Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ကို သိမ်းပိုက်သည့် အာဏာသိမ်းစစ်တပ်က အသက် ၇၀ အရွယ်အဘွားအိုကို အဓမ္မပြုကျင့်သတ်ဖြတ်

ဖလမ်းမြို့ကို သိမ်းပိုက်သည့် အာဏာသိမ်းစစ်တပ်က အသက် ၇၀ အရွယ်အဘွားအိုကို အဓမ္မပြုကျင့်သတ်ဖြတ်

0
By Editor on April 29, 2026 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် ထန်နှီယာရ်ရွာသစ် (Thanhniar Khuathar) မှာ အဏာသိမ်းစစ်တပ်က အသက် ၇၀ အရွယ်အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်သွားသည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်ရပ်မှာ ဖလမ်းမြို့မှ ၇ မိုင်ခန့်အကွာ ထန်နှီယာရ်ရွာသစ်မှာ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ဧပြီလ ၂၉ ရက်နေ့ကျမှ ရွာသားများက သေဆုံးနေသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အာဏာသိမ်းစစ်တပ်သည် ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက်မှာ တပ်ဖွဲ့ဝင်တချို့သည် ဖလမ်း-ဟားခါးလမ်း ဘက်ကို ဆက်လက်စစ်ကြောင်းထိုးခဲ့ကြပြီး ဖလမ်းမြို့အထွက် Lungrang ကျေးရွာအနီးမှာတည် ရှိသော Thanhniar ရွာသစ်ကို ဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။

ထိုကဲ့သို့ ရွာထဲဝင်ရောက်သည့်အချိန်တွင် ဘေးလွတ်ရာသို့တိမ်းရှောင်နိုင်ခြင်းမရှိဘဲ နေအိမ်၌ ကျန်နေရစ်ခဲ့သော အသက် ၇၀ အရွယ် အဘွားအိုကို အာဏာသိမ်းစစ်သားများက နေအိမ်အတွင်းအဓမ္မပြုကျင့်ပြီးနောက် နဖူးတည့် တည့်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်ဟု ရွာသားများထံမှသိရသည်။

“အဲဒီအဘွားကရွာမှာကျန်နေရစ်ခဲ့တာ၊ တောထဲကိုတိမ်းရှောင်သွားကြတဲ့ သူ့တူလေးနဲ့ အမျိုးတစ်ယောက်က တနင်္ဂနွေ နေ့မှာ ဝက်စာကြွေးဖို့ နေအိမ်ပြန်လာတဲ့အခါမှာ အိမ်ထဲကနေ အဘွားက အော်ဟစ်နေတာကြားရတယ်၊ စစ်သားတွေလ ည်းရှိနေတော့ မသွားရဲကြဘဲ တောထဲကိုပြန်လှည့်သွားကြတယ် ဒီနေ့မနက်ပိုင်းကျမှ အဲဒီအဘွားအိမ်ကို ပြန်သွားကြည့် အချိန်မှာ ကုတင်မှာအဝတ်ဗလာနဲ့ နဖူးတည့်တည့်မှာသေနတ်ဒဏ်ရာနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့ကြ တာ” ဟု Thanhniar ရွာသစ်ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်သားများသည် Thanhniar ရွာမှပြန်ထွက်သွားသည့်အချိန်တွင် အဘွားအို၏ရုပ်အလောင်းကို နေအိမ် နှင့်အတူ မီးရှို့ခဲ့ကြသော်လည်း နေအိမ်မှာ မီးလောင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

ယခုလက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် Thanhniar ရွာသစ်အနီး Lungrang ကျေးရွာတွင် နေရာယူတပ်စွဲထားကြ သည့်အတွက် အဘွားအို၏ ရုပ်အလောင်းကိုလည်း ရွာသားများမသယ်ရဲကြသေးကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသော ဖလမ်းမြို့ကို မြေပြင် နဲ့ လေကြောင်း၊ လက်နက်ခဲယမ်းသာလွန်အင်အားဖြင့် ၇ လနီးပါးအကြာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆူရ်းဘုန်လေဆိပ်နှင့် ၂၆၈ တပ်ကုန်းအပါအဝင် ဖလမ်းမြို့၏နေရာအများစုမှာ အာဏာသိမ်းစစ်တပ်က နေရာယူတပ်စွဲ ထားပြီး တပ်ဖွဲ့ဝင်တချို့မှာ ဖလမ်း-ဟားခါးလမ်းဘက်သို့ ဆက်လက်၍ထိုးစစ်ဆင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.