Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့ပေါ်က အသက်မပြည့်သေးသော ကျောင်းသူ (၂) ဦးကို မင်းတပ်-CDF က ဖမ်းဆီးဟုဆို

မင်းတပ်မြို့ပေါ်က အသက်မပြည့်သေးသော ကျောင်းသူ (၂) ဦးကို မင်းတပ်-CDF က ဖမ်းဆီးဟုဆို

0
By Editor on September 5, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်၊ စံပြဘဝသစ်ရပ်ကွက်တွင် နေထိုင်ကြသော အသက်မပြည့်သေးသည့် ရှစ်တန်းကျောင်းသူ မိန်းကလေး (၂) ဦးကို CDF-မင်းတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်ထိပြန်လွှတ်ပေးခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က မင်းတပ်မြို့ပေါ် အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေကြသော အဆိုပါ ကျောင်းသူ ၂ ဦးသည် ထမင်းစာအပြန်တွင် CDF-မင်းတပ် တပ်ရင်း ၃ က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မင်းတပ်မြို့ခံတစ်ဦးကပြောသည်။

”သောကြာနေ့က ကျောင်းသူတွေပျောက်တာ မင်းတပ် တပ်ရင်း (၃) က ဖမ်းထားတာ၊ နေ့လယ် ကျောင်းဆင်း ထမင်းစားဖို့သွားရင်းနဲ့ CDF တွေက ခေါ်သွားတာ၊သူတို့က အသက်လည်းမပြည့် သေးဘူး၊ မနေ့က CDF-တပ်ရင်း (၃) ကိုယ်တိုင်က ဖုန်းဆက်လာပြီး မင်းတပ်တပ်ရင်းကို သက်ရှိထင်ရှားရောက်ပါတယ် မိဘတွေစိုးရိမ်ပူပန်မှုလျော့သွားအောင် ဆက်သွယ်လာတယ်လို့ ပြောတယ်၊ သူတို့ခေါ်တာ သေချာတယ်၊ အခုထိတော့ ပြန်မလွတ်လာသေးဘူး၊ ဖုန်းပြန်ဆက် ဖို့က ဖုန်းလိုင်းပျောက်နေတာ” ဟု ယင်းအခြေအနေကိုသိရှိသူ မင်းတပ်မြို့ဒေသခံကပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကျောင်းသူ ၂ ဦးမှာ အသက် ၁၅ နှစ်အရွယ်ခန့်ရှိကြသော ရှစ်တန်းကျောင်းသူ မချယ်ရီမောင်နှင့် မေထန်းသီးအွယ်တို့ဖြစ်ကြသည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်က အသက်မပြည့်သေးသည့် လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်နေမှုများရှိနေသော ကြောင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန်နေကြသည်ဟု မင်းတပ်မြို့ဒေသခံ ကပြောသည်။

“သူတို့ အခုဖမ်းတာကလည်း စုဆောင်းဖို့လည်း ဖမ်းတယ်လို့ထင်တယ်၊ အရေးယူမှုအတွက်ဖမ်းတယ်လို့ မထင်ဘူး ထမင်းချက်ဖို့၊ ရေခတ်ဖို့၊ မြို့သိမ်းတိုက်ပွဲအတွက် စုဆောင်းထားဖို့ဖြစ်မယ်လို့ခန့်မှန်းတယ်။ အခု နှစ် ယောက်က သူတို့လုံခြုံသလားတော့မသိဘူး၊ အဝတ်အစားလည်းအပိုလည်း မပါသွားဘူး၊ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဆိုတော့ ဘယ်လိုလုပ်ကြသလဲဆိုတာလည်း ပြောလို့မရဘူး သူတို့မိဘတွေကလည်း ကျန်းမာရေး လည်းမကောင်းတဲ့အတွက်ကြောင့် ပြန်ရွေးပါ့မယ်လို့ပြောသံကြားတယ်” ဟု မင်းတပ်မြို့ခံကပြောသည်။

ထို့အပြင် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်မူထမ်းရန် လူစုဆောင်းခြင်း၊ အသက်မပြည့်သည့် လူငယ်များအား ညအချိန်နေအိမ်ထိ ဖမ်းဆီးမှုများလည်းရှိနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။

ယခုကိစ္စနှင့်ပတ်သက်၍ CDF-မင်းတပ် တာဝန်ရှိသူများကို ဖုန်းဖြင့်ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရ ဖြစ်နေသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ်(၅) အတွင်းရှိကျေးရွာများတွင်လည်း တရွာလျှင် (၅) ဦးနှုန်းဖြင့် လူငယ်၊လူလတ်ပိုင်းအား စစ်မူထမ်းရန် CDF-Kanpetlet က ခေါ်ယူစုဆောင်းနေမှုများရှိပြီး မကြားကျေးရွာက လူငယ် (၃) ဦး၊ တုံငယ်ကျေးရွာ လူငယ် (၂) ဦး၊ ခါပန်းကျေးရွာ လူငယ်(၆) ဦးတို့ကို စစ်မူထမ်းရန် အာရက္ခတပ်တော် (AA) သင်တန်းကျောင်းသို့ ခေါ်ဆောင်ခဲ့သည်ဟု ကန်ပက်လက်မြို့နယ် အမှတ် (၅) ပြည်သူလူထုက စက်တင်ဘာလ (၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.