Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို မကြာမီ ဖွဲ့စည်းတော့မည်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို မကြာမီ ဖွဲ့စည်းတော့မည်

0
By Editor on March 13, 2026 Headline

(006SV)

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ကို မကြာမီ အကောင်အထည်ဖော် ဖွဲ့စည်းတော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။

NUG အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက မကွေးဖက်ဒရယ် ယူနစ်လွှတ်တော် ဧကဒသမပုံမှန် အစည်းအဝေးသို့ မတ်လ ၁၂ ရက်က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် NUG အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်စီကို ဖွဲ့စည်းနိုင်ရန် အလေးထား ကြိုးပမ်းလျက်ရှိကြောင်း NUG အစိုးရ ယာယီသမ္မတကြီးက ပြောသည်။

မကြာမီကာလတွင်း အကောင်အထည်ဖော် ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း သတင်းစကား ပါလိုပါကြောင်း ၎င်းက ပြောသည်။

တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ စုစည်းမှုများသည် ဘုံရည်မှန်းချက် ပန်းတိုင်ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်ရာတွင် အဓိကကျသော အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အသိပေးထားသည်။

တော်လှန်ရေး ခရီးစဉ်အတွင်း ပိုမိုကြီးမားသော စိန်ခေါ်မှုများ ရှိလာနိုင်သည့်အတွက် ညီညွတ်ရေးသည် တော်လှန်ရေး အင်အားစုများ၏ အကြီးမာဆုံးသော လက်နက်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေး ၅ နှစ်တာတွင် NUG အစိုးရအနေဖြင့် လူထု၏ ဆန္ဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသော်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတဝန်းရှိ တော်လှန်ရေး အင်အားစုများ အားလုံးနှင့် လက်တွဲပြီး ဘုံရည်မှန်းချက်များ အောင်မြင်သည်အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမည်ဟု သိရသည်။

လက်ရှိ တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရန်အတွက် ပြန်လည်စုဖွဲ့ရေးများ လုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းဦးဆောင်မှုတစ်ခုဖြစ်ရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် K3C (KIO၊ KNU၊ KNPP၊ CNF) တို့ တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေကြောင်း KIO/ KIA မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ဖေဖော်ဝါရီလဆန်းပိုင်းက ပြောကြားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.