Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် AA က စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူမှုရှိလာသောကြောင့် ချင်းလူငယ်၊ လူလတ်ပိုင်းများ ပလက်ဝကိုစွန့်ခွါသူများလာ

ပလက်ဝမြို့နယ်တွင် AA က စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူမှုရှိလာသောကြောင့် ချင်းလူငယ်၊ လူလတ်ပိုင်းများ ပလက်ဝကိုစွန့်ခွါသူများလာ

0
By Editor on May 10, 2024 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူမှုများရှိလာသည့်နောက်ပိုင်းတွင် စစ်မှုမထမ်းဆောင်လိုကြသော ချင်းလူငယ်၊ လူလတ်ပိုင်းအမြောက် အများ ပလက်ဝမြို့ကို စွန်ခွါထွက်ပြေးလာသူ တနေ့ထက်တနေ့များလာနေကြောင်းသိရသည်။

ပလက်ဝမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီး စစ်ကောင်စီကင်းစင်သည့်နယ်မြေအဖြစ် သတ်မှတ်၍ အုပ်ချုပ်ရေးယန္တယားများ အကောင်အထည်ဖော်ဆောင်နေသော အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ်အတွင်းက အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်းရှိအမျိုးသားများအား အခြေခံစစ်သင်တန်းတက်ရောက်ကာ စစ်မှုထမ်းရမည်ဟု ညွန်ကြားပြောဆိုမှုရှိလာသည်ဟု ပလက်ဝဒေသခံများထံမှသိရသည်။

“အခု ကုလားချောင်းတွေဘက်မှာ နာမည်စာရင်းတွေကောက်နေပြီ စစ်မှုထမ်းဖို့လေ AA ထဲမှာ စစ်မှုထမ်းဖို့ ဆိုပြီးမှ နာမည် စာရင်းတွေလိုက်ကောက်နေတယ်အခု သူတို့ကပြည်သူ့စစ်ပုံစံမျိုးတဲ့ ပြည်သူ့စစ်သင် တန်းတက်ခိုင်ဖို့ကောက်တာလို့ ပြောတယ်” ဟု လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသူပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းကျေးရွာများက ဒေသခံလူငယ်အယောက် ၄၀ ခန့်မှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် တချို့မှာလည်း ရန်ကုန်ပြည်မဘက်သို့ထွက်ပြေးတိမ်းရှောင်သူအမြောက်အများရှိလာနေကြောင်း သိရသည်။

“အခုပလက်ဝမှာ စစ်ကောင်စီတွေမရှိတော့ဘူးဆိုပေမဲ့လည်း AA က လတ်တလောမှာ လူစည်းရုံးတာတို့ရှိတယ်၊ အခုလဲ AA ထဲဝင်ဖို့ စာရင်းကောက်တာတွေလဲရှိတာပေါ့နော် အထူးသဖြင့် လူငယ်တွေ ထွက်လာတယ်ဆိုတာကလဲ အဲဒါတွေ ကြောင့်ပဲ များတယ်ပေါ့” ဟု ခူမီးလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် အခြေခံစစ်သင်တန်းကွင်းလည်းဆောက်လုပ်ပြီးစီးနေပြီဖြစ် ကာ ယခုမေလအတွင်း အခြေခံစစ်သင်တန်းများပေးအပ်ရန်စီစဉ်နေသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို AA ကိုလည်း ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍မရနိုင်သေးပေ။

ပလက်ဝဒေသခံ ခရစ်ယာန်ပါစတာတစ်ဦးက “လောလောဆယ် ပလက်ဝရဲ့အခြေအနေကတော့ မကောင်းဘူးလို့ ပြောရ မယ်၊ တာဝန်ရှိတဲ့သူတွေကလည်း သေသေချာချာမကိုင်တွယ်နိုင်ဘူးဆိုရင်တော့ လူမျိုးရေးအသွင်ပြောင်းပြီးတော့ ပြသနာ ဖြစ်လာနိုင်ခြေ များတယ် အခုလူငယ် လူရွယ်တွေကတော့ မနေရဲကြတော့ တဖြည်းဖြည်းထွက်လာနေတယ် လက်ရှိကျန်တဲ့ သူကတော့ လမ်းစရိတ်မရှိတဲ့သူတွေ၊ သက်ကြီးတဲ့သူတွေလောက်ပဲနေတော့တယ် လူငယ်အများစုကတော့ထွက်ကုန်ကြပြီ” ဟု ပြောသည်။

အာရက္ခတပ်တော်(AA) သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ၂၀၂၃ ခုနှစ် နို၀◌င်ဘာ ၁၃ ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပလက်၀မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် အာရက္ခတပ်တော် (AA) က ပလက်၀မြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင် လာကာ ပလက်ဝမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာမည့် သူများကိုလည်း ၎င်းတို့၏ ထောက်ခံစာဖြင့်သာ ဝင်ထွက် ခွင့်ပြုထားသည်ဟု သိရသည်။

ထို့အပြင် အာရက္ခတပ်တော်သည် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ လာရောက် နေထိုင်ရန်အတွက် အိမ်မြေနေရာဖော်ဆောင်လျှက်ရှိပြီး အိမ်ဆောက်ရန် တစ်ရွာလျှင် ဝါးအလုံးရေ တစ်ထောင် ခုတ်ခိုင်းထားသည်ဟုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.