Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ ချင်း၊ ရခိုင်- မကွေး၏ လမ်းဆုံကျေးရွာတစ်ရွာကို စစ်တပ်က စတင်ထိန်းချုပ်လာ

မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ ချင်း၊ ရခိုင်- မကွေး၏ လမ်းဆုံကျေးရွာတစ်ရွာကို စစ်တပ်က စတင်ထိန်းချုပ်လာ

0
By Editor on April 28, 2026 Headline

(006SV)

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး ကူးသန်းရောင်းဝယ်ရေး လမ်းမပေါ်ရှိ အချက် အချာကျသော လမ်းဆုံနေရာမှ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က တပ်အင်အား စတင်ရွေ့ပြောင်းလာပြီးနောက် လမ်းကြောင်းများ ပိတ်လိုက်ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်မှစတင်၍ ကျောက်ထုမြို့၊ အမြောက်တပ် (အမတ) ၃၆၇ အပါအဝင် တခြားတပ်တချို့နှင့် ပေါင်းစပ်ထားသော အင်အား ၂၀၀ ကျော်သည် မင်းတပ်မြို့အနီးက မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို ဝင်ရောင်စီးနင်းပြီး တပ်များ ဖြန့်ကျက်နေရာယူသည်ဟု ဒေသခံများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

“စကစတပ်တွေက ကံကြီးရွာထဲမှာ တပ်ဖြန့်လာတာကတော့ ချင်း၊ ရခိုင် ကုန်သွယ်ရေးကို ထိန်းချုပ်ချင်လို့ပါ။ ပြီးတော့ ယောဒေသထဲက ဆော- ကျောက်ထုလမ်းပိုင်းကိုပါ ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် မြင်ပါတယ်။ စကစတပ် ရောက် လာမှုအတွက်ကြောင့် ဒေသခံရွာသားတွေအတွက် အန္တရာယ်များလို့ ရှောင်ရတဲ့အတွက် ဒုက္ခများပါတယ်၊၊ ဒေသခံတော် လှန်ရေးတပ်တွေ ထိန်းချုပ်တားတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ရေးတင်းမာမှုရှိပါတယ်၊” ဟု ယောဒေသခံတစ်ဦးက ပြောသည်။

ကံကြီးကျေးရွာသည် ပခုက္ကူ- ကျောက်ထု၊ ဆော၊ ပခုက္ကူ- ကျောက်ထု – မင်းတပ်ကို ဆက်သွယ်ထားသည့် လမ်းမကြီး ပေါ်တွင် တည်ရှိပြီး စစ်တပ်မှ တပ်စွဲနေရာယူမှုကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတချို့ပါ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၍ တိမ်းရှောက်မှု ပြုလုပ်နေရကြောင်း သိရသည်။

ဧပြီလ ၂၆ ရက်က ကံကြီးရွာကို ဝင်ရောက်လာသော စစ်တပ် နှင့် ဒေသခံတော်လှန်ရေတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ အနည်း ငယ်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

ကံကြီးကျေးရွာက လမ်းဆုံ၊ လမ်းခွများအပါအဝင် ကျောင်း၊ တံတားအနီးတို့တွင် ဖြန့်ကျက်နေရာယူထားသည့် စစ်တပ်သည် အထိုင်ချခြေကုတ်စခန်း တည်ဆောက်ရန်လည်း ကြိုးစားနေသည်ဟု ဒေသခံတချို့ထံမှ သိရသည်။

စစ်ကိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် ဧပြီလ ၂၅ ရက်က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ယင်းနေ့မှာပင် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးမှာ တပ်အင်အား ၂၀၀ ခန့်ကို စတင်ရွေ့ပြောင်းလာ ခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့ဒကစမှ အာဏာသိမ်းအအစစ်တပ်စစ်ကြောင်းများသည် ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်မည်ဖြစ်ပြီး ချင်းတောင်ပိုင်းကို ပေါက်၊ ကျောက်ထု၊ ပခုက္ကူတို့က တပ်မ ၁၀၁ စသည့် တပ်မများကို အခြေပြု၍ ထိုးစစ်ဆင်သွားရန် စီစဉ်ခြင်း ဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ် ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ကံကြီးရွာဆိုတာက မကွေးတိုင်း ယောဒေသနဲ့ ချင်းဒေသနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ့နော်။ အဲဒီဘက်ကို အင်အား ၂၀၀ လောက်တော့ ရွှေ့လာပြီး၊ သိပ်ပြီး ခြိမ်းခြောက်နိုင်တဲ့ အင်အားတော့ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့်လည်း လမ်းကြောင်းကိုတော့ စစ်တပ်ဘက် စတင်ပြီး‌ ဖြတ်တောက်မှု လုပ်လာတဲ့ အနေအထားလို့ပဲ ပြောလို့ ရပါသေးတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ကံကြီးကျေးရွာလမ်းပိုင်းကို စစ်တပ်က ဖြတ်တောက်မှုသည် ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ မင်းတပ်- ပလက်ဝ- ရခိုင်သို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုများကိုလည်း ထိခိုက်မှု ရှိနေသည်ဟု သိရသည်။

စစ်ရေးအခြေအနေအရ ဆော- ကျောက်ထုနှင့် ကံကြီး- မင်းတပ် ကားလမ်းပိုင်းနေရာများကို ဒေသခံပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် နှင့် စစ်တပ်က ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံအင်အားစုများက သတိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က မနက်နှင့်နေ့လည်ပိုင်းမှာ ၂ ကြိမ်လေကြောင်းတိုက်ခိုက်

တီးတိန် ဖူနွမ်းရွာ ဗုံးကြဲခံရမှု PDF-Zoland တပ်သား ၇ ဦးအပါအဝင် ၁၀ ဦးကျဆုံး

စစ်အုပ်ချုပ်ရေးလည်ပတ်ရန် Non-CDM ဝန်ထမ်းများကို ဖလမ်းမြို့သို့ စေလွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.