Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တစ်လကျော်ကြာ ကားအဝင်/အထွက်မရှိသောကြောင့် တမူးမြို့ပေါ် စားသောက်ကုန်စီးဆင်းနိုင်ရန် ဆိုင်ကယ်များပိုမိုအားထားနေရ

တစ်လကျော်ကြာ ကားအဝင်/အထွက်မရှိသောကြောင့် တမူးမြို့ပေါ် စားသောက်ကုန်စီးဆင်းနိုင်ရန် ဆိုင်ကယ်များပိုမိုအားထားနေရ

0
By Editor on July 27, 2023 Khonumthung

(04SS)

စစ်ကိုင်းတိုင်း၊ တမူးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းကြောင့် ကလေး-တမူး အာရှလမ်းမအား ဖြတ်သန်းသွားလာ၍မရသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး တမူးမြို့ပေါ်သို့ စားသောက်ကုန် စီးဆင်းနိုင်ရန် ဆိုင်ကယ်များအား အဓိက အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုတွင် အခြေခံကုန်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် သယ်ယူနေကြသောကြောင့် ယခုတွင် ကုန်စျေးနှုန်းများ ယခင်ကထက် အနည်းငယ် ပြန်လည်သက်သာလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုကတော့ ဆိုင်ကယ်တေနဲ့ပဲ ပစ္စည်းတွေ သယ်နေကြရတယ်ပေါ့၊ ကားတေလဲရှိတော့ရှိမှာပေါ့နော် ဒါပေမဲ့ ဆိုင်ကယ်နဲ့သယ်တာ ပိုများတယ်။ အခုက အရင်လောက်မဟုတ်ပေမဲ့ ပစ္စည်းတွေရောက်ပါတယ်။ ပြီးတော့ လမ်းက တမူး-ဘုတ်ကန်-ကလေး ပေါ့နော် အဲလိုနဲ့ မိုးရေးဘက်ကနေဝင်တာပေါ့။ ဂိတ်တွေတော့ပိုက်ဆံ ပေးရတယ်လို့လဲကြားတယ်။ အဲဒီ ကယ်ရီဆွဲတဲ့ ဆိုင်ကယ်တွေကလဲ အိန္ဒိယကဒ်ရှိတဲ့သူတွေပဲ သွားလာလို့ရတာ မရှိရင်တော့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇွန်လလယ်ပိုင်းမှစတင်ကာ တမူးမြို့ပေါ်သို့ ကားအဝင်/အထွက်လမ်းများ ပိတ်ထားခြင်းကြောင့် ကုန်စီးဆင်းမှု နည်းပါးလာပြီး မြို့တွင်းကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည့်အပြင် အချို့စားသောက်ကုန်များ ပြတ်လပ်နေခြင်းများ ရင်ဆိုင်ခဲ့ရသည်။

ယခုလက်ရှိ တမူးမြို့ပေါ်တွင် အခြေခံသုံး ကုန်ပစ္စည်းစျေးနှုန်းများ အနည်းငယ်သက်သာလာပြီဟု သိရပြီး ဟင်းသီးဟင်း ရွက်များမှာမူ စျေးအသင့်အတင့် တက်နေသေးကြောင်း သိရသည်။

ယခင်ဇွန်လအတွင်း လမ်းပိတ်ခါစတွင် ဓါတ်ဆီ လိုအပ်သလောက် ဝယ်ယူရန်ခက်ခဲသည့်အပြင် ၃၀၀ စီစီဆံ့ ဓါတ်ဆီတစ်ဗူး- ၃၀၀၀-၅၀၀၀ ကျပ်ဖြင့်ဝယ်ယူခဲ့ရာ ယခုတွင် ဓါတ်ဆီ ၁ ဂါလံ- ၁၆၀၀၀-၁၈၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရသည်။

ယခုလက်ရှိ တမူးမြို့ပေါ်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဧရာမင်းကော်ချက်ဆန်၁ အိတ်- ၁ သိန်းဝန်းကျင် ၊ ခရမ်းချဉ်သီး၁ ပိသာ- ၆၀၀၀ကျပ်၊ အာလူး ၁ ပိသာ- ၄၀၀၀ ကျပ်၊ ကြက်ဉ ၁၀၀၀ ဖိုး- ၅ လုံးစသည်ဖြင့် အသီးသီးရှိကြသည်။

ယခုကဲ့သို့ ကလေး-တမူး အားရှလမ်းမအား ပိတ်ထားရသည်မှာ တမူးမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲမရှိသော်လည်း ပန်းသာရွာအနီးတွင် စစ်ရေးတင်မာလျက်ရှိခြင်းကြောင့်ဟု သိရသည်။

တမူးမှ ကလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ခြင်းမရှိသော်လည်း အရေးကြီးသွားလာလိုသူများသည် တမူး- ဘုတ်ကန်မှတဆင့် ကလေးမြို့သို့ ဆိုင်ကယ်ဖြင့် သွားလာနိုင်ပြီး တမူး-ဘုတ်ကန်အထိ ခရီးသည်တစ်ဦးမှာ ယာဉ်စီးခ ၅၀၀၀၀ ကျပ်နှင့် ဘုတ်ကန်-ကလေးကြား ၂၀၀၀၀ ကျပ်ဖြင့် သွားလာနေကြရဆဲဖြစ်သည်။

ယခင်က တမူး-ကလေး အကြား ယာဉ်စီးခ တစ်ဦးလျှင် ၁၃၀၀၀ ကျပ်သာရှိသော်လည်း ယခုတွင် အနည်းဆုံး ၇၀၀၀၀ ကျပ်ဖြင့် သွားလာနေရသောကြောင့် ခရီးသွားလာသူများ သိသိသာသာနည်းပါးနေပြီး ကျန်းမာရေးအရ အရေးကြီးကိစ္စရပ်များသာ သွားလာကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.