Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒေါက်တာဆာဆာ ဦးဆောင်သော IPFD က လွတ်မြောက်နယ်မြေမှ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကို အားဖြည့်ကူညီမည်ဟု ဆို

ဒေါက်တာဆာဆာ ဦးဆောင်သော IPFD က လွတ်မြောက်နယ်မြေမှ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကို အားဖြည့်ကူညီမည်ဟု ဆို

0
By Editor on December 2, 2025 Headline

United States of Myanmar – USM ဟူသော မြန်မာနိုင်ငံသစ်ကို တည်ဆောက်မည်ဟု IPFD ကြေညာ

(006SV)

ဒေါက်တာဆာဆာ ဦးဆောင်ဖွဲ့စည်းသော Institute of Peace and Federal Democracy (IPFD)သည် လွတ်မြောက် နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ရေးနှင့် အောက်ခြေမှ အထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ် (Bottom – up Federalism) ကို အားဖြည့် ဆောင်ရွက်ခြင်းအပါအဝင် ကဏ္ဍ ၃ ရပ်ကို အဓိကထား ဆောင်ရွက်မည့်ဟု ကြေညာသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အင်စတီကျူ (IPFD) ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ Bottom – Up ဖက်ဒရယ်စနစ် တည်ဆောက်ခြင်းကို အားဖြည့်ခြင်းအပါအဝင် မြန်မာပြည်သူအားလုံး၏ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုများကို ချဲ့ထွင်မည်ဟု ဒီဇင်ဘာလ ၁ ရက်မှာ IPFD က ထုတ်ပြန်သည်။

မတူကွဲပြားမှုများနှင့် ယှဉ်တွဲနေထိုင်ခြင်းတို့ကို မြှင့်တင်ပေးပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ကို ပံ့ပိုးကူညီခြင်းတို့ကိုလည်း လုပ်ဆောင်မည်ဟု သိရသည်။

IPFD ၏ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို အရှိန်မြင့် တင်ရန် ဖြစ်ပြီး အဖွဲ့၏ လုပ်ငန်းစဉ်များသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံတမန် ရေး၊ လူသားချင်း စာနာမှုနှင့် နိုင်ငံတကာ တည်ဆောက်ရေး ကြိုးပမ်းများကို ဖြည့်ဆည်းပေးကာ ပိုမိုအားကောင်းစေမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ရှေ့ဆက်ရမည့် ခရီးလမ်းသည် ရှည်လျားကြမ်းတမ်းနိုင်သော်လည်း ညီညွတ်မှု၊ သတ္တိနှင့် ခိုင်မာသော စိတ်ဓါတ်ဖြင့် “မြန်မာနိုင်ငံသစ်” (New Myanmar) ကို တည်ဆောက်သွားမည်ဟု IPFD က ဆိုသည်။

ယင်းက ပြည်နယ်များအားလုံး တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားသော “မြန်မာပြည်ထောင်စု သမ္မတနိုင်ငံတော်” United States of Myanmar – USM ဟူသော IPFD ၏ မျှော်မှန်းချက်ကိုလည်း အမြဲတစေ နိုကြားတက်ကြွစေမည် ဖြစ်သည်ဟု ကြေညာသည်။

၂၀၂၅ ဩဂုတ်လက NUG အစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းတော့မည်ဟု ဝန်ကြီးဖြစ်သူ ဒေါက်တာ ဆာဆာကို တာဝန်ရှိသူများက အကြောင်းကြာခဲ့သည်ဟု သိရသည်။

ယင်းနောက် မြန်မာနိုင်ငံနှင့် ပြည်သူတို့ကို အားပေးထောက်ခံမှု ဆက်လက် ရရှိရေး၊ လူသားအရင်းအမြစ်နှင့် ဘဏ္ဍာရေး အရင်း အမြစ်များ ရရှိရေး မဟာဗျူဟာ မူဘောင်ကို ဦးတည်သော ပြည်သူအခြေခံ ပလက်ဖောင်းကို စတင်အကောင်အထည်ရာတွင် ၎င်း၏ အင်အားနှင့် အချိန်များကို အပြည့်အဝ မြှုပ်နှံသွားမည်ဟု ဒေါက်တာ ဆာဆာက ထုတ်ပြန်သည်။

လက်ရှိအချိန်သည် တစ်သံတည်း၊ တစ်စိတ်တည်း၊ အနာဂါတ်တစ်ခုတည်းဖြင့် လက်တွဲပြီး နိုင်ငံတစ်ဝှမ်း ကြီးမားသော ဒုက္ခ ဆင်းရဲမှု၊ သေဆုံး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလျက်ရှိသော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရားမဝင် စစ်အုပ်စုကို ဆန့်ကျင်ရမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲသည်လည်း တရားဝင်ရွေးကောက်ပွဲမဟုတ်ဘဲ ၎င်းတို့၏ ဆိုးဝါးစွာ ရာဇဝတ်မှုကျူးလွန်ပြီး အဓမ္မ အုပ်ချုပ်နေမှုကို တရားဝင်ဖြစ်လာစေရန် လိမ်လည်လှည့်ဖြားခြင်းသာဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.