Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

0
By Editor on September 9, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ (၃) ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၄) ဘက်ရှိ ရှိမ်းကျေးရွာ၊ တိုက်နယ်အမှတ် (၂) ချပ်ကျေးရွာ၊ (၃၇) မိုင်ကြားတနေရာနှင့် ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း တိုက်နယ် (၃) တနေရာအား MIG-29 ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးအပြင် ဗုံးအသေး ၃ လုံးခန့် ကြဲချကာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက “ချပ်ရွာရဲ့ ရွာပြင်ဖက်မှာ ကျတာ၊ လူထိခိုက်မှုမရှိဘူး၊ ကားလမ်း တွပျက်စီးတယ်၊အခုက တိုက်ပွဲ မဖြစ်ဘူးဒီအတိုင်းရမ်းသမ်းပြီးကြဲတာနဲ့ အရင်က စစ်ဘေးရှာင်စခန်းတွေ အဓိက ကြဲခဲ့ပေမယ့်အခုနောက်ပိုင်း ကာကွယ်ရေးစခန်းတွေဖက်ကို ကြဲတာစိပ်လာတယ်” ဟု ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ (၆) ရက်က အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးအပြင် ပေါင် ၂၀၀ အားရှိသည့် ဗုံးသီး ရှစ်လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့်ကားလမ်းနှင့် အခြားပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကိုလည်း ထောက်ပို့လေယာဉ်မှတဆင့် လေထီးများဖြင့် လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပစ္စည်းများလည်း အဆက်မပြတ် ဖြည့်တင်းနေကြောင်း မင်းတပ်မြို့ခံက ပြောသည်။

မင်းတပ်မြို့ခံကတဦးက “ရိက္ခာက တရက်ခြား၊ ၃ ရက်ခြားနဲ့ တောက်လျှောက် လာချတယ်၊ တပ်က မင်းတပ်ကို ပြန်ခုခံဖို့ သဘောရှိတယ်၊ မြို့ထဲက ပြည်သူတွေကလည်း တော်တော်လေး စိတ်ပူနေကြတယ်” ဟုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဩဂုတ် ၂၇ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီမှ ချင်းပြည် နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ခုနစ်ခုတို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄၀) ဦးအထိ သေဆုံးခဲ့ရကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအပြစ်မဲ့ အရပ်သားများ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေခြင်း၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ် မှုများပြုလုပ်နေ သောကြောင့်စစ်ကောင်စီအား စစ်ရာဇဝတ်ကောင်၊ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကာ တရားမျှတမှု ရရှိတဲ့အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.