Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ် ထယ်ဘွေးစစ်ကောင်စီစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

မတူပီမြို့နယ် ထယ်ဘွေးစစ်ကောင်စီစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

0
By Editor on December 19, 2023 Khonumthung

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက် (၁၁) နာရီတွင် CDF-မတူပီနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သိမ်းပိုက်နိုင်ပါပြီ၊ အလံလွင့်ထူနိုင်ပါပြီ။ အထိအခိုက်အကျဆုံးက အတည်ပြုလို့မရနိုင် သေးဘူး။ အချိန်ယူတာက ၁၂ ရက်နေ့ကစပြီးတော့ စစ်ဆင်ရေးလှုပ်ရှားမူလုပ်တယ်။ တကယ့် ပစ်ခတ်တာက မနေ့ကပဲစပြီးတော့ လက်တွေ့လုပ်နိုင်တယ်” ဟု CDF-မတူပီ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

မတူပီ-ပလက်၀ ကားလမ်းမပေါ်တွင်တည်ရှိသော ထယ်ဘွေးကျေးရွာက စစ်ကောင်စီတပ်စခန်းကို CDF-Matupi မှ ဦးဆောင်ကာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် CNO/CNDF, CDF-Lautu, CDF-Mindat တို့က စခန်းသိမ်းတိုက်ပွဲ ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ထယ်ဘွေးစခန်းတွင် စစ်ကောင်စီတပ်အင်အား ၄၀ နီးပါးသာရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးမှုအခြေအနေ မသိရသေးကြောင်း၊ ထွက်ပြေးသွားသူများလည်းရှိသည်ဟု သိရသည်။

ယမန်နေ့ကတော့ ထယ်ဘွေးစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗန်ကိုင်းကျေးရွာက အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.