Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းအောင်လှိုင်အပါအဝင် တပ်ထိပ်ပိုင်းအရာရှိ ၁၀ ဦးကို တရားစွဲဆိုမှုလက်ခံသည့် တီမောကို စစ်ကော်မရှင် အပြင်းအထန်ကန့်ကွက်
ပုံစာ- CHRO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တီမောသမ္မတတို့ တွေ့ဆုံပုံ။

မင်းအောင်လှိုင်အပါအဝင် တပ်ထိပ်ပိုင်းအရာရှိ ၁၀ ဦးကို တရားစွဲဆိုမှုလက်ခံသည့် တီမောကို စစ်ကော်မရှင် အပြင်းအထန်ကန့်ကွက်

0
By Editor on January 19, 2026 Headline

(006SV)

ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲဆိုတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို တီမောလက်စ်တေ နိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးကူညီသည်ဟုဆိုကာ စစ်ကော်မရှင်က အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန် သည်။

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိဉာဉ်နှင့် ဆန့်ကျင်သည့် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း အာဏာသိမ်း စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ မတရားကျူးလွန်မှုများကို ဖော်ထုတ်နေသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တီမောလက်စ်တေအစိုးရတို့ တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများက ပြဌာန်းထားသော အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က စွပ်စွဲပြစ်တင်ထားသည်။

အာဏာသိမ်းစစ်အုပ်စုကို တီမောလက်စ်တေ၏ ပြည်သူ့အစိုးရ ရှေ့နေရုံးတွင် တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO)ကို တီမောသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာ့ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က ပြင်းပြင်းထန်ထန် တုန့်ပြန်ထားသည်။

တီမောနိုင်ငံရဲ့ အဆိုပါ ထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များအပေါ် ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်သည်ဟု စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တီမောသမ္မတ မစ္စတာ ဟိုဆေးရာမို့စ်ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)အဖွဲ့အပါအဝင် တရားစွဲ ပူးပေါင်းအဖွဲ့ကို ဇန်နဝါရီလ ၁၄ ရက်က လက်ခံတွေ့ဆုံ၍ ဒေသတွင်း တရားမျှတမှု နှင့် တာဝန်ခံမှု ရှိရေး ဆွေးနွေးခဲ့သည်ဟု တီမောသမ္မတရုံး၏ နိုင်ငံပိုင်ဝက်ဆိုဒ်တွင် တရားဝင်ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ လေကြောင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စကထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျာကျော်၊ မတူပီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်နှင့် ဗျူဟာမှူး ဗိုလ်မှူး ကျော်ကြည်ဟန်၊ နမခတိုင်းမှူး၊ ခလရ ၁၄၀ မှ တပ်ရင်းမှူး၊ ခလရ ၃၀၄ မှ တပ်ရင်းမှူး အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲအရေးယူနိုင်ရေး ကြိုးပမ်းမည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ဂျာနယ်လစ် တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦးကို အစုအပြုံလိုက် သတ်ဖြတ်မှု (၎င်းတို့အနက် ၈ ဦးကို လည်လှီးသတ်ဖြတ်သည်) ၊ တီးတိန်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော် တစ်ပါးနှင့် သင်းထောက်ဆရာတော် သုံးပါးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ မင်းတပ်ဝမ္မသူးဆေးရုံကို အရပ်ဘက်စစ်ဘက် ခွဲမှု မရှိဘဲ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု၊ ချင်းမှာ ဘုရားကျောင်းများကို စနစ်တကျ တိုက်ခိုက်မှု ကျူးလွန်ခြင်းတို့ကြောင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု အမှု ၅ မှုတို့ဖြင့် တရားစွဲဆိုမည်ဟု သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၊ လန်ဒန်အခြေစိုက် Myanmar Accountability Project နှင့် တီမောအခြေစိုက် Da Silva Teixeira & Associados Lda ဥပဒေရေးရာအဖွဲ့ တို့ ပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.