Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖမ်းဆီးအကျဉ်းကျခံထားရသော သတင်းမီဒီယာသမား ၂၇ ဦးကို အမြန်ဆုံး ပြန်လွှတ်ရန် IPCM တောင်းဆို

ဖမ်းဆီးအကျဉ်းကျခံထားရသော သတင်းမီဒီယာသမား ၂၇ ဦးကို အမြန်ဆုံး ပြန်လွှတ်ရန် IPCM တောင်းဆို

0
By Editor on January 19, 2026 Headline

(006SV)

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမား ၂၇ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးပြီး သတင်းထောက်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများ ချက်ချင်း ရပ်တန့်ရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ကျင်းပသော IPCM ၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို အပြီးတွင် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်း ၅ နှစ်ကာလတွင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်များတွင် သတင်းသမား အနည်းဆုံး ၃၀ မှ ၆၀ ဝန်းကျင်အထိ ထိန်းသိမ်းခံရခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ အမျိုးသမီးသတင်းသမား ၅ ဦးအပါအဝင် ၂၇ ဦးသည် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲဖြစ်သည်ဟု IPCM ထံမှ သိရသည်။

အကျဉ်းကျခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်တစ်သက်၊ ထောင် ၁၀ နှစ်အပါအဝင် နှစ်ရှည်ထောင်ဒဏ် ကျခံထားရသူ ၁၄ ဦး ပါဝင်ပြီး တခြားသတင်းများသည်လည်း အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်ကြား ပြစ်ဒဏ်များ ကျခံနေရသည်ဟု သိရသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီလအထိ သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်နေစဉ် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမား ၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

၅ နှစ်တာအတွင်း သတင်းမီဒီယာသမား ၁၈၀ နီးပါးကို စစ်ကောင်စီက မတရားဖမ်းဆီးအရေးယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ – ၅၀၅ – က၊ ၅၀၅ – ခ၊ ပုဒ်မ – ၁၂၄ – က၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ)၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများပုဒ်မ – (၅)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ – ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိသည့် ရာဇဝတ်မှုများဖြင့် အရေးယူခဲ့သည် ဟု သိရသည်။

မြန်မာသတင်းမီဒီယာသမားများကို ဖမ်းဆီးထောင်ချမှုများတွင် စစ်ကောင်စီသည် ပုဒ်မ ၅၀၅ – က၊ ၅၀၅ – ခ နှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများကို အများဆုံး အသုံးပြုခဲ့သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် သတင်းမီဒီယာလုပ်ငန်း (၁၅) ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး သ တင်းမီဒီယာဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကို တစ်ဖက်သတ်ပြုပြင်ပြဌာန်းခဲ့သည်ဟု သိရသည်။

သတင်းမီဒီယာသမားများ နှင့်သတင်းမီဒီယာ လုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်း မရှိဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရသည့် ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက် နေကြောင်း IPCM ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေး ၊ သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နှင့် သတင်းမီဒီယာသမားများ ဖမ်းဆီးထောင်ချခြင်း နှင့် နှိပ်စက်သတ်ဖြတ်ခြင်းများ ကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် IPCM က တောင်းဆိုထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လွတ်လပ်သော မြန်မာသတင်းမီဒီယာများ ဆက်လက် ရှင်သန်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် IPCM က တိုက်တွန်ထားသည်။

IPCM ညီလာခံတွင် IPCM အဖွဲ့ဝင်များ၊ မိတ်ဖက်သတင်းဌာနများ၊ မြန်မာသတင်းမီဒီယာအစုအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.