းမွာေတာ့ အိမ္ရွင္ေတြက မေနခိုင္းၾကေတာ့ဘူး၊ အဲဒါသူတို႔ ဘယ္မွာေနရမလဲဆိုတာ စိတ္ပူေနရတယ္”ဟု ဉီးျပည္ဆုကေျပာသည္။ 

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) အၾကားတိုက္ပြဲေၾကာင့္ ဆမီးၿမိဳ႕ေပၚသို႔ စစ္ေဘးေရွာင္အျဖစ္ ေရာက္ရွိလာၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္ရန္အတြက္ ခ်င္းျပည္နယ္အစိုးရႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ လႉဒါန္းမႈျဖင့္ ယာယီဝါးအိမ္မ်ားေဆာက္လုပ္ေပးကာ ေနရာခ်ထားေသာ္လည္း ယခုအခါအဆိုပါဝါးအိမ္မ်ားသည္ ပိုးထိုးကာ အမ်ားစုသည္ ေနထိုင္ရန္မသင့္ေတာ့ျခင္းျဖစ္သည္။

ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားကို ကူညီေဆာင္ရြက္ေပးေနသူတစ္ဦးျဖစ္သည့္ ျပည္သူ႔ေမၽွာ္လင့္ခ်က္ လူမႈဖြံ့ၿဖိဳးေရးအသင္း (People Hope) ဒါ႐ိုက္တာကိုေဇာ္လီေအာင္က “မေမၽွာ္လင့္ဘဲနဲ႔ အစုလိုက္အျပဳံလိုက္ ဒုကၡသည္ေတြေရာက္လာတဲ့အတြက္ အေရးေပၚအေနနဲ႔ သူ႔ရာသီမဟုတ္ဘဲနဲ႔ ဝါးကိုသုံးၿပီးေဆာက္တဲ့အခါက်ေတာ့ ပိုးထိုးၿပီးေတာ့ ႀကံ့ခိုင္မႈမရွိဘူး၊ ပိုဆိုးတာက တန္းလ်ားေတြကပိုဆိုးတယ္၊ မိုးကာကလည္း ေဟာင္းလာတဲ့အခါက်ေတာ့ မိုးရြာရင္ ေနလို႔မရေတာ့ဘူး၊ ေနပူရင္လည္း ေနပူဒဏ္မခံနိုင္တဲ့အတြက္ ေတာ္ေတာ္မ်ားမ်ား အခက္အခဲၾကဳံတာေတြရွိတယ္”ဟု ေျပာသည္။ 

အဆိုပါ ေနထိုင္ေရးအခက္အခဲျဖစ္ေနသည့္ စစ္ေဘးေရွာင္မ်ားအား ကူညီေပးရန္ အစိုးရမွ ကနဉီးေဆာင္ရြက္ရန္လိုအပ္ၿပီး အစိုးရမွ အစီအစဥ္ခ်မွတ္ၿပီးမွသာ က်န္သည့္အဖြဲ႕အစည္းႏွင့္ အလႉရွင္မ်ားမွ ကူညီေဆာင္ရြက္ေပးနိုင္မည္ျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။ 

“က်ေနာ္တို႔အေနနဲ႔ အစီအစဥ္ခ်မွတ္ထားတာေတာ့မရွိေသးေပမယ့္ အစိုးရက ဘယ္လိုမ်ိဳး လမ္းညႊန္ေဆာင္ရြက္မႈေတြရွိမလဲဆိုတဲ့ဟာကိုေတာ့ ေစာင့္ၾကည့္ေနတယ္၊ အစိုးရအေနနဲ႔ အရင္လုပ္တာမ်ိဳးမဟုတ္ဘဲနဲ႔ က်ေနာ္တို႔ အရင္လုပ္လိုက္ရင္ျပႆရွိမွာစိုးလို႔ပါ၊ အစိုးရအေနနဲ႔ ေဆာင္ရြက္ခဲ့လို႔ရွိရင္ သူတို႔အိမ္ေျခ ၃၀၀ တာဝန္ယူရင္ က်ေနာ္တို႔ဘက္က အိမ္ေၿခ ၂၀၀ တာဝန္ယူေပးတာမ်ိဳး လုပ္ဖို႔ေတာ့ အစီအစဥ္ရွိတယ္” ကိုေဇာ္လီေအာင္ကေျပာသည္။ 

ထို႔ျပင္ စမီးတြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအား အစပိုင္းတြင္ လႉဒါန္းလိုသည့္ အလႉရွင္အမ်ားအျပားရွိခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတြင္ အလႉရွင္နည္းလာမႈေၾကာင့္ စားဝတ္နိုင္ေရးပိုင္းတြင္လည္း အခက္အခဲရွိလာေၾကာင္းသိရသည္။

ယခုလက္ရွိ ဆမီးၿမိဳ႕တြင္ (IDPs Camp) စစ္ေဘးေရွာင္စခန္း (၅) ခုရွိၿပီး အိမ္ေထာင္စုေပါင္း (၈၁၈) စုႏွင့္ လူဦးေရ (၃၃၈၈) ဦးရွိသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.