Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇန်တွင် မြို့သစ် စီမံကိန်း စတင်ဖော်ဆောင်နေပြီဟု တွန်းဇန်မြို့နယ်ကောင်စီဥက္ကဌ ပြော

တွန်းဇန်တွင် မြို့သစ် စီမံကိန်း စတင်ဖော်ဆောင်နေပြီဟု တွန်းဇန်မြို့နယ်ကောင်စီဥက္ကဌ ပြော

0
By Editor on January 21, 2026 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင် တွန်းဇန်မြို့နယ်ကောင်စီ/ CDF – တွန်းဇန်သည် တွန်းဇန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီး လတ်တလောမှာ မြို့သစ်အတွက် မြေကွက် ၃၀၀ ဖော်ဆောင်မည်ဟု သိရသည်။

တွန်းဇန်မြို့၏ အထက်ပိုင်းရှိ အရင်တပ်ကုန်းဟောင်း နယ်မြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေများကို တွန်းဇန်မြို့သစ်အဖြစ် သတ်မှတ်ကာ အကောင်အထည်ဖော်နေသည်ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ဦးထန်ဆွန်းမုန်က ပြောသည်။

“အဲဒီဟာက ကျနော်တို့က တွန်းဇန်မြို့ဆိုရင် ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ကလေး တစ်မြို့ဖြစ်အောင် ပြန်လည်ပြီး တည်ဆောက်ချင်တာပေါ့နော်။ အခုဟာက မြို့တည်ဆောက်ပုံက တောင်စောင်းပေါ်မှာဆိုတော့ စနစ်မကျဘူး။ အဲဒါကို ကျနော်တို့က အများပြည်သူ နေထိုင်နိုင်အောင်ဆိုပြီးတော့ မြေကွက်ကို ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ပြီးတော့‌ မြို့တည် ဆောက်ပုံကိုလည်း ခေတ်မှီမြို့နဲ့ တူအောင် ကားလမ်းကို ကောင်းကောင်းလေး ဖောက်ထားတယ်။ စနစ်ကျတဲ့ မြို့ကလေး ဖြစ်အောင် ကျနော်တို့ တွန်းဇံမြို့နယ်ကောင်စီက မြို့သစ်ကို ဖော်ဆောင်ခြင်းဖြစ်တယ်။ လမ်းတွေ ဖောက်ပြီးသွားရင်း အကွက်ချပေးမယ်။ မြေကွက် ရောင်းပြီးတော့ မူလပိုင်ရှင်ကို နစ်နာကြေး ပေးဖို့ သူတို့နဲ့ ညှိနှိုင်းတိုင်ပင်ထားတာ ရှိပါတယ်” ဟု ဦးထန်ဆွန်းမုန်က ပြောသည်။

မြို့သစ်အတွက် လတ်တလောမှာ မြေကွက် တစ်ကွက်လျှက် ပေ ၆၀ ပတ်လည်ရှိသော မြေကွက်ပေါင်း ၃၀၀ ခန့် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိမှာ လမ်း ၄ လမ်းကို ဖောက်လုပ် ဖော်ဆောင်ထားပြီး ဖြစ်ကာ နောက်ထပ်လမ်းများကိုလည်း ဖော်ဆောင် ရန် စီစဉ်နေသည်ဟု ၎င်းကပြောသည်။

လက်ရှိ တွန်းဇန်မြို့ နေရာသည် တောင်စောင်းပေါ်တွင် တည်ဆောက်ထားပြီး မြို့သစ်ဖော်မည့်နေရာသည် မြေပြန့်ဖြစ်ကာ အများပြည်သူ နေထိုင်နိုင်ရန် ခေတ်မှီမြို့ပြတစ်ခုကို တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။

မြို့သစ်ဖော်မည့် နေရာသည် တပ်ကုန်းဟောင်း နယ်မြေ နှင့် ညီအစ်ကို အသင်းတော်မှ ပါစတာ တစ်ဦး၏ မြေများ ပါဝင်ကြောင်း၊ စစ်ကော်မရှင်တပ်၊ ကြံ့ခိုင်ရေးနှင့် ZRA တပ်ဖွဲ့တို့ကို အားပေးသည့် ဒေသခံပြည်သူ ၂ ဦး၏ မြေများလည်း ပါဝင်ပြီး ၎င်းတို့၏ မြေများကို တွန်းဇန်မြို့နယ်ကောင်စီက ပြည်သူပိုင် သိမ်းထားကြောင်း၊ အဆိုပါ ဒေသခံပြည်သူ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင် နေသည်ဟု ဆိုသည်။

မြေကွက်ပိုင်ရှင်ဖြစ်သည့် ညီအစ်ကို အသင်းတော်မှ ပါစတာကို မြေဖိုး သိန်းတစ်ထောင် ပေးမည်ဟု လတ်တလောမှာ ညှိနှိုင်း ထားကြောင် သိရသည်။

တွန်းဇန်မြို့သစ်ကို စတင်အကောင်အထည် ဖော်နေမှုသည် တစ်ပတ်ခန့် ရှိနေပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း ပြီးစီးအောင် အကောင် အထည်ဖော်မည်ဖြစ်ကာ ပြီးစီလျှင် အများပြည်သူကို ချပြမည်၊ လိုချင်သော ပြည်သူများကို မဲနှိုက်၍ ရောင်းချပေးမည်ဟု သိရသည်။

“ပါစတာကြတော့ သူကို နစ်နာကြေး ပေးဖို့ ရှိတယ်။ အဲဒါကို ရှင်းလင်းပြီးပြီဆိုရင် CDF တွန်းဇံ တပ်ဖွဲ့ရဲ့ လိုအပ်တဲ့ဟာ ကျည်ဆန်တို့၊ စားနပ်ရိက္ခာတွေ ဖြည်းဆည်းဖို့ ရှိတယ်။ ပြီးတော့ ကားလမ်းတွေ ပြုပြင်ဖို့ အများကြီး ရှိတယ်။ အခု မြို့သစ်ဖော်တဲ့ နေရာမှာ ကားလမ်းကို ကောင်းကောင်း လုပ်မယ်ဆိုရင် လောက်ငှမှာတောင် မဟုတ်ဘူး။ အခု ကျနော်တို့ မြေကွက်ဖော်ဆောင်ပြီး ရောင်းတဲ့ ဟာနဲ့ပေါ့နော်။ အမြတ်အစွန်းတော့ ရှိမှာ မဟုတ်ဘူး။ မြေကွက် တန်ဖိုးနဲ့ ကားလမ်းဖောက်ရတဲ့ ဟာနဲ့ အကြေလောက်ပဲ ဖြစ်မယ်။ စီးပွားရေး အဖြစ် လုပ်တာ မဟုတ်ဘူး။ CDF တွန်းဇံတပ်ဖွဲ့ တွေက လစာ မရဘူးဆိုတော့၊ တွန်းဇံမြို့နယ်ကောင်စီက ကျေးရွာဥက္ကဌတွေကိုလည်း လစာမပေးထားနိုင်ဘူးဆိုတော့ သူတို့တွေကို မြေကွက်တစ်ကွက်စီ ပေးမယ်။ မြို့သစ်ပေါ်လာဖို့ပဲ အဓိက ရည်ရွယ်ထားတာပါ။ စီးပွားရေးအနေနဲ့ ဘာမှ ထိရောက်မှာ မဟုတ်ဘူး။ မြို့သစ်တစ်ခု ရရှိနိုင်ရေးအတွက်ပဲ အဓိက ရည်ရွယ်တာပါ။ မြို့သစ်ဖော်တာက အရှုံးတောင် ပေါ်နိုင်သေးတယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ဦးထန်ဆွန်းမုန်က ပြောသည်။

အများပြည်သူကို ပြောကြားချင်သည်က လက်ရှိ တော်လှန်ရေးသည် သေချာပေါက် အောင်မြင်မည်ဖြစ်ပြီး အနှေးအမြန်သာ ရှိနေမည်ဖြစ်ကြောင်း၊ မြို့သစ်ဖော်ဆောင်မည့် ကိစ္စကို စစ်ကော်မရှင်က နေရာပြန်ယူမည်ကိုလည်း အများပြည်သူအနေဖြင့် စိတ်ထဲမှာ မထားစေလိုကြောင်း ဦးထန်ဆွန်းမုန်က ပြောသည်။

“အဓိကက အားဖြင့် ဒီမြို့သစ် ဖော်ဆောင်ခြင်းအားဖြင့် စိတ်အနှောင့်အယှက်၊ မဝင့်မရဲနဲ့ ပြည်သူတွေက မဝယ်ရဲတာလည်း ရှိလာလိမ့်မယ်။ ဝယ်ရဲတဲ့ လူလည်း ရှိမယ်။ အဲဒါကို စိတ်ပိုင်းဖြတ်ပြီးတော့ ကိုယ်ကျေနပ် သလိုပေါ့‌နော်။ အများပြည်သူကို အားပေးစကား ပြောချင်တာက ဒီတော်လှန်ရေးကြီးက တွန်းဇံမြို့နယ်မှာ အောင်မြင်ပြီးသာ ဖြစ်သလို ချင်းပြည်နယ်ထဲက တီးတိန်၊ ဟားခါး၊ ထန်တလန်ကလည်း မကြာမီမှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ရှိတယ်။
ချင်းပြည်နယ် တစ်ပြည်နယ်လုံး လွှတ်မြောက်လာပြီးဆိုရင်တော့ အခုဟာမြို့ကြတော့ အများပြည်သူက ဝေဝါးမှု ရှိမှာတော့ မဟုတ်တော့ဘူး။ အများပြည်သူကို ခွန်အားပေးချင်တာက တော်လှန်ရေး မုချအောင်ရမယ်။ အဲဒါကြောင့် မဝေးဝါးဖို့၊ မြေကွက်ဝယ်ချင်တဲ့ လူက ဝယ်ဖို့၊ ကျနော်တို့က အများပြည်သူကို အားပေးစကား ပြောချင်တယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌက ပြောသည်။

လက်ရှိတွင် တွန်းဇန်မြို့သစ် စီမံကိန်းကို လုပ်ဆောင်နေပြီးဖြစ်သောကြောင့် တွန်းဇံမြို့ပေါ်က အစိုးရပိုင် အဆောက်အအုံများ၊ ရုံးများ၊ အိမ်များကို ရောင်းချတော့မည်ဟု သိရသည်။

မြို့သစ်စီမံကိန်းထဲတွင် တွန်းဇံမြို့နယ် အစိုးရရုံးအဆောက်အဦးသစ်များ ထည့်သွင်းဆောက်လုပ်၍ အစိုးရဌာနများကို မြို့သစ်ကို ပြောင်းရွေ့မည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

“အခုမြို့သစ် စီမံကိန်း လုပ်ပြီးဆို‌တော့ တွန်းဇန်မြို့ပေါ်က ၊ မြို့ဟောင်းက အစိုးရပိုင် ရုံးဟောင်းတွေ၊ အိမ်ဟောင်းတွေကို ရောင်းမယ်။ မြို့သစ်မှာ တည်ဆောက်မယ်။ အဲဒါကို အများပြည်သူက ဝယ်ချင်တဲ့ လူရှိရင် ကျနော်တို့ ရောင်းဖို့ အစီအစဉ်ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က အကုန်လုံး သိမ်းလိုက်ပြီးဆိုတော့ ကျနော်တို့မှာ ရောင်းပိုင်ခွင့် ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ ရောင်းမယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌက ပြောသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာနလက်အောက်ရှိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် မေလတွင် တွန်းဇန်မြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ တွန်းဇံမြို့နယ်ကောင်စီ / CDF – တွန်းဇန်က အုပ်ချုပ်ရေးနှင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.