Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့စစ်တပ်လက်ထဲပြန်ကျရောက်ပြီးနောက် လွတ်မြောက်ဒေသမြို့များ ဆက်လက်ထိုးစစ်ဆင်ခံရနိုင်ကြောင်း စစ်ရေးအကဲခတ်သူများပြော

ဖလမ်းမြို့စစ်တပ်လက်ထဲပြန်ကျရောက်ပြီးနောက် လွတ်မြောက်ဒေသမြို့များ ဆက်လက်ထိုးစစ်ဆင်ခံရနိုင်ကြောင်း စစ်ရေးအကဲခတ်သူများပြော

0
By Editor on April 28, 2026 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ ပြန်ကျသွား ပြီးနောက် ချင်းပြည်နယ်၊ လွတ်မြောက်ဒေသမြို့များကို ဆက်ပြီးထိုးစစ်ဆင်လာနိုင်သည့်အခြေအနေမှာရှိနေကြောင်း စစ်ရေးအကဲခတ်သူများကပြောသည်။

ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တပ်ဖွဲ့များက ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သိမ်းပိုက်ပြီး တစ်နှစ်ခန့်အကြာ ထိန်းချုပ် ထားနိုင်သည့် ဖလမ်းမြို့ကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကြောင်း အင်အားအများအပြား အသုံးပြု၍ ၆ လကြာ ထိုးစစ်ဆင်ပြီးနောက် ဧပြီလ ၂၅ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က ဖလမ်းကို ရသွားပြီးဆိုတော့ ကလေး – သိုင်ငင်း – ဖလမ်း- ဟားခါး ဒီလမ်းကြောင်းကြီး တစ်ခုလုံးကို ထိန်းသွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ပြီးရင် ဆူရ်းဘုန်လေဆိပ်ကို အသုံးပြုလို့ ရအောင် လုပ်ပြီးသားနဲ့ စစ်ဘက်ဆိုင်ရာ အင်အား၊ ခဲယမ်း၊ လက်နက်တွေ ဖြည့်တင်းလာမှာပေါ့နော်။ အခုလက်ရှိလည်း ဖလမ်းမှာ ရောက်နေတဲ့ တပ်တွေက အနားပေး မခံရဘူး။ ဆက်ပြီး ဖလမ်း – ဟားခါး လမ်းပိုင်းကို နယ်မြေ၊ စတင် ရှင်းနေတဲ့ အနေအထားမျိုး တွေ့ရတယ်။ အဓိက သူတို့ လုပ်မှာက ရိမြို့နဲ့ နယ်စပ်ဂိတ်တွေကို ဆက်ပြီး တိုက်ခိုက်မယ်။ ပြီးရင် ထန်တလန်မြို့မှာ ရှိတဲ့ စစ်ကြောင်းတွေနဲ့ သူတို့ ချိတ်ဆက်နိုင်အောင် ဦးစားပေးပြီး လုပ်လာမယ်။ နောက်ပိုင်းဆိုရင် ချင်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံး၊ ရိခေါ်ဒါရ်၊ တွန်းဇံ ၊ ဒီမြို့နယ်တွေကို ဆက်ပြီး တိုက်စစ် ဆင်လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ချင်းပူးပေါင်းတပ်သည် ဖလမ်းကို ကာလရှည်တစ်ခုအထိ ခုခံကာကွယ်နိုင်သော်လည်း လေကြောင်းအဆမတန် တိုက်ခိုက်မှုနှင့် သာလွန်အင်အား အဆက်မပြတ် ဖြည့်တင်းနိုင်မှုဖြင့် စစ်တပ်၏ ထိုးစစ်ကို ဆုတ်ခွာရသည်မှာ ခဲယမ်းလိုအပ်ချက် ကြောင့်လည်း ဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာ သုံးသပ်သူတချို့က ပြောသည်။

ချင်းပြည်မြောက်ပိုင်းက ကုန်သွယ်ရေးနှင့် စစ်ရေးအရ အရေးပါသည့် ရိခေါဒါရ်နှင့် ထန်တလန်တိုက်ပွဲများတွက် ချင်းပူးပေါင်း တပ်က ခဲယမ်းဖြည့်တင်းနိုင်မှုမရှိလျှင် ရေရှည်တောင့်ခံနိုင်မည့် အခြေအနေ မရှိဟု ၎င်းတို့က သုံးသပ်သည်။

စစ်တပ်သည် ဖလမ်းမြို့သိမ်းပြီးနောက် အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်လှစ်ခြင်းနှင့် ထိန်းချုပ်ခြင်း ပြုလုပ်နိုင်ရန် ချင်းပြည်မြောက်ပိုင်းစစ်ဆင်ရေးသည် အရေးကြီးနေသည်ဟု သိရသည်။

ဧပြီလ ၂၆ ရက်က စစ်အုပ်စု၏ ဖလမ်းမြို့သိမ်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေး တပ်ဖွဲ့များ လုံးဝကင်းစင် ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter – Terrorism Operation) ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဖလမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်တပ်မှ တပ်ဖွဲ့ဝင်တချို့၏ ပြောကြားချက်အရ ဖလမ်းမြို့သိမ်းပြီးပါက နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ထိန်းချုပ်ရေးနှင့် ချင်းပြည်တစ်ခုလုံးကို ပြန်သိမ်းနိုင်ရေးတို့ စီမံဆောင်ရွက်နေသည်ဟု ဆိုသည်။

“စစ်တပ်က ဘာတွေ ဆက်လုပ်လာနိုင်လဲဆိုရင် စစ်တပ်က သတင်းရင်းမြစ်တွေအရ သူတို့ရဲ့ ရည်ရွယ်ချက်က နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းကို ပြန်ထိန်းချုပ်မယ်။ ဆူရ်ဘုန်းလေယာဉ်ကွင်းကို ပြန်ထိန်းချုပ်မယ်။ အဲဒီကနေမှ ရိက္ခာတွေ၊ ပစ္စည်း တွေကို ချင်းပြည်နယ်ကို ပြန်ပို့မယ်။ ပြီးရင် ချင်းပြည်နယ် တစ်ခုလုံးကို ပြန်သိမ်းပိုက်မယ် ဆိုပြီးတော့ စီမံကိန်း ရှိတယ်ပေါ့။ ဒါပေမယ့် အဲဒီပရောဂျက်က ၂၀၂၆ တစ်နှစ်စာအတွက်တော့ မဟုတ်ဘူး။ ကြားသိရတဲ့ အတိုင်းဆိုရင် ၂၀၂၇ ၊ ၂၀၂၈ အထိလား ၊ အဲဒီ ပရောဂျက်ပလန်ဆွဲထားတယ်လို့ ကျနော်တို့ သိထားတယ်။ ဆိုတော့ ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ် ပါသွားတာက မြို့တစ်ခု၊ လေယာဉ်ကွင်းတစ်ခု ပါသွားတာမျိုးမဟုတ်ပဲ စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အသက်သွေးကြော ပြန်ရှင်သွားတယ်လို့ သုံးသပ်လို့ ရတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းမှ လွတ်မြောက်ဒေသမြို့များကို ကလေး- ဖလမ်းစစ်ဆင်ရေး၏ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နိုင်ပြီး ချင်းတောင်ပိုင်းမှ လွတ်မြောက်ဒေသမြို့များကို မကွေးဘက်မှ တပ်မများဖြင့် ထိုးစစ်ဆင်လာနိုင်သည်ဟု သိရသည်။

လက်ရှိမှာ မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ ချင်း၊ ရခိုင်- မကွေး ကူးသန်းရောင်းဝယ်ရေးလမ်းမပေါ်ရှိ အချက်အချာကျသော လမ်းဆုံကျေးရွာဖြစ်သည့် ကံကြီးကျေးရွာကို စစ်တပ်က ဧပြီလ ၂၅ ရက်မှ စတင်၍ တပ်ဖြန့်နေရာယူထားပြီး လမ်းကြောင်းကို စတင်ဖြတ်တောက်မှုပြုလုပ်လာသည်ဟု စစ်ရေးအကဲခတ်များက ပြောသည်။

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်းသိမ်းပိုက်ပြီးနောက် လက်ရှိမှာလည်း ဖလမ်းမြို့နယ်အတွင်း စစ်တပ်နှင့် ချင်းပူးပေါင်းတပ် တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု စစ်ရေးရင်းမြစ်တချို့ထံမှ သိရသည်။

ဖလမ်း- ဟားခါးလမ်းပိုင်းကို ဦးတည်၍ စစ်တပ်၏ ထိုးစစ်ဆင်လာမှုကြောင့် ဧပြီလ ၂၆ ရက်မှစတင်၍ လုံးပီး၊ လိုင်ဇို၊ ရိလ်သီး ရွာလမ်းပိုင်းတလျှောက်မှာ ချင်းပူးပေါင်းတပ်နှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

ကလေး- ဖလမ်း လမ်းမပေါ်ရှိ သိုင်းငင်း- ဇောင်ကောင်းအကြားမှာလည်း ထိတွေ့တိုက်ပွဲတချို့ ထပ်မံဖြစ်ပွားခဲ့ပြီး ဧပြီလ ၂၆ ရက်က ကလေး- ဖလမ်းလမ်းပိုင်းတစ်နေရာက တိုက်ပွဲတွင် CDF – Zotung မှ တပ်စိတ်မှူး ဆလိုင်းသိန်းကျော် ကျဆုံးသည်ဟု ၎င်းတပ်ဖွဲ့က ထုတ်ပြန်ထားသသည်။

ဖလမ်းမြို့ကို ချင်းလန်န်းကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ တပ်ဖွဲ့များနှင့် ချင်းညီနောင်တပ်ဖွဲ့တို့က ပူးပေါင်း၍ စစ်တပ် ထိုးစစ်ဆင်ကို ခုခံခဲ့ကြခြင်းဖြစ်သည်။

၆ လကျော်ကြာ ဖလမ်းတိုက်ပွဲများတွင် စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့သည် နှစ်ဖက်စလုံးတွင် ကျဆုံးမှု၊ ထိခိုက်မှု များပြား သည်ဟု သိရသည်။

မြို့နယ်ပေါင်း ၉ ခုဖြင့်ဖွဲ့စည်းထားသော ချင်းပြည်နယ်မှာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ တွန်းဇံ၊ ထန်တလန်နှင့် ပလက်ဝတို့ကို ချင်းပူးပေါင်းတပ်နှင့် ULA/AA တို့က ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ ဖလမ်းမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.