Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၇ လုံးပျက်စီး
Photo credit

တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၇ လုံးပျက်စီး

0
By Editor on May 13, 2024 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦး အပါအဝင် နေအိမ် (၇) လုံးပျက်စီးပြီး ကျေးရွာ ၅ ရွာမှ ဒေသခံထောင်ချီ စစ်ဘေး ရှောင်နေရကြောင်း သတင်းရရှိသည်။

မေလ ၁၁ ရက် ည ၉ နာရီခန့်က တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာ (Lungtak)ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ်ခန့် ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်းနှင့် အရပ်သားနေအိမ် (၅) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့ အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

“လေကြောင်း တိုက်ခိုက်မှုက အနည်းဆုံး ၂ကြိမ် လို့ သိရတယ်။ ပြည်သူလူထုတွေရဲ့ ဒဏ်ရာ ရရှိမှုနဲ့ သေဆုံးမှုကတေ့ာ မသိရသေးဘူး။ အဲဒီရွာက ပြည်သူလူထုတွေက စစ်ဘေးရှောင်နေကြပြီးလို့ သိရတယ်။ လုံတပ်ရွာဘေးအနားက တချို့ရွာ တွေလည်း စစ်ဘေးရှောင်နေကြပြီ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

တွန်းဇံမြို့နယ်တွင် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် ZRA – EC တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီက တွန်းဇံမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

“တွန်းဇံမြို့နယ်တချို့ရွာတွေနဲ့ လုံတပ်ရွာအပါအဝင် တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ ချင်းအမျိုးသားတပ်ဦး ဦးဆောင်တဲ့အဖွဲ့နဲ့ တခြားလက်နက်ကိုင်အစုအဖွဲ့တွေလို့ ကြားရတယ်။ ZRA လား ၊ စစ်ကောင်စီလား မသိသေးဘူး။ စစ်ကောင်စီနဲ့ ဖြစ်မယ်လို့ ယူဆတယ်။ တိုက်ပွဲကြောင့် ဗုံးကြဲမှုတွေ ဖြစ်တယ်ဆိုတော့ စစ်ကောင်စီနဲ့ ဖြစ်တယ်လို့ပဲ မြင်ကြတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

လက်ရှိတွင် လုံတပ်ကျေးရွာနှင့် ၎င်းအနီးဝန်းကျင်ကျေးရွာ (၅) ရွာခန့်မှ ဒေသခံပြည်သူ တစ်ထောင်ကျော်သည် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

တွန်းဇံမြို့နယ် အဝင်/အထွက်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသကဲ့သလို့ ကျီခါးမြို့ဝန်းကျင်တွင်လည်း ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

မေလဆန်းပိုင်းမှစတင်၍ တွန်းဇံမြို့ပေါ် ရဲစခန်းအနီးဝန်းကျင်က ဒေသခံများသည် မြို့ပေါ် တိုက်ပွဲ သတင်းများကြောင့် နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်သွားပြီဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်နေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန်‌ မေလ ၃ ရက်က တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်သည်။

တွန်းဇံမြို့နယ်အတွင်းက ပြည်သူလူထုသည် အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများထဲသို့ ဆင်းသက် ကျရောက် မည်ကို အထူးစိုးရိမ်မကင်းဖြစ်နေရသည် ၎င်းတို့က ထုတ်ပြန်ထားသည်။

တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ်အပါအဝင် ZRA (EC)၊ PDF- Zoland၊ CDF – တွန်းဇံနှင့် PDF ခေါ် Thahdo Defense Force စသည့် လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုလှုပ်ရှားနေကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.