Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တော်လှန်ရေးကာလ ရဲဘော် ၁၆ ဦး ကျဆုံးဟု CDF – ဇိုဖေ ဆို

တော်လှန်ရေးကာလ ရဲဘော် ၁၆ ဦး ကျဆုံးဟု CDF – ဇိုဖေ ဆို

0
By Editor on April 22, 2025 Khonumthung

(006SV)

ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်သော CDF – ဇိုဖေ၏ တော်လှန်ရေး ၄ နှစ်ကာလအတွင်း ချင်းရဲဘော် ၁၆ ဦး ကျဆုံးခဲ့ရပြီး ရဲဘော်အများအပြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်က Chinland Defense Force – Zophei တည်ထောင်ခြင်း လေးနှစ်ပြည့်ခြင်းကို ဧပြီလ ၂၁ ရက်က ထုတ် ပြန်ချက်တွင် ကျဆုံးရဲဘော်များအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းကာ စစ်မှန်သော လွတ်လပ်ရေး ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပ ပြည်သူများအနေဖြင့် ဆုတောင်းခြင်း၊ ငွေကြေးထောက်ပံ့ကူညီခြင်းနှင့်အတူ တော်လှန်ရေး တွင် မိမိတတ်စွမ်းရာ အခန်းကဏ္ဍမှ ပါဝင်သွားကြရန် တိုက်တွန်းထားသည်။

တော်လှန်ရေး ၄ နှစ်တာမှာ မဟာမိတ်ကောင်းပီသစွာ ရပ်တည်ပေးကြသော မဟာမိတ်အဖွဲ့အစည်းများ အားလုံးအပေါ် အထူးကျေးဇူးတင်ရှိပြီး ရှေ့ဆက်၍ တော်လှန်ရေးလုပ်ငန်းများ အတူလက်တွဲ ဆောင်ရွက်သွားလိုကြောင်း CDF- ဇိုဖေက ထုတ်ပြန်သည်။

CDF – ဇိုဖေသည် ချင်းပြည်ချင်းလဲန်းနှင့် မြန်မာပြည်တဝန်းတွင် တော်လှန်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့သော သူရဲကောင်းများကို မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု ထုတ်ပြန်သည်။

CDF – ဇိုဖေ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ဇိုဖေရမ်းကောင်စီသည် ဖိုဖေရမ်းဒေသတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ဇိုဖေရမ်အက်ဥပဒေကို ပြဌာန်းပြီး အကောင်အထည်ဖော်နေသည်။

ဇိုဖေရမ်းကောင်စီသည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတို့နှင့် ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.