Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်တွဲလက်များ ပိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု CNF ဆို

တော်လှန်တွဲလက်များ ပိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု CNF ဆို

0
By Editor on February 5, 2026 Headline

ကချင်ပြည်သူ အယောက်စီတိုင်းအတွက် တရားမျှတမှု ပြန်လည်း ရရှိစေရန် ဆောင်ရွက်မည်ဟု NUG ပြော

(006SV)

ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ကြေညာသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရောက်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သော ချင်းအမျိုးသားတပ်ဦး၏ သဝဏ်လွှာတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ကချင်တော်လှန်ရေး စတင်သော အချိန်မှစတင်၍ ယနေ့အချိန်အထိ တော်လှန်ရေးအင်အားစု မြောက်များစွာကို ဖေးမတွဲကူကာ စံနမူနာကောင်းဖြင့် ဦးဆောင်တိုက်ပွဲဝင်လျက်ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို ဂုဏ်ယူလေးစားပါကြောင်း CNF က ထုတ်ပြန်သည်။

ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တော်လှန်ပြည်သူ တရပ်လုံး၏ ရည်မှန်းချက်များ ပြည့်မြောက်သည်အထိ KIO/ KIA အနေဖြင့် ဆက်လက်ဦးဆောင် တိုက်ပွဲဝင် နိုင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်သည်ဟု သဝဏ်လွှာတွင်ဖော်ပြထားသည်။

တော်လှန်ရေးကာလအတွင်း အသက်သွေးချွေးနှင့် ကိုယ်လက်အင်္ဂါပေးလှူခဲ့ရသော ကချင်အာဇာနည်း ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို ဂုဏ်ယူလေးစားမှု အပြည့်ဖြင့် ဦးညွှတ်အလေးပြုပါကြောင်း CNF/ CNA က ထုတ်ပြန်သည်။

တော်လှန်ရေးခရီးတလျှောက် ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ၊ မိသားစုဝင်များနှင့် စစ်ပွဲကြောင့် အိုးအိမ်စွန့်လွှတ်ခဲ့ရသည့် ကချင်စစ်ဘေးရှောင်ပြည်သူများ အယောက်စီတိုင်းအတွက် ထိုက်တန်သည့် တရားမျှတမှု ပြန်လည်း ရရှိစေရန် NUG အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရ၏ ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာတွင် အသိပေးထုတ်ပြန်သည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် KIO/ KIA အနေဖြင့် ရှေ့တန်းမှနေ၍ ဦးဆောင်ပါဝင်နေပြီး ခိုင်မာသည့် မူဝါဒရှိသော တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူလျက်ရှိပါကြောင်း NUG က ဆိုသည်။

ကချင်တမျိုးသားလုံး၏ မျှော်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ ရောက်သည်အထိ မဟာမိတ် ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း NUG က ထုတ်ပြန်သည်။

ကချင်တိုင်းရင်းသားတို့သည် ၎င်းတို့၏ ဆုံးရှုံးနစ်နာခဲ့ရသော အမျိုးသားရေးဆိုင်ရာ လွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့် စသည့် အခွင့်အရေးများကို ပြန်လည်ရရှိရန်အတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှစတင်၍ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.