Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝကို မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းထားပြီး အုပ်ချုပ်နေသည်ဟု ULA/ AA အတည်ပြု

ပလက်ဝကို မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းထားပြီး အုပ်ချုပ်နေသည်ဟု ULA/ AA အတည်ပြု

0
By Editor on August 11, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ULA/ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်တွင် အွန်းလိုင်မှ ပြုလုပ်သည့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

“ပလက်ဝဒေသကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ အရင်က မြို့နယ်အဆင့်နဲ့ ရှိခဲ့တာကို ကျနော်တို့ အခုခရိုင် အဆင့်ဖွဲ့စည်းပြီး စနစ်တကျ စီမံအုပ်ချုပ်လို့ ရှိပါတယ်။ အုပ်ချုပ်ရေးကို ဆောင်ရွက်တဲ့ နေရာမှာလည်း ကျနော်တို့တွေ ဒေသခံ တွေနဲ့ စည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်တာ၊ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို စနစ်တကျနဲ့ လုပ်ဆောင်နေတာဖြစ်ပါ တယ်။ အဲလိုအခြေအနေမှာ တချို့က ULA/ AA အစိုးရက ကြိုးစားလို့ လုပ်နေတဲ့ အုပ်ချုပ်ရေး၊ ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ တွေကို မလိုလာတဲ့ အုပ်စုတွေက လူမျိုးရေး အမုန်းတရားတွေနဲ့ အမျိုးမျိူး ဝါဒဖြန့်မှုတွေ ရှိပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး၊ အဖွဲ့ အစည်းကိုယ်ကျိုးစီးပွားအတွက် လူမျိုးရေးအရ၊ ဘာသာရေးအရ အမုန်းတရားတွေ ဖြစ်လာအောင် ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။ ဒါက လုံးဝ မလုပ်သင့်တဲ့ ကိစ္စလို့ ဖြေကြားလိုပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်း သတ်မှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည့်အခြေအနေနဲ့ပတ်သက်၍ ဦးခိုင်သုခက ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပလက်ဝဒေသကို ရခိုင်ပြည်နယ်အတွင်း ထည့်သွင်းထားခြင်းလားဟူ၍ ခိုနူမ်းသုန်သတင်းဌာန၏ မေးမြန်းမှုကို ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယခုလို ဖြေကြားသည်။

“ပလက်ဝကို စစ်ကောင်စီလက်ထဲကနေ သိမ်းပြီးရင် ခရိုင်အဆင့်တိုးမြင့်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ အခု ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ အနောက်ဘက်စစ်မျက်နှာမှာ ပလက်ဝဟာ စစ်ကောင်စီလက်အောက်ကနေ ပထမဆုံး လွတ်မြောက်လာတဲ့ ဒေသဖြစ်ပါတယ်။ အဲဒါကြောင့် ပလက်ဝဒေသကို ကျနော်တို့ သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ၊ ဒေသတစ်ခုကို သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဒေသတစ်ခုကို ဒီ့အတိုင်းထားဖို့က အဆင်မပြေပါ။ ကျနော်တို့က အဲဒီဒေသကို စနစ်တကျ သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီဒေသရဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ ပြည်သူ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသကို ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျနော်တို့ လုပ်စရာရှိတာတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ဖြေကြားလိုပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

၂၀၂၅ နှစ်လယ်ပိုင်းတွင် အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု သိရသည်။

အာရက္ခတပ်တော် ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ကို ယခင်က စစ်ဒေသအလိုက် ဖွဲ့စည်းအုပ်ချုပ် ခဲ့သော်လည်း ယခုလက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့် စသည့် စီမံအုပ်ချုပ်မှု အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

ပလက်ဝမြို့နယ်ထဲတွင် ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် ဒေသအများစုကို အာရက္ခတပ်တော် ULA/ AA က သိမ်းပိုက်ထိန်းချုပ်ထား ပြီး ဒေသအနည်းစုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ပလက်ဝ၊ CDF – Daai တို့က ထိန်းချုပ်၍ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည်ဟု သိရသည်။

ပလက်ဝမြို့နယ်ကို ULA/ AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်ဆောင်ရာမှာ ဒေသခံချင်းပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.