Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အမျိုးသမီးရဲဘော် ၂၈ ဦး ရှေ့တန်းမှ တိုက်ပွဲဝင်နေ

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အမျိုးသမီးရဲဘော် ၂၈ ဦး ရှေ့တန်းမှ တိုက်ပွဲဝင်နေ

0
By Editor on January 20, 2025 Headline

(004SS)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသော ချင်းပြည်နယ်၊ မြောက်ပိုင်း ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အမျိုးသမီး ရဲဘော် ၂၈ ဦးရှေ့တန်းမှ ပါဝင်တိုက်ပွဲဝင်နေကြောင်း CNO/CNDF Defense Secretary ကပြောသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီး အလိုက် အမျိုးသားရဲဘော်များနှင့်အတူ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည်ဟု CNDF Defense Secretary Mai Olivia Thawng Luai က ပြောသည်။

“အခုမြေပြင်မှာ ဖလမ်းမြို့တိုက်ပွဲမှာဆိုလို့ရှိရင် ‌ရှေ့တန်းမှာ မိန်းခလေး ၂၈ ယောက် တိုက်ပွဲဝင်နေတယ်။ တစ်ချို့က စနိုက်ပါသင်းမှာ၊ တစ်ချို့က ဒရုန်းသင်းမှာ ၊ တစ်ချို့က မေဒစ်သင်း ( Medic team)မှာ၊ တစ်ချို့ကကျတော့ walkie talkieနဲ့ လေကြောင်းက ဘယ်ကိုရောက်နေပါပြီဆိုပြီး တညလုံး communication department က မိန်းခလေးတွေမအိပ်နိုင်ဆုံးဆုပေးရမယ်။ အဲလို အမျိုးသမီးပါဝင်မှုကလဲ အရမ်းအရေးကြီးပါတယ်၊ ကျားမ တန်းတူညီမျှရေးပေါ့နော်” ဟု ယမန်နေ့က အွန်လိုင်းမှပြုလုပ်သော MDF အခြေခံစစ်‌သင် တန်း ရန်ပုံငွေရှာဖွေပွဲတွင် CNDF Defense Secretary က ပြောသည်။

CNDF တပ်ဖွဲ့အနေဖြင့် သေနတ်ကို ကောင်းမွန်စွာပစ်ခတ်နိုင်ပြီး သင်တန်းများမှ လက်ဖြောင့်ဆု ရထားသော အမျိုးသမီး ရဲဘော်များကို သေနတ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း စစ်ပညာသင်ယူရန်ရောက်ရှိလာသော အမျိုးသမီးရဲဘော်များအား ၎င်းတို့၏ ဆန္ဒအလျောက် ရှေ့တန်းတွင် တိုက်ပွဲဝင်ခွင့် ပြုပေးသင့်ကြောင်း သူမက ဆက်ပြောသည်။

ဖလမ်းမြို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့အတွင်းရှိ စစ်ကောင်စီတ်များတပ်ဆွဲနေရာယူထားသည့် ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်းနေရာများကို သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် ခလရ ၂၆၈ တပ်ကုန်းအား သိမ်းပိုက်ရန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ သည် တပ်ကုန်းနှင့် အနီးဆုံးနေရာတွင် နေရာယူတပ်ဆွဲကာ ထိုးစစ်ဆင်လျက်ရှိနေကြောင်း CNDF Defense Secretary ၏ ပြောကြားချက်အရ သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များတပ်ဆွဲမည်ဟု ယူဆသော နေရာများအား လေကြောင်းဖြင့် ကင်းထောက်ခြင်း၊ ပစ်ခတ်ခြင်းများနေ့စဉ်နှင့်အမျှပြုလုပ်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.