Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့” ဆိုတဲ့ သတင်းအမှား

“မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့” ဆိုတဲ့ သတင်းအမှား

0
By Editor on July 27, 2022 Khonumthung

FiftyTwoNews စစ်ကောင်စီဝါဒဖြန့် Facebook Account ကနေ“မနေ့က (ဇူလိုင် ၂၅) နေ့ လယ် ၂ နာရီခန့်တွင် ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့ကြောင်း သိရှိရသည်။” လို့ရေးသာဖော်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးမှ “အဲ့ဒါ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်တာ.. တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က (၅) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရတာ..ကျနော်တို့ CDF-Matupi ဘက်ကတော့ အထိခိုက်မရှိပြန်ဆုတ်ခွာနိုင်တာ သူတို့ဘက်ကတော့ ဘာလက်နက်မှ သိမ်းဆည်းရမိတယ်ဆိုတာမရှိဘူး…အဲ့ဒါသတင်းအမှားပါ” လို့ပြောကြားခဲ့ပါတယ်။

တပင်ရွှေထီး အကောင့်မှလည်း“ ချင်းပြည်နယ် မတူပီမြို့နယ် လေမျိုချောင်း တံတားနားမှာ စစ်ကောင်စီနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂) မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး PDF များဘက်မှ PDF အလောင်း (၁) လောင်းနှင့် သေနတ် (၁) လက်တို့အား စစ်ကောင်စီတပ်သားများမှ သိမ်းဆည်းမိသွားကြောင်းသိရပါတယ်။” လို့ရေးသားဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Chinland Defense Force – Matupi မှ “၂၀၂၂ခုနှစ်၊ ဇူလိုင် ၂၅ ရက်၊ ၁၁ နာရီခန့်တွင် CDF-Matupi တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအကြား လေမျိုချောင်းတံတား အနီးတစ်ဝိုက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၅) ဉီးကျဆုံးပြီး ( ၄) ဦးခန့် ဒဏ်ရာရရှိကြောင်း။ ၄င်းထိတွေ့ပစ်ခတ်မှုဖြစ်စဉ်မှ CDF-Matupi တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန် လည်ဆုတ်ခွါနိုင်ကြောင်း နှင့် CDF-Matupi လှုပ်ရှားရာဒေသအတွင်း ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Chinland Defense Force – Matupi Link>>> https://bit.ly/3oxMYLV

CDF-မတူပီ ရဲ့ ပြန်ကြားရေးတာဝန်ခံဆလိုင်းချင်းက “အဲဒီစစ် (…) တွေက ၂ ယောက်လောက်ပဲ ကျန်တော့တာဗျ။ ကျနော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အသံကြားတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး တပ်ကူလိုက်လာလို့ လက်နက်ခဲယမ်းတွေကိုတော့ မသိမ်းနိုင်ခဲ့ဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။” လို့ DVB သတင်းဌာနရဲ့ မေးမြန်းချက်မှာဖြေဆိုထားပါတယ်။

DVB Link>>https://bit.ly/3vevzvq

စာဖတ်ပြည်သူများအနေနဲ့ မှန်တဲ့သတင်းဌာနမှာဖော်ပြထားတဲ့ သတင်းတွေကိုသာဖတ်ရှဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.