Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမှာ ချင်းတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ
ပုံစာ - ယခင်ပုံဟောင်း (ယမန်နှစ်က အမှတ် (၂၆၈) ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းအား မီးရှို့ဖျက်ဆီးနေစဉ်)

တွန်းဇံမှာ ချင်းတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ

0
By Editor on May 17, 2024 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့တွင် CNA ဦးဆောင်သည့် ချင်းတပ်ပေါင်းစု နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ကစ၍ နေ့ရော၊ ညပါ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၆ ရက် မနက် ၉ နာရီမှ စတင်၍ မေလ ၁၇ မနက် ၄ နာရီအထိ တွန်းဇံမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာနေရာများကို ချင်းပူးပေါင်းတပ်ဖွဲ့များက ဒရုန်းအပါအဝင် ပစ်ခတ်တိုက်ခိုက်သံများ ကြားနေရကြောင်း တွန်းဇံမြို့ ဒေသခံများက ပြောသည်။

“ညကဆိုရင် ၅ မိနစ်၊ ၁၀ မိနစ်ခြား တစ်ခါ ပစ်တာ၊၊ မနေ့ကတည်းကနေ ဆက်တိုက်ပဲ ပစ်နေကြတာ။ မနက် ၄ နာရီမှာနောက်ဆုံး ကြားတယ်။ ပြီးတော့ ဒီမနက် ၈ နာရီကျော်ကျော်လောက်မှာ ပစ်ခတ်တာ ကြားတယ်။ အဲဒီနောက်ပိုင်းတော့ ငြိမ်းသွားပြီ” ဟု တွန်းဇံမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ မေလ ၁၇ ရက် ၈ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ချင်းပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။

တွန်းဇံမြို့ စစ်ကောင်စီ ခလရ – ၂၆၉ တပ်စခန်း နှင့် စစ်ကောင်စီတပ်ဖွဲ့များခြေကုပ်ယူထားသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မီးသတ်ရုံးနှင့် အခြားရုံးတစ်ခုတို့ကို ချင်းပူးပေါင်းတပ်များက ဦးတည်တိုက်ခိုက်ခဲ့ကြောင်း၊ တွန်းဇံမြို့နှင့် ၃ မိုင်ခန့်အကွာက လမ်းမပေါ်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ချင်းပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့၏ တွန်းဇံမြို့က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

သို့ရာတွင် ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တွန်းဇံမြို့၊ ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေး ပူးပေါင်း တပ်က ယမန်နေ့ မေလ ၁၆ ရက်က စတင်တိုက်ခိုက်ပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF / CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက်ပစ်ကူပေး၍ တိုက်ခိုက်နေပြီး ချင်းပူးပေါင်းတပ်ဖွဲ့က အထိအခိုက် မရှိကြောင်း၊ ZRA – EC ဖွဲ့နှင့် တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း ဆလိုင်းထက်နီက ဖြေကြားထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုများကြောင့် တွန်းဇံမြို့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ပေါ်ရှိ စစ်စခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မီးသတ်ရုံးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် ရုံးအဆောက်အဦးနှင့်နီးသော ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြပြီး မြို့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် တောတောင်များ၊ ကျေးရွာများသို့ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.