Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG နှင့်အတူအဆုံးတိုင် တိုက်ပွဲဝင်မည်ဟု အောက်ချင်းငှက်သစ္စာကို တိုင်တည်၍ CNF ပြော

ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG နှင့်အတူအဆုံးတိုင် တိုက်ပွဲဝင်မည်ဟု အောက်ချင်းငှက်သစ္စာကို တိုင်တည်၍ CNF ပြော

0
By Editor on April 16, 2024 Headline

(006SV)

အာဏာရှင်စနစ်မှန်သမျှကို အပြတ်ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG အစိုးရနှင့် လက်တွဲ၍ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်ချင်းငှက် သစ္စာကို တိုင်တည်၍ အဓိဌာန်ပြုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ပြောသည်။

ယနေ့ ဧပြီလ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၃ နှစ်ပြည့် အခမ်းအနားကို ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ ချင်းအမျိုးသားတပ်ဦး CNF ကထိုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓါတ်နှင့် အညီ နိုင်ငံရေးအရ တန်းတူမှု ရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် NUG အစိုးရနှင့် နိုင်ငံရေးဘုံရည်မှန်းချက် တူနေသရွေ့ တလှေထဲ ခရီးဖြင့် ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်သွားမည်ဟု CNF က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က CNF နှင့် NUG အစိုးရတို့ကြား အချက် ၈ ချက်ပါ နှစ်ဖက်သဘော တူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှ အပြတ်ချေမှုန်းမည်ဟု CNF က ပြောသည်။

ယနေ့သည် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပါအဝင် နွေဦးတော်လှန်ရေး အင်အားစု အသီးသီးမှ စစ်ကောင်စီကို ဖြုတ်ချကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က CNF နှင့် NUG အစိုးရတို့ကြား အချက် ၈ ချက်ပါ သဘောတူညီချက်တွင် အပြန်အလှန်အသိ အမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအချက် ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်ကြောင်း သိရသည်။

CNF နှင့် NUG အစိုးရတို့ကြား အချက် ၈ ချက်ပါ နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံတော် ဒုတိယ သမ္မတကြီး ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးများနှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.