Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးတည်ငြိမ်မှုမရှိ‌သေးသရွေ့ မြန်မာစစ်ပြေး ဒုက္ခသည်များကို စစ်ကောင်စီထံ ပြန်မပို့ရန် India For Myanmar က အိန္ဒိယအစိုးရထံ တောင်းဆို

နိုင်ငံရေးတည်ငြိမ်မှုမရှိ‌သေးသရွေ့ မြန်မာစစ်ပြေး ဒုက္ခသည်များကို စစ်ကောင်စီထံ ပြန်မပို့ရန် India For Myanmar က အိန္ဒိယအစိုးရထံ တောင်းဆို

0
By Editor on March 5, 2025 Headline

(004SS)

ပြည်တွင်းပဋိပက္ခဖြစ်စဉ်များကြောင့် အိန္ဒိယနိုင်ငံသို့ ခိုလှုံနေကြသော မြန်မာစစ်ပြေး ဒုက္ခသည်များကို မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိ‌သေးသရွေ့ စစ်ကောင်စီထံ ပြန်ပို့ခြင်းနှင့် ပြန်ပို့ရန် ခြိမ်းခြောက်ခြင်းများ မပြုရန် အိန္ဒိယအစိုးထံ India For Myanmar က ယနေ့ တောင်းဆိုသည်။

India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “အစိုးရတာဝန်ရှိတဲ့သူတွေကို ဒီနေ့မှ တောင်းဆိုထားတာဖြစ်ပါတယ်။ ဗဟိုအစိုးရက မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံမလုံခြုံသရွေ့ ပြန်မပို့ပါဘူးဆိုပြီးတော့မှ ပြောထားတာရှိတော့ အဲဒီသူတို့ ကတိအတိုင်း သက်ဆိုင်ရာ ပြည်နယ် အစိုးရကလဲ လိုက်လုပ်စေဖို့ မျှော်လင့်တာပေါ့နော်။ အခု ဒေလီအစိုးရကလဲ လွန်ခဲ့တဲ့ လပိုင်းက election ရှိတော့ အစိုးရက BJP ဖြစ်လာတဲ့ချိန် refugees တွေအပေါ် တင်းကြပ်တဲ့ အခြေအနေ‌ေရာက်သွား တာပေါ့နော်။ နောက် အရင်က မဏိပူရ်ဝန်ကြီးချုပ်ဆိုရင်လဲပဲ refugees တွေကို အမုန်းပွားစေမဲ့ စာတွေကို မကြာခဏ တင်ထားတာမျိုးတွေရှိတော့ အမှန်ဆိုရင် ဗဟိုမှာရှိတဲ့ မြန်မာနိုင်ငံသား အပေါ်ထားတဲ့ မူဝါဒနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေရဲ့ မူဝါဒက ကွဲလွဲမှုရှိနေလို့ ဒါတွေကို တစ်ထပ်တည်းကျအောင် ပြင်ဆင်စေချင်တဲ့ သဘောနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ပြေးဒက္ခသည်များသည် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက် မှုများမှလွဲ၍ အခြားပြည်နယ်များရှိ မြန်မာစစ်ပြေး ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေ‌ကြသော မြန်မာစစ်ပြေးဒုက္ခသည်များထဲမှ ၂၅၀ ကျော်သည် မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံရပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ အကြမ်းဖက် စစ်ကောင်စီထံ ပြန်ပို့ခဲ့သည့်အပြင် ဖမ်းဆီးခံရသူ ၁ ဦးသည်လည်း ထောင်ထဲတွင် အသက်ဆုံးရှုံး ခဲ့ရသော်လည်း ယနေ့အထိ တရားမျှတမှု မရရှိသေးကြောင်း မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်သော India for Myanmar ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံကြပြီးဖြစ်သော်လည်း နှစ်ချီ ဆက်လက်ထိန်းသိမ်းခံနေရသည့်အပြင်၊ လွတ်မြောက်ခွင့်မရသေးဘဲ အသက်မလုံခြုံသည့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဏိပူရ်နှင့် အာသံပြည်နယ်အစိုးရများ၏ မကြာခဏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေကြရကြောင်း India for Myanmar ကဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာ စစ်ပြေးဒုက္ခသည်များသည် ၄ နှစ်ကျော်ကြာလာချိန်တွင် အကူအညီမဲ့နေမှုမှ ပိုမိုကြပ်တည်းသော အခြေအနေသို့ ရောက်ရှိလာနေသည်ဟု India for Myanmar ဦးဆောင်သူက အခုလိုပြောသည်။

“အိန္ဒိယနိုင်ငံအ‌ေနနဲ့ မြန်မာနိုင်ငံသား‌တွေရော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို မကူညီနိုင်ရင်တောင်မှ ဒုက္ခသည်‌ေတွ အပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုကို မပေးဘဲနဲ့ ဒီတိုင်း‌ေလးပဲ ထား‌ေပးဖို့ အလိုအပ်ဆုံးပါပဲ။ သူတို့ ကူညီနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ဆလိုင်း ဒိုခါရ်က ပြောသည်။

လက်ရှိတွင် မဏိပူရ်အကျဉ်းထောင်၌ ထိန်းသိမ်းခံရ‌သော အသက် ၅၀ ကျော် ဦးအောင်မြင့်သည် ကျန်းမာရေး ဆိုးရွားလာ ပြီး အရေးပေါ်ကုသမှုခံယူနေရကြောင်း၊ ‌ေထာင်ထဲတွင် ဦးအောင်မြင့်ကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူ ၁၀ ဦးထက် မနည်း ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် မကြသေးမီ ရက်ပိုင်းက နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် မြန်မာစစ်ပြေး ဒုက္ခသည်များ ဝတ်ပြုနေစဉ် နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား သို့မဟုတ် UNHCR မှ ထောက်ပေးသော ဒုက္ခသည်ကတ် မရှိသူများကို ဖမ်းဆီး၊ ထောင်ချ သို့မဟုတ် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဝတ်ပြုအစီအစဉ်များကိုလည်း ရပ်တန့်စေခဲ့သည့် ဖြစ်ရပ်များကြုံ‌တွေ့နေ ကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.