Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ်က PDF စခန်းဖျက်ဆီးခံရ

တီးတိန်မြို့နယ်က PDF စခန်းဖျက်ဆီးခံရ

0
By Editor on June 18, 2021 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ People Defense Force(PDF) စခန်းသည် ဇွန်လ ၁၆ ရက်နေ့က ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး ကျပ်ငွေ သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း သိရသည်။

တီးတိန် PDF စခန်းအတွင်းရှိ မိုးကာတဲအိမ် ၃ အိမ်၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ဆီ၊ ဆား၊ အာလူး လူအယောက်တစ်ရာ အတွက် (၄၅ ရက်စာ)၊ အားဆေး၊ ဆေးဝါးများ၊ တူမီးသေနတ်၊ တစ်လုံးပြူ ၅ လက်အပါအဝင် ပစ္စည်းတန်ဖိုးအားလုံးပေါင်း သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း Tedim Civil Society Support Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါ PDF စခန်းကို မည်သည့်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း တီးတိန်၊ တွန်းဇံမြို့နယ်တို့တွင်အခြေစိုက်လှုပ်ရှားနေသည့် Zomi Re-Unification Organization (ZRO) ဇိုမီးတော်လှန်ရေးတပ်မတော်၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

Zomi Re-Unification Organization (ZRO) ၏ ကာကွယ်ရေးဌာန ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) မှ ဇွန်လ ၁၇ ရက်နေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) သည် စစ်ရေးကဏ္ဍတွင် အမျိုးသားတပ်မတော်တစ်ရပ်တည်းရှိရမည့် မူ အရ မိမိတို့လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက် ကိုင်တပ်ဖွဲ့ထူထောင်ခြင်းကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများမှ အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ပြီးဖြစ် သည်ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိူးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ရာတွင်သော် လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို လေ့ကျင့်ပေးရန် သဘောတူထားသည့် အတိုင်း ဇိုမီးအမျိုးသား ပြည်သူ့စစ်တပ်(Zomi National Volunteer) ကို အပတ်စဉ်(၁၀) အထိ လေ့ကျင့်ပျိူးထောင်ခဲ့ ကြောင်း၊ တပ်နေရာချထားရေး၊ စည်းရုံးရေး၊ စစ်ဆင်ရေးအတွက် အကျိူးမရှိသည့်အပြင် အနှောက်အယှက်ဖြစ်စေသည့် ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) ဖြစ်သည်ဟု လူထုအတွင်း လိမ်လည်ပြောဆိုပြီး မိမိတို့နယ်မြေအတွင်း ရောက်ရှိလာကြသည့် တာဝန်ယူ တာဝန်ခံသည့် ခေါင်းဆောင်မရှိ၊ အဖွဲ့အစည်းအမည်တောင်မသိကြသည့် သီးခြားလက်နက်ကိုင်တပ်ကဲ့သို့သော လူစုလူဝေများကို လုံးဝသည်းခံမည်မဟုတ်ပါဟု ZRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ကို ထောက်ရှုခြင်းအားဖြင့် တီးတိန် PDF စခန်းအား ZRA က ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်သော်လည်း ခိုနူမ်းသုန်သတင်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.