Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား
ဓါတ်ပုံများ - မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အောက်တိုဘာလ ၈ ရက်က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု (CDF - မင်းတပ်)

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

0
By Editor on October 9, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည အောက်တိုဘာလ ၈ ရက် ည ၇ နာရီခန့်မှာ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

“မနေ့ညက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၉ တန်း၊ ၁၀ တန်းအရွယ် ကျောင်းသား ၃ ဦး သေဆုံးသွားတယ်။ မသန်းစွမ်းအမျိုးသမီးတစ်ဦးလည်း သေဆုံးသွားတယ်။ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိကြတယ်။ ထင်ချောင်းရွာ RC ဘုရားကျောင်းဝန်း ဘော်ဒါဆောင်ကို ကြဲချတာမှာ ထိခိုက်သေဆုံးကြတာပါ” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဝမ္မသူးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပျက်စီးသော်လည်း ဒေသခံပြည်သူများ ထိခိုက်မှု မရှိကြောင်း၊ ထင်ချောင်းရွာရှိ RC ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်ကို ဗုံးကြဲရာမှာ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ပျက်စီးမှု များပြားခြင်း ဖြစ်ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက် နံနက် ၁ နာရီခန့်ကလည်း မင်းတပ်မြို့၏ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း CDF – မင်းတပ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မင်းတပ်မြို့နယ်ကို CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေချိန်တွင် စစ်ကော်မရှင်တပ်သည် မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၁ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP က ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.