Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးအပေါ် တိုင်တန်းချက်ကို တီမော၊ အစိုးရရှေ့နေရုံးက လက်ခံအမှုဖွင့်ပြီ

မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးအပေါ် တိုင်တန်းချက်ကို တီမော၊ အစိုးရရှေ့နေရုံးက လက်ခံအမှုဖွင့်ပြီ

0
By Editor on February 3, 2026 Headline

အာဆီယံအဖွဲ့ဝင် တီမောက မြန်မာလူထု၏ နစ်နာမှုများကို တရားမျှတရေး လက်ခံမှုအတွက် ဂုဏ်ယူကြောင်း CHRO ပြော

(006SV)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိ ၁၀ ဦး၏ ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တီမောလက်စတေးနိုင်ငံမှာ တရားစွဲမှုကို ဖေဖော်ဝါရီလ ၂ ရက်မှာ တီမောတရားရုံံးက လက်ခံအမှုဖွင့်လိုက်ပြီဟု သိရသည်။

ယင်းသည် အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်က အခြားအဖွဲ့ဝင်နိုင်ငံတစ်ခု၏ အရေးနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် အမှုလက်ခံ ဖွင့်လှစ်၍ တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် Myanmar Accountability Project တို့၏ ယမန်နေ့က ပူးတွဲကြေညာသည်။

“တီမောလစ်စတေး အစိုးရက ကျနော်တို့ရဲ့ တိုင်တန်းချက်ကို လက်ခံတာက ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့က စတင် လက်ခံတာ ဖြစ်တယ်။ တရားရေးဌာနက ရှေ့နေတစ်ယောက်ကို တာဝန်ပေးပြီးတော့မှ ကျနော်တို့ရဲ့ တိုင်တန်းချက်နဲ့ ပတ်သက်ပြီး သူကို စုံစမ်းဖို့ တာဝန်ပေးလိုက်ပြီပေါ့နော်။ ဒီဟာက တီမောလစ်စတေး နိုင်ငံရဲ့ တရားဥပဒေလမ်း ကြောင်းက ဘယ်လိုဆက်ဖြစ် မလဲဆိုတာ ပြောဖို့ ခက်သေးတယ်။ အတတ်နိုင်ဆုံး တီမောလက်စတေးနိုင်ငံကလည်း သူတို့ရဲ့ တရားစီရင်ရေးအတိုင်း ၊ နောက်သူက အာဆီယံအဖွဲ့ဝင် နိုင်ငံလည်း ဖြစ်တယ်ပေါ့လေ။ ဒီလိုဖြစ်တော့ ကျနော်တို့က တရားမျှတမှုအတွက် တီမောနိုင်ငံ ကနေ သူတို့ရဲ့ တရားရေးလမ်းကြောင်းအရ အကောင်းဆုံး လုပ်ပေး လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ချင်းပြည်နယ်တွင် ဂျာနယ်လစ် ၁ ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦးကို အစုအပြုံလိုက် သတ်ဖြတ်မှု (၎င်းတို့ အနက် ၈ ဦးကို လည်လှီးသတ်ဖြတ်သည်) ၊ တီးတိန်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော် ၁ ပါးနှင့် သင်းထောက်ဆရာတော် ၃ ပါးကို သတ်ဖြတ်မှု၊ အရပ်ဘက်စစ်ဘက် ခွဲမှု မရှိဘဲ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု၊ ဘုရားကျောင်းများကို စနစ်တကျ တိုက်ခိုက်မှု ကျူးလွန်ခြင်းတို့ကြောင့် တရားစွဲ အရေးယူနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်က တီမောနိုင်ငံ၊ ဒီလီမြို့ရှိ ပြည်သူ့အစိုးရ ရှေ့နေရုံးသို့ မင်းအောင်လှိုင်အပါအဝင် ထိပ်တန်း စစ်အရာရှိ ၁၀ ဦးကို ချင်းပြည်နယ်မှာ ကျူးလွန်သော စစ်ရာဇဝတ်မှု အမှု ၅ ခုဖြင့် အရေးယူနိုင်ရေး တရားစွဲနိုင်ရန် လျှောက် ထားပြီးနောက် နှစ်ပတ်ခန့်အကြာမှာ အမှုကို လက်ခံခြင်းဖြစ်သည်။

“ကျနော်တို့ကတော့ တီမောတရားရေးဌာနကနေ သူတို့ လိုအပ်တာ ရှိရင်တော့ အမြဲတမ်းကူညီပံ့ပို့ပေးသွားမယ်။ တခါတလေ ကျနော်တို့ရဲ့ သက်သေတွေ ထွက်ဆိုတဲ့ ဟာမျိုး၊ ကျနော်တို့ကို ဆင့်ခေါ်ပြီးတော့ လိုအပ်တဲ့ သက်သေတွေကို ဖြည့်ခိုင်းတာလည်း ရှိနိုင်တာပေါ့လေ။ ဒီဟာကတော့ ဘယ်လိုဖြစ်လာမလဲဆိုတော့ သူတို့ရဲ့ အမှုစုံစမ်းရေးအပေါ်မှာ မူတည်တယ်ပေါ့နော်။ ကျနော်တို့ ကတော့ သူတို့ရဲ့ လိုအပ်တာကို ဖြည့်ဆည်း ပံ့ပိုးပေးဖို့၊ လိုအပ်တဲ့ သက်သေတွေကိုလည်း ဖြည့်စွက်ပေးဖို့ကတော့ အဆင်သင့်ပါပဲ” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။

ချင်းမှာ ကျူးလွန်သော အမှု ၅ မှုဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ လေတပ် စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အထူးစစ်ဆင်ရေး (စကထ) မှ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျာကျော်၊ နမခတိုင်းမှူး၊ မတူပီ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်၊ ခလရ ၁၄၀ တပ်ရင်းမှူး၊ ခလရ ၃၀၄ တပ်ရင်းမှူး၊ မတူပီဗျူဟာမှူး ဗိုလ်မှူး ကျော်ကြည်ဟန် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၀ ဦးတို့ကို တရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအမှုများကို ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၊ လန်ဒန်အခြေစိုက် Myanmar Accountability Project နှင့် တီမော အခြေစိုက် Da Silva Teixeira & Associados Lda ဥပဒေရေးရာအဖွဲ့ တို့ ပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

“တီမောနိုင်ငံကနေ ကျနော်တို့ မြန်မာမှာ ဒီလို စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကြုံနေရတဲ့အခါမှာ ကျနော်တို့ဟာ ပြည်တွင်းမှာ တရားမျှတမှုကို ရှာဖွေလို့ မရဘူးပေါ့လေ။ ဒီတရားမျှတမှု ရှာဖွေတဲ့ နေရာမှာ တီမောလစ်‌စတေးနိုင်ငံ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံက လက်ခံပေးပြီး ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အသံ၊ ကျနော်တို့ နစ်နာဆုံးရှုံးရသူတွေရဲ့ အသံကို နားထောင်ပေးပြီး၊ တရားမျှတရေး အတွက် ဒီလိုလက်ခံပေးတဲ့အတွက် အရမ်းကို ဂုဏ်ယူတယ်။ တီမောလစ်စတေးနိုင်ငံ၊ တရားရေးဌာနရဲ့ ကျနော်တို့ရဲ့ ဖြစ်စဉ်အပေါ် နားလည်ပေးမှုကို အရမ်းလည်း ဂုဏ်ယူတယ်။ နောက် အာဆီယံနိုင်ငံတွေကနေလည်း တီမောလက် စတေး နိုင်ငံလိုပဲ တရားရေးကို အသုံးပြုပြီး မြန်မာလူထု ကြုံတွေ့နေရတဲ့ ဒီလိုစစ်ရာဇဝတ်မှုတွေ၊ သတ်ဖြတ်ခံရမှု တွေအတွက် ၊ နစ်နာဆုံးရှုံးမှုတွေကို အတတ်နိုင်ဆုံး ပံ့ပို့ကူညီပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တောင်းလည်း တောင်းဆိုချင်ပါတယ်” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။

တီးမောလစ်စတေးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကျင်းသုံးသည့်အတွက် မြန်မာနိုင်ငံက ရာဇဝတ်မှု များကို တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိလာစေရန် ဆောင်ရွက်ခွင့်ရှိသည်ဟု သိရသည်။

ကျူးလွန်သူများကို တရားစွဲအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ထံကနေလည်း စိစစ်အတည်ပြုထားသော သက်သေ အထောက် အထားများကိုလည်း တီမောအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုတွင် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းပြည်နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲ ဆိုတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို တီမောလက်စတေးနိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးကူညီ သည်ဟုဆိုကာ စစ်ကော်မရှင်က ဇန်နဝါရီလ ၁၈ ရက်မှာ အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.