Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

0
By Editor on December 2, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့မရဲစခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကလေး ၂ ဦးနှင့်အတူ တမိသားစုလုံး အလင်းဝင်လာခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- မတူပီက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၃၀ ရက်က မတူပီမြို့ပေါ် မြို့မရဲစခန်းမှ တပ်ကြပ် ဦးရန်ရှင်းအောင် (ကိုယ်ပိုင်အမှတ် လ/လ၂၅၀၂၈၆ ) သည် G -3 (၁) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ ၁၀၄ တောင့်တို့ကို ယူဆောင်လာခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့  CDF – မတူပီထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သော ဦးရန်ရှင်းအောင်တို့ မိသားစုကို CDF – မတူပီက ကျပ်သိန်း (၅၀) ကို ချီးမြှင့်ခဲ့သည်။

မတူပီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲသားများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပေးရန် နောက်ဆုံးအကြိမ်အဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက ဒီဇင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၂၆ ရက်ကလည်း မတူပီမြို့ရဲစခန်းမှ ရဲတပ်သား မိုးကန့်သည် ၎င်း၏ လေးလသားအရွယ် ကလေးငယ် နှင့်အတူ လက်နက်အပြည့်အစုံဖြင့် တစ်မိသားစုံးလုံး အလင်းဝင်ရောက်လာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.